ကမ္ဘာ့ပထမဆုံး လည်နေသည့် မိုးမျှော်တိုက် ၂၀၂၀ ပြည့်နှစ်မကုန်မီ ဒူဘိုင်းတွင် ပေါ်ပေါက်လာမည်

ကမ္ဘာ့ပထမဆုံး လည်နေသည့် မိုးမျှော်တိုက် ၂၀၂၀ ပြည့်နှစ်မကုန်မီ ဒူဘိုင်းတွင် ပေါ်ပေါက်လာမည် - Property News in Myanmar from iMyanmarHouse.com
12 Mar 2018 10:14 am တွင် တင်ခဲ့သည်
6272 ကြိမ် ကြည့်ရှု့ပြီး
၎င်း၏ ကွန်ကရစ်အူတိုင်ကို ဗဟိုပြုလှည့်လှည်နေနိုင်သော၊ အထပ် ၈၀ မြင့်သည့် အဆောက်အအုံတစ်ခု ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်မကုန်မီ ပေါ်ပေါက်လာတော့မည် ဖြစ်ကြောင်း သိရသည်။

ပေပေါင်း ၁၃၇၅ ပေ မြင့်မည့် ယင်း Dynamic Tower သည် ၎င်းတွင်
မှီတင်းနေထိုင်သူများကို သူတို့အခန်းများအား သူတို့စိတ်ကြိုက် လှည့်လည်ခွင့်
ပေးခြင်းဖြင့် ဒူဘိုင်းမြို့၏ ၃၆၀ ဒီဂရီမြင်ကွင်းများကို မြင်ရစေမည် ဖြစ်သည်။
မှီတင်းနေထိုင်သူများက လှည့်လှည်မှုနှုန်းကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

"ဒါက လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ် အပန်းဖြေဖို့အတွက်ပဲ ဖြစ်ဖြစ် ခရီးသွားတွေ
မှီတင်းနေထိုင်သူတွေအတွက် သီးသန့်ဝန်ဆောင်မှုတွေ၊ တမူထူးခြားအဆင့်မြင့်တဲ့ နေထိုင်သွားလာမှု၊ လိုအပ်တဲ့ပံ့ပိုးမှုတွေကို ပေးစွမ်းမှာပါ" ဟု ထိုအဆောက်အအုံကို ဒီဇိုင်းရေးဆွဲသော ဒီဇိုင်းကုမ္ပဏီ Dynamic Architecture က
ထုတ်ပြန်ထားသည်။

အစ္စရေး-အီတလီလူမျိုး ဗိသုကာဗညာရှင် ဒေးဗစ်ဖစ်ရှာက ၎င်းအဆောက်အအုံအတွက် ဒီဇိုင်းများကို ၂၀၀၈ ခုနှစ်ကတည်းက ပြသခဲ့ခြင်းဖြစ်သော်လည်း
စီမံကိန်းအား ထိုစဉ်က ယာယီဆိုင်းငံ့ခဲ့ကာ ကာလအတန်ကြာပြီးနောက်
ပြန်လည်စတင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီတီထွင်မှုက အဆောက်အအုံကို တစ်ပုံစံတည်း ရိုးမသွားစေဘဲ
အမြဲတမ်း အသွင်ဆန်းစေမှာပါ။ ကြမ်းခင်းက အရမ်းကို ချောချောမွေ့မွေ့
လှည့်လည်နေမှာဖြစ်တယ်။ အဲ့ဒီလိုလှည့်လည်မှုကြောင့် ဘာသံညာသံမှထွက်မှာ မဟုတ်သလို ခိုင်ခံ့လုံခြုံမှုအတွက်လည်း စိတ်ချရပါတယ်" ဟု ဖစ်ရှာက
ပြောကြားခဲ့သည်။

ရေပြင်ညီတည်ရှိမည့် လေတာဘိုင် ၇၉ ခုက အဆောက်အအုံ၏ အထပ် အလွှာများအကြား လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ပြီး ခေါင်မိုးပေါ်တွင်
photo voltaic panel များ တပ်ဆင်မည်ဖြစ်သဖြင့် ဓာတ်အားခကိုလည်း
နည်းနိုင်သမျှနည်းစေမည် ဖြစ်သည်။

အိမ်ခန်းတစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၄ သန်းမှ သန်း ၄၀ အကြား ရှိမည်ဟု ခန့်မှန်းထားပြီး အဆောက်အအုံဆောက်လုပ်မှု ကုန်ကျစရိတ်သည် ပေါင် သန်း ၃၅၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကမ္ဘာ့ပထမဆုံး လည်နေသည့် မိုးမျှော်တိုက် ၂၀၂၀ ပြည့်နှစ်မကုန်မီ ဒူဘိုင်းတွင် ပေါ်ပေါက်လာမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ပထမဆုံး လည်နေသည့် မိုးမျှော်တိုက် ၂၀၂၀ ပြည့်နှစ်မကုန်မီ ဒူဘိုင်းတွင် ပေါ်ပေါက်လာမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့ပထမဆုံး လည်နေသည့် မိုးမျှော်တိုက် ၂၀၂၀ ပြည့်နှစ်မကုန်မီ ဒူဘိုင်းတွင် ပေါ်ပေါက်လာမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service