ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး မြေအစားပြန်မယူလိုသူများကို လယ်ယာမြေလျော်ကြေးအဖြစ် တစ်ဧက ကျပ်သိန်း ၁၀ဝ ပေးမည်

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး မြေအစားပြန်မယူလိုသူများကို လယ်ယာမြေလျော်ကြေးအဖြစ် တစ်ဧက ကျပ်သိန်း ၁၀ဝ ပေးမည် - Property News in Myanmar from iMyanmarHouse.com
21 Mar 2018 11:28 am တွင် တင်ခဲ့သည်
5423 ကြိမ် ကြည့်ရှု့ပြီး
တွံတေး၊ ကြည့်မြင်တိုင်နှင့် ဆိပ်ကြီးခနောင် တိုတို့တွင် ဖော်ဆောင်မည့် ရန်ကုန်မြို့ သစ်စီမံကိန်းနှင့်ပတ်သက် ၍ လယ်ယာမြေလျော်ကြေးအဖြစ် မြေအစားပြန်မလိုချင်သူများကို တစ် ဧကလျှင် ကျပ် သိန်း ၁၀ဝ တိုင်း ဒေသကြီးအစိုးရမှပေးလျော်မည်ဖြစ် ကြောင်းသိရသည်။

စီမံကိန်းဧရိယာတွင်ပါဝင် သော လယ်မြေပိုင်ရှင်များအနေနှင့် အဆိုပါလျော်ကြေးယူ၊ မယူကို လာ မည့်ဧပြီလ ၅ ရက် နောက်ဆုံး ထားကာ သက်ဆိုင်ရာအုပ်ချုပ်ရေး ဌာနများသို့ အကြောင်းကြားရန် ညွှန်ကြားစာကပ်ထားပြီးဖြစ်ကြောင်း တွံတေးမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသ ခံလယ်သမားများထံမှ သိရသည်။

""လာမယ့် ဧပြီ ၅ ရက်နေ့မှာ နောက်ဆုံးအကြောင်းပြန်ဖို့ Last date ပေးထားတယ် ။ စာရင်းပြန် ပေးကြဖို့၊ မြေယာလျော်ကြေး ကျပ် သိန်း ၁၀ဝကိုယူမယ့် လယ်သမားရှိ လားဆိုတော့ လက်ရှိမှာတော့ မရှိ သလောက်ပဲ။ ဘာလို့လဲဆိုတော့ ကျပ်သိန်း ၁၀ဝက နည်းတာကိုး။ လက်ရှိမှာ တစ်ဧကကို ကျပ်သိန်း ၂၀ဝ လောက် ပေါက်နေတာကိုး""ဟု တွံတေးမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာကျော်ဇင်ဦးက ပြောသည်။

စီမံကိန်းဧရိယာအတွင်းပါ သည့် လယ်ယာပိုင်ရှင်များကို ယ ခင်လယ်မြေ တစ်ဧကလျှင် မြို့ မြေအဖြစ်သတ်မှတ်ထားသည့် မြေ ရာခိုင်နှုန်း ၂၀ ပြန်လည်ပေးလျော် မည်ဖြစ်သည်။

""စီမံကိန်းစတော့မှာဖြစ်တဲ့ အတွက် သတ်မှတ်ရက်အတွင်းမှာ အကြောင်းပြန်ဖို့ ကျေးရွာထဲမှာ ကြေညာချက်တွေ လိုက်ကပ်ထား တယ်။ ဒါပေမဲ့ ကျွန်တော်တို့က တော့ မြေပဲပြန်ယူမှာ။ ဘာလို့လဲ ဆိုတော့ မြေက နောက်ဆို ဈေးတက် ဖို့ပဲရှိတယ်လေ""ဟု ကြည့်မြင်တိုင် မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦး ခင်မောင်က ပြောသည်။

လယ်ယာမြေ လျော်ကြေးယူ၊ မယူ ကပ်ထားသည့်စာတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေ ယာလျော်ကြေးပေးအပ်မှုနှင့်ပတ် သက်၍ လယ်မြေတစ်ဧကလျှင် အခြားနည်းအသုံးပြုခွင့်ရရှိပြီးမြေ ၂၀ ရာခိုင်နှုန်းကို မြေယာလျော် ကြေးအဖြစ် သတ်မှတ်အတည်ပြုခဲ့ ပါသည်။ အခြားနည်း အသုံးပြုခွင့် ရရှိပြီး မြေ ၂၀ ရာခိုင်နှုန်းပေး လျော်မှုအား လက်ခံမှုမရှိသူကို တစ်ဧကလျှင် ကျပ်သိန်း ၁၀ဝ နှုန်း ဖြင့် ပေးလျော်မည်ဖြစ်
ပါသည်။

အထက်ပါလျော်ကြေးပေးမှုနှင့်ပတ် သက်၍ ပိုင်ဆိုင်သူမှ သဘောတူ လက်ခံပါက ရန်ကုန်မြို့သစ်စီမံကိန်း အတွက် ဖွဲ့စည်းတာဝန်ပေးအပ် ထားသော သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာမြေနေရာချထားရေးအ ဖွဲ့ထံ မတ် ၆ ရက်မှစ၍ ဧပြီ ၅ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း လာရောက်သဘောတူညီမှု လက် မှတ်ရေးထိုးရမည်ဖြစ်ကာ သတ်မှတ် နေ့ရက်ထက်ကျော်လွန်ပါက မြေ သိမ်းဆည်းခြင်းကိစ္စအဝ၀ကို ဆက် သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service