သံရုံးတွေပြောင်းမယ့် နေပြည်တော်က အိမ်ခြံမြေဈေးကွက်အလားအလာ

သံရုံးတွေပြောင်းမယ့် နေပြည်တော်က အိမ်ခြံမြေဈေးကွက်အလားအလာ - Property News in Myanmar from iMyanmarHouse.com
6 Mar 2018 11:10 am တွင် တင်ခဲ့သည်
5587 ကြိမ် ကြည့်ရှု့ပြီး
အစိုးရရုံးစိုက်ရာမြို့တော်ဖြစ်တဲ့ နေပြည်တော်ကို ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ဖို့အတွက် ယခုလ ၁၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့မြေယာမူဝါဒဆိုင်ရာ ည§ိနှိုင်းဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်
ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဆွေးနွေးညိုနှိုင်းမှုတွေ ပြုလုပ်
ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ နိုင်ငံခြားသံရုံးတွေကို အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး အစီအစဉ်တွေနဲ့ သံရုံးတွေဖွင့်ဖို့ သံတမန်ဇုန်တည်ဆောက်ရေး အစီအစဉ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိမှာ မြန်မာပြည်မှာ လာရောက်ရုံးစိုက်တဲ့ သံရုံးနဲ့ နိုင်ငံ့ကိုယ်စားလှယ်ရုံးပေါင်း ၄၁ ခုရှိပြီး အားလုံးဟာ ရန်ကုန်အခြေစိုက်နေကြရာကနေ နေပြည်တော်ကိုပြောင်းဖို့ အစိုးရက တွန်းအားပေးတာတွေ ခုတစ်လောမှာ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ ရန်ကုန်မှာ ကုလသမဂ္ဂနဲ့ ဆက်စပ်အဖွဲ့အစည်းရုံး ၂၄ ခုရှိပြီး ထက်ဝက်ပဲ နေပြည်တော်မှာ ရုံးရှိပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်သံရုံးကတော့ နေပြည်တော်ကိုရွှေ့ဖို့ ၂ဝ၁၁ ကတည်းက စီစဉ်နေပြီး တရုတ်သံရုံးကလည်းပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ယာယီဆက်ဆံရေးရုံး နေပြည်တော်မှာ ဖွင့်ခဲ့ပါတယ်။

သံရုံးတွေ နေပြည်တော်ပြောင်းကြရမယ့် သတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အဲဒီမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်ဟာ အနည်းငယ် လှုပ်ရှားစပြုလာတယ်လို့ နေပြည်တော်ဒေသခံ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။

ဈေးနှုန်းတွေ သိသိသာသာ လှုပ်ရှားမြင့်တက်သွားတာ မျိုးမဟုတ်ဘဲ အရောင်းအဝယ်တွေ ပိုသွက်လာတာမျိုးပဲရှိတယ်လို့ နေပြည်တော်အခြေစိုက် ဇေယျာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးနန္ဒကျော်က ဆိုပါတယ်။

''ရန်ကုန်မှာရှိတဲ့ သံရုံးတွေရယ်၊ ကုလသမဂ္ဂရုံးတွေရယ် နေပြည်တော်ကို ရွှေ့လာတော့မယ်ဆိုတဲ့သတင်း ထွက်ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် အရောင်းအဝယ်ပိုသွက်လာတယ်။ ၁ဝဝ ပတ်လည်၊ ၆ဝ ပတ်လည်အကွက်တွေ အရောင်းသွက်လာတယ်''လို့ ဦးနန္ဒကျော်က ပြောပါတယ်။

သံရုံးတွေ ပြောင်းရွှေ့လာမယ်ဆိုရင် သူတို့ချည်းသက်သက်မဟုတ်ဘဲ သူတို့နဲ့ ပတ်သတ်ဆက်နွှယ်နေတဲ့ တခြားလုပ်ငန်းတွေလည်း လိုက်ပါပြောင်းရွှေ့ရမှာ ဖြစ်တဲ့အတွက်ကြောင့် ရောင်းဝယ်ငှားဈေးကွက်က သွက်လာ နိုင်ပေမဲ့ ဈေးတွေကတော့ ရုတ်တရက်ကြီးမြင့်သွားတာမျိုးရှိမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

''ကြိုက်ရောင်း ကြိုက်ဝယ်လေးတွေ ပိုဖြစ်လာမယ်၊ ပစ္စည်းရှားလာပြီး ခေါ်ဈေးပေးဝယ်လာတာမျိုးတွေတော့ ရှိလာနိုင်တယ်၊ ရာခိုင်နှုန်းအားဖြင့် ၁ဝ ကနေ ၃ဝ ရာခိုင်နှုန်းကြားလောက် ဈေးမာလာနိုင်တယ်''လို့လည်း ဦးနန္ဒကျော်က ဆိုပါတယ်။

