ကုမ္ပဏီ မှတ်ပုံတင်ကြေး ကျပ် ၂ သိန်းခွဲအထိ လျှော့ချ

ကုမ္ပဏီ မှတ်ပုံတင်ကြေး ကျပ် ၂ သိန်းခွဲအထိ လျှော့ချ - Property News in Myanmar from iMyanmarHouse.com
14 Mar 2018 10:33 am တွင် တင်ခဲ့သည်
6270 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံသားများ အနေဖြင့် စီးပွားရေး လုပ်ကိုင်ရာတွင် ကုမ္ပဏီထူထောင်မှု လွယ်ကူ သက်သာစေရေး အတွက် မှတ်ပုံတင်ကြေး ကို ကျပ် ၂ သိန်းခွဲအထိ လျှော့ချလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ သိရသည်။

ယင်းမှတ်ပုံတင်ကြေးကို မတ်လ ၁၃ ရက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်း ထုတ်ပြန်ထားသည်။ကုမ္ပဏီ မှတ်ပုံတင်ကြေး လျှော့ချမှုသည် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်၍ ယခင် ကျပ် ၅ သိန်း ကောက်ခံရာမှ ကျပ် ၂ သိန်း ၅ သောင်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ကုမ္ပဏီကိစ္စရပ်များ ဆိုင်ရာ) ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောပြသည်။

“ကုမ္ပဏီ အသေးစားဆိုတာထက် အများနဲ့ မသက်ဆိုင်တဲ့ ကုမ္ပဏီတွေကို အဓိက ပြောချင်တာ ဖြစ်တယ်။ သူတို့ရဲ့ မှတ်ပုံတင် ကြေး လျှော့တာဖြစ်တယ်။ ကျပ် ၅ သိန်းကနေ ၂ သိန်း ၅ သောင်းကျပ် လျှော့ချလိုက်တာ ဖြစ်တယ်”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။

လတ်တလော၌ အများနှင့်မသက်ဆိုင်သော ကုမ္ပဏီများကို မှတ်ပုံတင်ကြေး ကျပ် ၅ သိန်း သတ်မှတ် ကောက်ခံနေသည်ဟု လည်း၎င်းက ရှင်းပြသည်။

ယင်းသို့ မှတ်ပုံတင်ထားခြင်းဖြင့် ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုခွင့်၊ ငွေချေးယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဥပဒေနှင့်အညီ တရားစွဲဆို ပိုင်ခွင့်နှင့် ခုခံကာကွယ်ခွင့် စတဲ့
အခွင့်အရေးများကိုလည်း ခံစားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ၏ ၉၆ ရာခိုင်နှုန်းမှာ အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများဖြစ်ပြီး လုပ်ငန်းကြီးများနှင့် ချိတ်ဆက် ၍ အထောက်အပံ့ပြု ပေးလျက် ရှိသည့် မိသားစုပိုင် လုပ်ငန်းငယ်များအဖြစ် ရပ်တည်ကြသော အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ ဖြစ်ကြသည်။

အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (Public Companies) အများပြည်သူများသို့ အစုရှယ်ယာများ ရောင်းချရန် ရည်ရွယ် ထားသည့် လုပ်ငန်းကြီးများ ဖြစ်ကြပြီး ယင်းကုမ္ပဏီ မှတ်ပုံတင်ကြေးကိုမူ ကျပ်၂၅ သိန်း သတ်မှတ်ထားကြောင်း DICA မှ သိရသည်။

ယင်းသို့ လျှော့ချရခြင်းသည် နိုင်ငံသား လုပ်ငန်းရှင်များ ပိုမိုသက်သာစွာ ဆောင်ရွက်နိုင်စေရေး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SME) ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် မှတ်ပုံတင်ခြင်း မပြုသေးဘဲ ဆောင်ရွက်နေသည့် စီးပွားရေး လုပ်ငန်းများ ကုမ္ပဏီအဖြစ် ပြောင်းလဲ ထူထောင်၍ လုပ်ငန်းများ ချဲ့ထွင်နိုင်စေရေးကို ဦးတည်ကာ လက်ရှိ သတ်မှတ်ထားသည့် ကုမ္ပဏီ မှတ်ပုံတင်ကြေးအား ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း DICA ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ကုမ္ပဏီ မှတ်ပုံတင်ကြေး လျှော့ချပေးခြင်းကြောင့် တနိုင်တပိုင်လုပ်ငန်းငယ်များ အတွက် အဆင်ပြေမည် ဖြစ်ကာ သက်တမ်း တိုးကြေးပါ လျှော့ချပေးပါက မှတ်ပုံတင်ထား၊ သက်တမ်းတိုးထားသည့် ကုမ္ပဏီ အရေအတွက် ပိုမိုများပြားလာနိုင် ကြောင်း SME လုပ်ငန်းရှင်တချို့က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအား ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စည်းမျဉ်းများ ရေးဆွဲခြင်း အမိန့်ကြော်ငြာစာများ ထုတ်ပြန်ကြေညာရန် ဆောင်ရွက်ခြင်း၊ ဥပဒေအား အများပြည်သူကျယ်ပြန့်စွာ သိရှိနိုင်ရန် ဆောင် ရွက်ခြင်းတို့ အပြင် ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ပြန်တမ်းများ ပေးပို့ခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း တို့ကို အီလက်ထရွန်နစ် စနစ်ဖြင့် ပိုမို လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် လိုအပ်သည်များပြင်ဆင် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ကျင့်သုံး ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း DICA က ထုတ်ပြန်ထား သည်။

လက်ရှိ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ မြန်မာနိုင်ငံသား ကုမ္ပဏီ စုစုပေါင်း ၅သောင်း ကျော်နှင့် နိုင်ငံခြားသား ကုမ္ပဏီ ၇ ထောင်ကျော် မှတ်ပုံတင်ထားကြောင်း DICA မှ သိရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service