ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ငါးလုံးခန့် ထပ်မံတည်ဆောက်မည်

ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ငါးလုံးခန့် ထပ်မံတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
9 Mar 2018 10:22 am တွင် တင်ခဲ့သည်
9206 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၈ အတွင်း ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ငါးလုံးခန့် ထပ်မံတည်ဆောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လက်ထောက်ညွှန်ကြားရေးမှူး (ငွေဆောင်)ဦးစိုးဝင်းက ပြောသည်။

လက်ရှိတွင် ဟိုတယ်နှစ်လုံးတည်ဆောက်ရန်ခွင့်ပြုချက်ရရှိထားပြီး ဟိုတယ်သုံးလုံးသည် တည်ဆောက်ရန် ခွင့်ပြုချက် တောင်းခံထားဆဲဖြစ်သည်။

‘‘ ဟိုတယ် ငါးလုံးက အခန်း ပေါင်း ၂၀၀ လောက်ရှိပါမယ်။ ဘယ်အဆင့်ဟိုတယ်လဲ ဆိုတာကတော့ တည်ဆောက်ပြီးတော့မှ သူတို့ဖြည့်ဆည်းထားတဲ့ ၀န်ဆောင်မှုတွေအပေါ် မူတည်ဆုံးဖြတ်ရမှာပါ ’’ဟု ၎င်းကပြောသည်။

ငွေဆောင်ကမ်းခြေ၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ လိုင်စင်ရယူတည်ဆောက် ထားသည့် ဟိုတယ်အရေအတွက် ၃၀ ရှိပြီး အခန်း ၁,၃၉၆ ခန်းရှိ သည်။ အလားတူ ၀န်ကြီးဌာန၏ လိုင်စင်မဟုတ်ဘဲ စည်ပင်သာယာ ခွင့်ပြုချက်ဖြင့် တည်ဆောက် ထားသည့် တည်းခိုဧည့်ရိပ်သာ ၄၀ ခန့် ရှိသည်။

ငွေဆောင်ကမ်းခြေသည် နှစ် စဉ်ခရီးသွား ၀င်ရောက်မှုနှုန်းမြင့်မားလာပြီးနောက် ဟိုတယ် အလုံးရေ တိုးချဲ့တည်ဆောက်ရန် လိုအပ်လာကြောင်း ဦးစိုးဝင်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန စာရင်းများအရ ၂၀၁၆ တွင် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၁၁၈,၃၇၀ ဦးဝင်ရောက်ခဲ့ ပြီး ၂၀၁၇ တွင် ၁၄၂,၆၇၆ ဦး ၀င် ရောက်ခဲ့သည်။

၂၀၁၆ ဇန်န၀ါရီနှင့် ဖေဖော်ဝါရီအတွင်း ငွေဆောင်သို့ခရီး သွားဧည့်သည် သုံးသောင်း နှစ်ထောင်ကျော် ၀င်ရောက်ခဲ့ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service