ဂျပ်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့စုံတွဲနေထိုင်ရန်အတွက် မိုင်လေဆိုင်းရပ်စ်က နေအိမ်ရှာဖွေပေးနေကြောင်း သတင်းထွက်ပေါ်လာ

ဂျပ်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့စုံတွဲနေထိုင်ရန်အတွက် မိုင်လေဆိုင်းရပ်စ်က နေအိမ်ရှာဖွေပေးနေကြောင်း သတင်းထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com
8 Mar 2018 11:34 am တွင် တင်ခဲ့သည်
4958 ကြိမ် ကြည့်ရှု့ပြီး
မိုင်လေဆိုင်းရပ်စ်သည် ဂျပ်စတင်ဘီဘာနှင့် ဆလီနာ ဂိုမက်ဇ်တို့စုံတွဲနေထိုင်ရန်အတွက် နေအိမ်ကူညီရှာဖွေပေးလျက်ရှိကြောင်း သတင်းများထွက်ပေါ်လာနေသည်။

အဆိုပါသတင်းကို အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ဘားဂန်ခရိုင်၊ အန်းဂဲဝတ်ဒ် ခလက်စ်အရပ်တွင် အခြေစိုက်သော Life & Style မဂ္ဂဇင်းကြီး၏ နောက်ဆုံးထုတ်စာအုပ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၂ ရက် ၊ ၂၀၁၈ ရက်စွဲဖြင့် ထုတ်ဝေသည့် Life & Style မဂ္ဂဇင်းတွင် ဖော်ပြပါရှိခြင်းဖြစ်ပြီး အဆိုပါမဂ္ဂဇင်းကို ကန်ဒေါ်လာ ၃ ဒသမ ၉၉ ဒေါ်လာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါသည်။

နှစ်စဉ်ကြေးအနေဖြင့်မူ ၈၇ ဒသမ ၈၈ ဒေါ်လာသာကျသင့်ရာ တစ်အုပ်လျှင် ၁ ဒသမ ၆၉ ဒေါ်လာသာ ကျသင့်မည် ဖြစ်သည်။ (၅၂×၁.၆၉=၈၇.၈၈)

အဆိုပါ မတ်လ ၁၂ ထုတ် မဂ္ဂဇင်းကို https://www.goo.gl/edknty အင်တာနက်လင့်ခ်တွင် ဝင်ရောက်ကြည့်ရှု ဝယ်ယူနိုင်သည်ဟု ဆိုသည်။

မဂ္ဂဇင်းတွင် ဖော်ပြထားရာ၌ ဘီဘာနှင့် ဂိုမက်ဇ်တို့သည် အချစ်ဗိမ္မာန်နေရာရှာဖွေနေသည်ဆိုရုံမျှမကဘဲ လော့စ်အိန်ဂျလိ၏ ကမ္ဘာကျော်ကြယ်ပွင့်တို့အခြေချရာ မာလီဘူးအရပ်ကို မျက်စိကျနေပြီဖြစ်သည်ဟုလည်း ဖော်ပြထားသည်ဟု ဆိုသည်။

ထို့အပြင် ပင်လယ်ကမ်းခြေတွင် နေအိမ်ဝယ်ယူသွားမည်ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀ ခန့် သုံးစွဲကာ ဝယ်ယူရန် စီစဉ်ထားသည်ဟုလည်း ဆိုသည်။

အတွင်းလူတစ်ဦးက ပြောကြားရာတွင် ဆလီနာဂိုမက်ဇ်နှင့် ဂျပ်စတင်ဘီဘာတို့သည် အချစ်ခရီးကို အသစ်တဖန်ပြန်လည်ဆန်းသစ် စတင်လိုလျက်ရှိကြကြောင်း၊ ဂျပ်စတင်ဘီဘာက မာလီဘူးအရပ်ကို မြတ်နိုးပြီး ဆလီနာကလည်း ပင်လယ်ကမ်းခြေဒေသတွင် နေထိုင်ကာ ကျန်းမာရေးကောင်းအောင် ပြုလုပ်နိုင်မည့် သဘာဝကုထုံးတစ်ရပ် ရှာဖွေနေကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

မိုင်လေဆိုင်းရပ်စ်သည် မာလီဘူးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသူဖြစ်ခြင်းကြောင့် ယခုအခါ ဆလီနာဂိုမက်ဇ်နှင့် ဂျပ်စတင်ဘီဘာ တို့ကို အားတက်သရောကူညီခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

မိုင်လေဆိုင်းရပ်စ်က ဆလီနာဂိုမက်ဇ်ကို လည်ပတ်ရန်ကောင်းသည့်နေရာများ၊ လျှို့ဝှက်သည့်နိဗ္ဗာန်နေရာလေးများကို လမ်းညွှန်ပြလျက်ရှိနေသည်ဟုလည်း ဆို၏။

မိုင်လေဆိုင်းရပ်စ်က မာလီဘူးရှိ သူ၏နေအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သူ၏ အဖွဲ့သားများသည်လည်း မာလီဘူးကမ်းခြေဒေသတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြဖူးသူများ ဖြစ်သည်ဟု ဆိုသည်။

ဘီဘာနှင့် ဆလီနာတို့သည် ၂၀၁၁ ခုနှစ်အတွင်း မာလီဘူးရှိ မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ၎င်းတို့နှင့် သိကျွမ်းရင်းနှီးခြင်းမရှိဘဲ ၁၀ မိနစ်ခန့် ဝင်ရောက်လည်ပတ်ခဲ့ကြဖူးသည်။

အဆိုပါမင်္ဂလာဆောင်က ဘီဘာ၏ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်သော “One Less Lonely Girl” သီချင်းကိုဖွင့်ထားသောကြောင့် ဘီဘာနှင့် ဆလီနာတို့က ဝင်သွားခဲ့ခြင်းလည်း ဖြစ်၏။

ဂျပ်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့သည် တဦး၏နေအိမ်တွင် တဦးကသွားရောက် အချိန်ကုန်ဆုံးဖူးသော်လည်း တရားဝင်အတူတကွ နေထိုင်ခဲ့ခြင်းကား မရှိချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျပ်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့စုံတွဲနေထိုင်ရန်အတွက် မိုင်လေဆိုင်းရပ်စ်က နေအိမ်ရှာဖွေပေးနေကြောင်း သတင်းထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့စုံတွဲနေထိုင်ရန်အတွက် မိုင်လေဆိုင်းရပ်စ်က နေအိမ်ရှာဖွေပေးနေကြောင်း သတင်းထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့စုံတွဲနေထိုင်ရန်အတွက် မိုင်လေဆိုင်းရပ်စ်က နေအိမ်ရှာဖွေပေးနေကြောင်း သတင်းထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service