ထားဝယ်အထူးစီးပွားရေးဇုန် ထိုင်းကစတင်လိုသော်လည်း မြန်မာနှင့်ဂျပန်က မဟာစီမံကိန်းရေးဆွဲမပြီး၍ စောင့်ဆိုင်းနေရဟုဆို

ထားဝယ်အထူးစီးပွားရေးဇုန် ထိုင်းကစတင်လိုသော်လည်း မြန်မာနှင့်ဂျပန်က မဟာစီမံကိန်းရေးဆွဲမပြီး၍ စောင့်ဆိုင်းနေရဟုဆို - Property News in Myanmar from iMyanmarHouse.com
16 Mar 2018 9:55 am တွင် တင်ခဲ့သည်
8320 ကြိမ် ကြည့်ရှု့ပြီး
ကြန့်ကြာနေသည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်း ကစတင်အကောင်အထည်ဖော် လိုသော်လည်း မြန်မာနှင့် ဂျပန်နိုင်ငံတို့က ထားဝယ်ဒေသဖွံ့ဖြိုး ရေးမဟာစီမံကိန်းရေးဆွဲမှုမပြီး ဆုံးသေး၍ စောင့်ဆိုင်းနေရသည် ဟု ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးရေးဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး Pora-metee Vimolsiri ကပြောသည်။

လာမည့်ဧပြီတွင် ပြုလုပ် မည့် မြန်မာ၊ ထိုင်း၊ ဂျပန်သုံးပွင့် ဆိုင်ဆွေးနွေးပွဲမတိုင်မီအထိ အ ဆိုပါအထူးစီးပွားရေးဇုန်သည် တစ်စုံတစ်ရာတိုးတက်လာမည် မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ် က ဘန်ကောက်ပို့စ်သတင်းစာသို့ ပြောသည်။

ထားဝယ်ဒေသဖွံ့ဖြိုးရေး မဟာစီမံကိန်း၏ အစိတ်အပိုင်း ဖြစ်သည့် ထားဝယ်အထူးစီးပွား ရေးဇုန်ဖွံ့ဖြိုးရေးစီမံချက်ကို ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)က ရေးဆွဲပေးနေသည်။ ထိုစီမံကိန်းရေးဆွဲမှုအချိန်တစ်နှစ်ကြာ ခဲ့ပြီးလာမည့်မေလတွင်ပြီးဆုံး မည်ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်း က ပြောသည်။

ထိုစီမံကိန်းကို မြန်မာ-ထိုင်း အဆင့်မြင့်ပူးတွဲကော်မတီ က ခွင့်ပြုရန်လိုအပ်ပြီး၎င်းကော်မ တီက ခွင့်ပြုချက်မရမချင်း စီမံကိန်းတစ်စုံတစ်ရာအကောင်အ ထည်ဖော်နိုင်မည် မဟုတ် ကြောင်း Porametee Vimolsiri ကပြောသည်။

ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်းက ထိုင်းနယ်စပ်အထူးစီးပွား ဇုန်သို့သွားသည့် ၈၂ မိုင်ရှိသော လမ်းကို အကောင်အထည်ဖော်ရန် ထိုင်းအစိုးရကဘတ် ၄ ဒသမ ၅ ဘီလီယံ(ကန်ဒေါ်လာ ၁၃၃ သန်း) ထုတ်ချေးရန် ၂၀၁၅တွင်စီစဉ်ထားသည်။ ထိုစီမံကိန်းကို မြန်မာအစိုးရက ပြန်လည်သုံး သပ်နေခြင်းကြောင့်ကြန့်ကြာနေ ခြင်းဖြစ်သည်။ အတိုးနှုန်း သုည ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေး ဇုန်ကို အပိုင်း(က)နှင့်(ခ)ဟူ၍ နှစ်ပိုင်းခွဲကာ အကောင်အထည် ဖော်ပြီး အပိုင်း(က)ကို အီတာလျံ -ထိုင်းကုမ္ပဏီက မြေယာဖော် ထုတ်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်ကပြောသည်။ အ ပိုင်း(ခ)စီမံကိန်းကို နိုင်ငံတကာ တင်ဒါခေါ်ယူမည်ဟု ၎င်းကဆက် လက်ပြောသည်။ အပိုင်း(က)တွင် စီမံကိန်းအသေးစားများပါ ၀င်ပြီး အပိုင်း(ခ)တွင် စီမံကိန်း အကြီးစားများပါဝင်မည်ဟု ဦး ဆက်အောင်ကပြောသည်။

အဆိုပါအထူးစီးပွားရေးဇုန် နှင့်ပတ်သက်ပြီး JICA (မြန်မာ) အကြီးအကဲ မစ္စတာမစယုကီကာ ရာစ၀ါက ‘‘(စီမံကိန်းက)ရလာတဲ့ သုံးသပ်ချက်ပေါ်မူတည်ပြီး မြန် မာနိုင်ငံအစိုးရကနေ ဘယ်လိုဆုံး ဖြတ်မလဲဆိုတာမူတည်ပြီး ပါဝင် သွားမယ်’’ ဟု ပြောသည်။

အဆိုပါ စီမံကိန်းလုပ်ကိုင် ရန် ၂၀၀၈ တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရ ချင်းလက်မှတ်ထိုးပြီး ထိုင်းနိုင်ငံ အီတာလျံထိုင်းကုမ္ပဏီ နှင့် ပြည်တွင်းမှ မက်စ်(မြန်မာ)ကုမ္ပဏီတို့ စတင်လုပ်ကိုင်သည်။ သို့သော် မက်စ်(မြန်မာ)ကုမ္ပဏီက စီမံကိန်းတွင် မပါဝင်တော့ပေ။ ၂၀၁၃ တွင် ဘဏ္ဍာရေးအခက်အ ခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့ သည်။

၂၀၁၅ ဇူလိုင်တွင် စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန်သုံးနိုင်ငံအစိုးရချင်းဆွေး နွေးပြီး ဂျပန်အစိုးရက အဆိုပါ စီးပွားရေးဇုန်အပါအ၀င်ထားဝယ် ဒေသဖွံ့ဖြိုးရေးကန်ဒေါ်လာသန်း ၈၀၀ ကျော်ထုတ်ချေးရန်သဘော တူခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် စတုန်ရန်းမိုင် ၁၀၀ ခန့် ကျယ်ဝန်းသောသီလ၀ါအထူးစီး ပွားရေးဇုန်ထက် ၁၀ ဆခန့် ကြီးသည်။ ယင်းစီမံကိန်းအကောင်အ ထည်ပေါ်လာပါက အရှေ့တောင်အာရှတွင် အကြီးဆုံးစက်မှုဇုန် တစ်ခုဖြစ်လာမည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service