အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ

အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
15 Mar 2018 12:31 pm တွင် တင်ခဲ့သည်
5737 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (၂၀၁၈၊ မတ်လ ၁၅ ရက် ငွေလဲဈေးနှုန်းအရ မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာသည်။

အဆိုပါသတင်းမှာ ယခုရက်သတ္တပတ်အတွင်း အမေရိကန်အိမ်ခြံမြေလောကတွင် လူပြောအလွန်များနေသော သတင်းတစ်ပုဒ်လည်း ဖြစ်သည်။

နေအိမ်တည်နေရာမှာ အိုဟိုင်းအိုးပြည်နယ်၊ တိုလေဒိုမြို့ ၊ ကောလင်းဝုဒ်အရပ် ခြံအမှတ် ၂၂၂၀ ရှိ နေအိမ်ဖြစ်သည်။

သင့်အနေဖြင့် ငွေကြေးအတန်ငယ်ချောင်လည်သူဆိုလျှင် နေအိမ်တွင်းရှိ အံဆွဲကြီးငယ်အတွင်း ကပ်ရပ်နေသော ငွေအကြွေများစုစည်းကာ ဝယ်ယူလျှင်ပင်ရသည့်နေအိမ်ဟုလည်း ဆိုနိုင်သည်။

သို့ရာတွင် ယခုသတင်းကြားကာ ပိုက်ဆံအိတ်ကို ဆွဲကိုင်ပြီး ချက်ချင်းပြေးဝယ်လိုက်ရန် မပြင်မီတွင် သင့်အနေဖြင့် အဘယ်ကြောင့်ဤမျှ ဈေးနှုန်းနည်းပါးရသနည်းဟူသော မေးခွန်း၏အကြောင်းရင်းကို ခေတ္တမျှ စဉ်းစားရန်ကား လိုအပ်မည် ဖြစ်သည်။

ယခင်ပိုင်ရှင်တို့ နေအိမ်ကို စွန့်ခွာသွားကြခြင်းများ၏ အကြောင်းရင်းမှာ နေအိမ်ပြုပြင်မွမ်းမံချိန်တွင် ရင်ဆိုင်ရသည့်စိန်ခေါ်မှုများကြောင့် ဖြစ်၏။

နေအိမ်မှာ နှစ်ပေါင်းများစွာ မပြုမပြင်ထားရှိသည်ဖြစ်ခြင်းကြောင့် ပြုပြင်မှုများစွာ မလုပ်ဘဲမည်သို့မျှ နေထိုင်နိုင်မည့်အခြေအနေသို့ ရရှိမည် မဟုတ်ချေ။
လက်ရှိပိုင်ဆိုင်ထားသည်မှာ Lucas County Land Bank မှ ဖြစ်သည်။

“ဒီအိမ်က သတ္တိနည်းတဲ့သူတွေအတွက်မဟုတ်ဘူး” ဟု ဈေးကွက်တင်သည့်အကျိုးဆောင် ဂျူဒီစတုန်းက ပြောကြားသည်။

သူမသည် ယင်းဒေသဝန်းကျင်တွင် နေအိမ် ၉ လုံးခန့် ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။

ယခုနေအိမ်ကို ပြန်လည်မွမ်းမံပါက ကန်ဒေါ်လာ ၂၀၀၀၀၀ ခန့်အနည်းဆုံးကုန်ကျမည်ဖြစ်ကြောင်း ဂျူဒီစတုန်းက ခန့်မှန်းပြောကြားသည်။

အကျယ်အဝန်း စတုရန်းပေ ၅၃၃၀ ရှိသည့်နေအိမ်ကို ဝယ်လက်ကမည်သို့ ပုံဖော်ပြုပြင်မည်ဟူသည့်အချက်ပေါ်တွင်လည်း မူတည်ကြောင်း မစ္စက်ဂျူဒီက ပြောကြားသည်။

နေအိမ်ပြုပြင်မွမ်းမံမှုကုန်ကျစရိတ်အပြင် အခြားစိန်ခေါ်မှုတစ်ခုမှာ နေအိမ်တည်ရှိရာနေရာမှာ ရှေးဟောင်းသမိုင်းဝင် နယ်မြေအတွင်း ဖြစ်ရာ အိမ်တွင်းပိုင်းပြုပြင်မွမ်းမံမှုအားလုံးကို အာဏာပိုင်တို့ထံမှ
အတည်ပြုခွင့်ပြုချက်တောင်းခံရန် လိုအပ်မည် ဖြစ်သည်။

နေအိမ်တွင် နေထိုင်နိုင်ရန်အတွက် အပူပေးစနစ်၊ ရေပိုက်လိုင်း၊ ခေါင်မိုးနှင့် ကြမ်းခင်းများကို ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ရဦးမည် ဖြစ်သည်။

(အသေးစိတ်အချက်အလက်များ)
အိပ်ခန်း- ၄ ခန်း
ရေချိုးခန်း- ၄ ခန်း
နေအိမ်အကျယ်- စတုရန်းပေ ၅၃၃၀
ခြံဝန်းအကျယ်- ၀ ဒသမ ၂၄ ဧက
တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ တိုလေဒိုမြို့၊ ကောလင်းဝုဒ်လမ်း၊ အမှတ် ၂၂၂၀
အထပ်- ၂ ထပ်အိမ်
အပြင်ပိုင်း- အုတ်၊ ကျောက်တုံး
ခြံဝန်း- ၅၁ ပေ × ပေ ၂၀၀
ဈေးကွက်တင်ထားသည့် ID အမှတ်- 6007268
လက်ငင်းပေးချေရမည့်ငွေ- ၁၅၅ ဒေါ်လာ ( မြန်မာငွေ ၂၀၇၈၃၆ ကျပ်- ၂၀၁၈၊ မတ်လ ၁၅ ရက်ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၄၀ ဒသမ ၈ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)
နှစ် ၃၀ ငွေပေးချေမှုဖြင့် ပေးချေပါက တစ်လလျှင် ပေးသွင်းရမည့်ငွေ- ၄ ဒေါ်လာ (အိမ်တန်ဖိုးနှင့်အတိုးအတွက် ၃ ဒေါ်လာ+ အိမ်ခွန် ၁ ဒေါ်လာ)
ဈေးကွက်သို့ရောက်ရှိနေသည့်ကြာမြင့်ချိန်- ၃၁၈ ရက်
ဝယ်ယူနိုင်မှု- ရရှိနိုင်သေး
ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၈၉၇ ခုနှစ်
အနီးဝန်းကျင်ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်း- ကန်ဒေါ်လာ ၆၉၉၀၀ (တစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၅၆)
ဝယ်ယူလိုပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်- The DANBERRY ကုမ္ပဏီ (419) 691-2800
http://www.danberry.com/contact_us/ လင့်ခ်မှတစ်ဆင့် အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်၊ အိုဟိုင်းအိုးပြည်နယ်တွင် စတုရန်းပေ ငါးထောင်ကျော် ကျယ်ဝန်းသည့် နှစ်ထပ်အိမ်တစ်လုံးကို ၇၇၇ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) မျှဖြင့် ရောင်းချရန် ဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service