ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတသော တန်ဖိုးနည်းအိမ်ရာပြသနာ

ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတသော တန်ဖိုးနည်းအိမ်ရာပြသနာ - Property News in Myanmar from iMyanmarHouse.com
20 Mar 2018 10:02 am တွင် တင်ခဲ့သည်
5482 ကြိမ် ကြည့်ရှု့ပြီး
အစိုးရက တန်ဖိုးနည်းအိမ်ရာများရောင်းချမည်ဟုဆိုသော ထုတ်ပြန်ချက်ထွက်ပေါ်လာတိုင်း ဈေးသက်သာမည် လားဆိုသည့် မျှော်လင့်ချက်ဖြင့် အများစုက စိတ်ဝင်တစားမေးကြမြန်းကြဖြင့် အိမ်ပိုင်မျှော်လင့်ချက်အတွက် ရတက်မအေးရဆဲဖြစ်သည်။

တန်ဖိုးနည်းဆိုတဲ့နေရာမှာ လက်ရှိစံနှုန်းများအရ အိမ်ခန်း တန်ဖိုး သိန်း ၁၀၀ ဝန်းကျင်ရှိတဲ့ အိမ်ခန်းများဖြစ်တာကြောင့်စုဆောင်းထားသည့်ငွေနှင့် အိမ်တန်ဖိုးမှာ မျှော်လင့်၍ မရခဲ့သော အခြေအနေများပင်ဖြစ်သည်။

ထို့ ကြောင့် မျှော်လင့်ချက်များကိုဖြည့်ဆည်းပေးရန် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ ဖြိုးရေးဘဏ်က လက်ရှိတွင် အရစ်ကျဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးနေသော်လည်း စီမံခန့် ခွဲမှုအပိုင်းတွင် အားနည်းချက်များစွာရှိနေသေးသည်။
အဓိကအားဖြင့် ရောင်းချမည့် အခန်းပမာဏထက် ဝယ်ယူရန်စောင့်ဆိုင်းနေသည့် လူအရေအတွက်ကအလွန်များပြားနေခြင်းဖြစ်သည်။

တန်ဖိုးနည်း အိမ်ရာအများစုမှာ သိန်း ၁၀၀ အထက် သိန်း ၂၀၊ ၃၀ ခန့် စွန်းနေတာ တွေ့ရပါတယ်။ ထုံးစံ အတိုင်း အပေါ်ဆုံးငါးလွှာဟာ ဈေးအသက်သာဆုံးဖြစ်ပြီး သိန်း ၉၀ နဲ့ ဝယ်လို့ရတဲ့ နေရာတွေပါ ဝင်ပါတယ်။ ဝယ်ယူခွင့်ရသူများ အတွက် လစဉ်အနည်းဆုံး အိမ် ထောင်စုဝင်ငွေ သတ်မှတ်ချက်မှာ ကျပ်သုံးသိန်းဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ ဒီသတ်မှတ်ချက် အရ ဝင်ငွေနည်းသူတို့နဲ့ အလှမ်း ဝေးနေသေးတယ်လို့ ဆိုရမှာပါ ပဲ။ စီးပွားရေးမြို့တော် ရန်ကုန်မှာ ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့ဟာ လစဉ်ဝင်ငွေ သုံးသိန်းအောက်မှာ ရှိတယ်လို့ HABITAT စာတမ်းများ အရ သိရပြီး အနည်းဆုံးလုပ်ခ ၃,၆၀၀ နဲ့ဆိုရင် ဝင်ငွေနည်းပြည် သူတို့ရဲ့ လစဉ်ဝင်ငွေဟာ တစ် သိန်းခန့်သာရှိတာကို တွေ့ရပါ တယ်။ ဒါပေမဲ့ နှစ်ဦး၊ သုံးဦး အ လုပ်လုပ်ကြတဲ့ မိသားစုမှာတော့ အိမ်ထောင်စုဝင်ငွေဟာ သုံးသိန်း ရှိနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ အိမ်ခန်းဝယ်ကြတဲ့သူတွေမှာ အဲဒီ လို အိမ်ထောင်စုတွေ အများဆုံး ပါဝင်ကြောင်း သိရှိရပါတယ်။

အမှန်အားဖြင့် တန်ဖိုးနည်း အိမ်ရာဆိုတာ အိမ်ထောင်စုဝင် ငွေနည်းသူတွေ လက်လှမ်းမီနိုင်ပါ မှ အဓိပ္ပာယ်အပြည့်အဝမှန်ကန်မှု ရှိမှာပါ။ ယခုအခါ အဲဒီလို ဝင်ငွေ နည်းသူတွေ လက်လှမ်းမီစေမယ့် နည်းလမ်းများ ဖြည့်ဆည်းပေးရန် သတ်မှတ်ချက်များကို လျှော့ချဖို့ CHDB ဘဏ်က ကြိုးပမ်းနေသော်လည်း အရာမရောက်သေးပေ။

