အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
19 Mar 2018 11:28 am တွင် တင်ခဲ့သည်
4434 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်တွင် မြကျွန်းအရောင်းဈေးကွက်ဝင်လာသည်။

ဗာဂျီးနီးယားပြည်နယ်အတွင်းရှိ ရေရှင်စီးဝင်လျှက်ရှိသော ရေကန်ကြီးတစ်ခုအတွင်း တည်ရှိပြီး အဆိုပါရေကန်ကြီးအတွင်းတွင် ဒုတိယမြောက်အကြီးမားဆုံးကျွန်းတစ်ခုလည်း ဖြစ်သည်။Blue Ridge နှင့် Smith တောင်တန်းများအကြားတွင် တည်ရှိသည်။

မြကျွန်းသည် ဗာဂျီးနီးယားပြည်နယ်တွင် ရှုခင်းသာယာလှပမှုအရှိဆုံးနေရာများတွင် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း လှေလှော်အပန်းဖြေသူများ၊ ငါးဖမ်းသမားများနှင့် ရေပေါ်အားကစား ခုံမင်သူတို့အကြား များစွာကျော်ကြားလာလျက်ရှိသည့်နေရာတစ်ခုလည်း ဖြစ်သည်။

ကျွန်း၏ အကျယ်အဝန်းမှာ ၅ ဒသမ ၈၉ ဧကရှိပြီး ကိုယ်ရေးကိုယ်တာ privacy ဖြစ်မှုနှင့်အတူ အပန်းဖြေမှုဆိုင်ရာ ရင်းမြစ်များ ကြွယ်ဝလှသည့်နေရာတစ်ခုလည်း ဖြစ်သည်။

ကျွန်းပေါ်တွင် ပရိဘောဂအစုံအလင်ထည့်သွင်းထားသည့် ခေတ်ပြိုင်ဗိသုကာဟန် အဆောက်အအုံ ၂ လုံး ပါဝင်သည်။

Cathedral မျက်နှာကြက်များနှင့် ဝန်းကျင်ရေပြင်ရှုခင်းများကို တွေ့မြင်နေရသည့် မီးလင်းဖိုနေရာများ ပါဝင်သည်။
ကျွန်းတစ်ခုလုံး၏ ကမ်းခြေအလျားမှာ ပေပေါင်း ၂၃၀၀ခန့်ရှိသည်။

ပင်မနေအိမ်မှာ စတုရန်းပေ ၂၅၇၉ ရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်သည်။

၃ ထပ်အဆောက်အအုံဖြစ်ပြီး အောက်ထပ်တွင် ဂိမ်းကစားခန်းမနှင့် မိသားစုနားနေခန်းတို့ ပါဝင်သည်။

Master bedroom မှတဆင့် ရေကန်ကြီး၏ သာယာလှပသော ရှုမျှော်ခင်းများကို ခံစားကြည့်ရှုနိုင်သည်။

ကျွန်းပေါ်ရှိ ဒုတိယမြောက်နေအိမ်တွင် အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်ပြီး ကား ၃ စင်းဆန့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်သည်။

အဆိုပါနေအိမ်တွင် လာရောက်လည်ပတ်သည့် ဧည့်သည်များအတွက် နေရာလည်း ကျယ်ဝန်းစွာ ပါဝင်သည်။

သီးခြား မနက်စာစားခန်း၊ ညစာစားခန်းနှင့် အပေါ်ထပ်တွင် ကြီးမားသည့်လသာဆောင်ကို တွေ့ရသည်။

ကမ်းခြေတွင် လှေထားသည့်သိုလှောင်ရုံပါဝင်ပြီး လှေဆိပ်ခံမှတဆင့် နေအိမ်၏ဗိသုကာအလှကို တွေ့မြင်နိုင်သည်။

ကမ်းခြေအနီးတွင် ရေတံခွန်တစ်ခုဆောက်လုပ်ထားပြီး ၃ ကျင်းပါသည့် ဂေါက်ကွင်းတစ်ခုလည်း ဖောက်လုပ်ထားသည်။

ကျွန်းပေါ်ရှိနေအိမ်များကို အငှားချထားခြင်းဖြင့် ဝယ်လက်တို့အဖို့ ဝင်ငွေရလမ်းလည်း ရှိနေသည့်ကျွန်းတစ်ခု ဖြစ်သည်။

(အသေးစိတ်အချက်အလက်များ)
အမည်- မြကျွန်း
တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ စမစ်တောင်တန်းရေကန်ကြီးအတွင်း
ဖွံ့ဖြိုးမှုအခြေအနေ-ဆောက်လုပ်ပြီးစီးပြီးဖြစ်
ပိုင်ဆိုင်မှု-ဘိုးဘွားပိုင်
အမျိုးအစား- ပုဂ္ဂလိကပိုင်သီးသန့်ကျွန်း
ဈေးနှုန်း- ညှိနှိုင်း
အကျယ်အဝန်း- ၅ ဒသမ ၈၉ ဧက

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စုတွင် မြကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service