ပြည်တွင်းအိမ်ခြံမြေ စစ်မှန်တဲ့ဝယ်လိုအားနဲ့ ရောင်းလိုအားသာ ဖြစ်စေလို

ပြည်တွင်းအိမ်ခြံမြေ စစ်မှန်တဲ့ဝယ်လိုအားနဲ့ ရောင်းလိုအားသာ ဖြစ်စေလို - Property News in Myanmar from iMyanmarHouse.com
6 Mar 2018 11:32 am တွင် တင်ခဲ့သည်
4886 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဝယ်လိုအားကျဆင်းလာမှုကို နည်းလမ်းကျကျ လက်တွေ့အမှန်တကယ် ဖြေရှင်းနိုင်မှသာ စစ်မှန်တဲ့ဝယ်လိုအားနဲ့ ရောင်းလိုအားလမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်လို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) က သိရပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ ဝယ်လိုအားနဲ့ ရောင်းလိုအားဈေးကွက် ညီမျှမှုရှိဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာ ဝယ်ရောင်းဈေးကွက်သာ ကြီးမားပြီး အစစ်အမှန် ဝယ်လိုအားဈေးကွက်က သေးငယ်နေတယ်လို့ အိမ်ခြံမြေဈေးကွက်က သိရပါတယ်။

နိုင်ငံပိုင်အိမ်၊ မြေ၊ စက်ရုံတွေကို အလုံးအရင်းနဲ့ ထုခွဲရောင်းချမှုတွေက ဝယ်ရောင်းဈေးကွက်အတွက် မကြုံစဖူး ရတောင့်ရခဲ အခြေအနေတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်အလွန်က စတင်ပြီး အဲဒီအိမ်ခြံမြေတွေ တဖြည်းဖြည်း ဈေးကွက်တွင်းကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ဝန်းကျင်မှာ ပြည်သူပိုင်သိမ်းဆည်းထားတဲ့ အိမ်ခြံမြေတွေနဲ့ ပေါင်းမိပြီး အိမ်ခြံမြေဝယ်ရောင်းဈေးကွက်အတွင်းကို အလုံးအရင်းနဲ့ လှိမ့်ဝင်လာခဲ့ကြပါတယ်။

အိမ်ခြံမြေ ဈေးကွက်ကို ထိန်းမနိုင် သိမ်းမရဖြစ်စေခဲ့တဲ့ ဒုတိယအချက်ကတော့ စက်မှုဇုန်မြေကွက်တွေ ဖြစ်ပါတယ်။ စက်မှုဇုန်တွေစပြီး ရောင်းခဲ့တဲ့ (၁၉၉၉)ခုနှစ် ဝန်းကျင်က လှိုင်သာယာစက်မှုဇုန် (၁/၂/၃)တွေကို ၁ဧက (၄၅)သိန်းနဲ့ အချိန်ယူပြီး တဖြည်းဖြည်း ရောင်းခဲ့ရတာ ဖြစ်ပါတယ်။ ရွှေပြည်သာစက်မှုဇုန် (၁/၂)မှာလည်း ပုံစံတူရောင်းဝယ်မှုတွေ ဖြစ်ခဲ့တာပါ။

ရွှေလင်ဗန်းစက်မှုဇုန်၊ ဒဂုံ(အရှေ့)နဲ့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွေမှာလည်း ဘာဝယ်ရောင်းမှ မရှိခဲ့ပါဘူး။ နောက်ပိုင်းဈေးတွေ တက်လာချိန်မှာ စက်မှုဇုန်တွေ ဝယ်ရောင်းတာတွေ တစတစ ကြီးထွားလာပါတယ်။ ဒါကြောင့် (၂၀၁၇)ခုနှစ်လောက်က စခဲ့တဲ့ဝယ်ရောင်းဈေးကွက်က (၂၀၁၁)ခုနှစ်မှာ အမြင့်ဆုံးရောက်ခဲ့တာဖြစ်တယ်လို့ စက်မှုဇုန်မြေဈေးကွက် ကျွမ်းကျင်သူ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေဝယ်ရောင်းဈေးကွက်အတွက် တတိယကုန်စည်က မြို့သစ်တွေမှာ ကျောက်တိုင်စိုက်ထားတဲ့ မြေကွက်တွေပါပဲ။ အထူးသဖြင့် ဖွံ့ဖြိုးစပြုလာတဲ့လမ်းမကြီးတွေဘေးက ကျောက်တိုင်ကွင်းလို့ဆိုရမယ့် မြေကွက်တွေ ပေါ်ပေါက်လာပါတယ်။ ဝယ်ရောင်းဈေးကွက်မှာ တစ်ရက်တည်း အကွက် (၄၀)ကနေ (၁၀၀)အထိ လက်ပြောင်းလက်လွှဲ အရောင်းအဝယ်ဖြစ်ခဲ့တာတွေ (၂၀၁၄)ခုနှစ်အထိ အကောင်းဆုံးအခြေအနေတစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ တောင်ဒဂုံမြို့နယ် ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ကို အကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ နောက်ဆုံးအရာကတော့ ရန်ကုန်ဆင်ခြေဖုံးနဲ့ (၁၉၅၈)ခုနှစ် မြို့သစ်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတမှာ ကြိုပွိုင့်စနစ်နဲ့ တည်ဆောက်တဲ့ကန်ထရိုက်တိုက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ခန်းပေးခန်းယူစနစ်နဲ့ ဆောက်လုပ်ကျတာဖြစ်တဲ့ ဈေးကွက်ဟာ ကြီးမားခဲ့တာ ဖြစ်ပါတယ်။

ကြိုပွိုင့်စနစ်တွေ အားကောင်းခဲ့ပြီး အခန်းမပြီးမီ လက်ပြောင်းလက်လွှဲ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် တိုက်ခန်းကွန်ဒို ဈေးကွက်က ကြီးမားခဲ့တာဖြစ်ပါတယ်။ ဒီဈေးကွက်တွေက အစစ်အမှန် ဝယ်လိုအား ရောင်းလိုအားတွေမဟုတ်ဘဲ ဝယ်ရောင်းဈေးကွက်တွေသာ ဖြစ်တာကြောင့် စစ်မှန်တဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားကို အခြေပြုတဲ့ ဈေးကွက် ဖြစ်ပေါ်စေဖို့ တိုင်းပြည်မှာ လိုအပ်နေကြောင်း ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service