တန်ဖိုးနည်းဟုဆိုရာတွင် အိမ်ခန်းရောင်းချမှု၊ အိမ်ခန်း ထုတ်လုပ်မှု၊ အိမ်ခန်းလက်ကျန်နဲ့ လက်ရှိတန်ဖိုးနည်းအိမ်ရာ ဝယ်လိုအခြေအနေများ အပေါ်မူတည်နေပါတယ်။

ထို့ ကြောင့်တန်ဖိုးနည်းအိမ်ရာများဝယ်ယူရန် ဘဏ်တွင် ငွေကို ကြိုတင်စုဆောင်းပြီးမှသာ အလှည့်ကျစနစ်ဖြင့်ရောင်းချနေသောကြောင့် မိမိအလှည့်သို့ ရောက်ပါက အခန်းကုန်သွားခြင်း စောင့်ဆိုင်းရခြင်းများဖြင့် အများစုမှာ ကြုံတွေ့ နေရပြီဖြစ်သည်။

လက်ရှိ CHDB ဘဏ်မှာ တန်ဖိုးနည်းအိမ်ရာဝယ် ယူဖို့ နယ်မှ ဘဏ်ခွဲတွေအပါအ ဝင် စုဆောင်းငွေစာရင်းဖွင့်ထားသူ အရေအတွက်ဟာ ၁၈,၀၀၀ (တစ် သောင်းရှစ်ထောင်ကျော်)ရှိတယ် လို့ သိရပါတယ်။ အဲဒီအထဲမှာ ၂၀၁၇ ဇွန်လအကုန်အထိ ပထမ အရစ်တန်ဖိုးငွေ ၃၀ ရာခိုင်နှုန်းပေး သွင်းပြီးသူဟာ စုစုပေါင်း ၃,၀၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

အိမ်ခန်းရောင်းချမှုကို လေ့ လာကြည့်တဲ့အခါ ၂၀၁၇ စက် တင်ဘာ ၂ ရက်နှင့် စက်တင်ဘာ ၄ ရက် နှစ်ရက်မှာ စုစုပေါင်းအိမ် ခန်း ၅၀၀ ခန့်နီးပါး ရောင်းချပေး နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ၂၀၁၇ ဇွန်လကုန်အထိ ဘဏ်မှာ ကျပ်သိန်း ၃၀ စုဆောင်းပြီးသား အရေအတွက်ထဲမှ အနည်းဆုံး ၂,၀၀၀ ကျော်က ဆက်လက်ဝယ် ယူခွင့် စောင့်ဆိုင်းနေကြမှာ ဖြစ်ပါတယ်။ အဲဒီလူတွေအတွက် အိမ် ခန်းလက်ကျန် ၅၆၅ ခန်းကို မကြာ မီ ဆက်လက်ရောင်းချပေးနိုင်မယ် လို့ သိရှိရပါတယ်။ အဲဒီအခါ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ မှာ သိန်း ၃၀ ပြည့်လာမယ့် ငွေစု ဆောင်းသူတွေ တိုးလာဦးမှာမို့ ဝယ်ခွင့်ရတဲ့ အရေအတွက်ဟာ ၃,၀၀၀ ခန့် ဖြစ်လာမှာ သေချာပါ တယ်။

နောက်ထပ် ၂၀၁၈ နှစ်ကုန်မှာ ဒဂုံ(ဆိပ်ကမ်း)မှ မနော်ဟရီ အိမ်ရာဆိုတဲ့ စီမံကိန်းမှာ အိမ်ခန်း ၉၆၀ ခန်းလည်း ပေါ်ထွက်လာ မယ်လို့ သိရှိရပါတယ်။ အဲဒါတွေ အကုန် စုစုပေါင်းပြီး အိမ်ခန်း ၁,၅၀၀ ခန့် ရောင်းလိုက်ရင်တောင်ဝယ်လိုအားက ၁,၅၀၀ ခန့် ကျန် နေဦးမယ်လို့ အကြမ်းဖျင်းတွက် လို့ရပါတယ်။

ဒါကြောင့် ပထမအရစ်သွင်း ငွေပေးပြီးပေမယ့် ဘဏ်က အတိုးပဲရပြီး အိမ်ခန်းဝယ်ယူခွင့်ကို ပြည်ထောင်စု ၁,၅၀၀ ခန့်ဟာ ဆက်လက်စောင့်ဆိုင်းနေကြရမှာ သေချာပါတယ်။ စီးပွားရေးသဘော အရ ဝယ်လိုအားက ရောင်းလိုအားထက် မြင့်နေတာ ဖြစ်ပါတယ်။

ထို့ ကြောင့်အရေအတွက် အမြောက်အမြားဖြင့် တန်ဖိုးနည်းအိမ်ရာအမြောက်အမြားကို ဆက်တိုက်ထုတ်လုပ်နိုင်မှသာ ရောင်းလိုအားနှင့်ဝယ်လိုအားမှာ မျှတလာမည်ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service