အစိုးရက မြေကွက်သစ်တွေ ထပ်မဖော်ထုတ်တော့တဲ့အတွက် နဂိုရှိနေတဲ့ ဈေးနိမ့်တဲ့ မြေကွက်တွေက အရောင်းသွက်ပြီး ရောင်းကုန်လာတဲ့အခါ ဈေးမြင့်တာတွေဘက် အရောင်းအဝယ် သွက်လာနိုင် တယ်လို့ ထင်ကြောင်းလည်း သူကဆိုပါတယ်။

နေပြည်တော်က ရန်ကုန်ထက် ဈေးကွက်အခြေအနေကောင်းတော့ တကယ်သာ အဲဒီရုံးတွေ ရွှေ့ဖြစ်ရင် ဒီထက်ဈေးကွက်ပိုကောင်းလာနိုင်တယ်လို့ စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးစိုင်းခွန်နောင်က ဆိုပါတယ်။

''သံရုံးအများစုက မရွှေ့ချင်ဘူးလို့ ကြားသိရတယ်၊ အဓိကအချက်ကတော့ သယ်ယူပို့ဆောင်ရေးကြောင့်ပေါ့။ နောက်တစ်ခုကတော့ နိုင်ငံခြားသားအများစုက ညဘက်မှ အပန်းဖြေရတာကို ပိုသဘောကျတယ်၊ ဒါတွေကျတော့ နေပြည်တော်ထက် ရန်ကုန်မှာ သူတို့အတွက် ပိုအဆင်ပြေစေတယ်''လို့ ဦးစိုင်းခွန်နောင်က ပြောပါတယ်။

အခု လောလောဆယ်မှာတော့ နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ငွေကျပ် သိန်း ၃ဝဝ ဝန်းကျင်တွေက အရောင်းသွက်ပြီး အိမ်ပါတဲ့ သိန်း ၅ဝဝ နဲ့ သိန်း ၁,ဝဝဝ ကြားတွေကတော့ အလယ်အလတ်မှာ ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ မြန်မာတွေက တစ်လ ကျပ်သုံးသိန်းနဲ့ငါးသိန်းကြားရှိတဲ့ လုံချင်းအိမ်တွေကို အငှားများပြီးတော့ နိုင်ငံခြားသားတွေကတော့ တစ်လ ၁ဝ သိန်းနဲ့ ၁၅ သိန်းကြားပေးရတဲ့ အိမ်တွေကို အငှားများနေတယ်လို့လည်း သိရပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေဈေးတွေ ငြိမ်နေချိန်မှာတောင် နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့ကတော့ ပုံမှန် အရောင်းဈေးကွက်ရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံက သိရပါတယ်။

ခပ်သွက်သွက်တော့ မဟုတ်ပေမဲ့ ဈေးအတက်အကျမရှိဘဲ လူစည်တဲ့နေရာနဲ့ လုံခြုံရေးကောင်းတဲ့ နေရာ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာတွေမှာ ကျပ်သိန်း ၁,ဝဝဝ အောက် အိမ်ပါတဲ့ မြေကွက်တွေ အရောင်းသွက်နေတယ်လို့ နေပြည်တော်က စိန်အောင်မောင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးအောင်မောင်းက ဆိုပါတယ်။

''အခုနောက်ပိုင်းမှာတော့ ဈေးမြင့်တာတွေလည်း အဝယ်လိုက်လာတယ်၊ တစ်ထောင်ကျော်ကနေ နှစ်ထောင် သုံးထောင်လောက်ထိ ဝယ်လာကြတယ်။ အခုနောက်ပိုင်းအရောင်းအဝယ် ပိုသွက်လာတယ်။ နိုင်ငံခြားကုမ္ပဏီတွေလည်း ဝင်လာတာကြောင့် အငှားရော၊ အရောင်းပါ သွက်လာတယ်''လို့ သူက ပြောပါတယ်။

သံရုံးဝန်ထမ်းအများစုကတော့ ငှားနေရမှာဖြစ်တဲ့အတွက် အခုကတည်းက အိမ်ပြန်ငှားဖို့ ဝယ်လာကြတာတွေရှိလာနိုင်ပြီး လတ်တလောမှာတော့ မြို့ထဲမှာ အငှားသွက်ပြီး ပုပ္ဗသီရိနဲ့ ဒက္ခိဏသီရိဘက်တွေကတော့ အရောင်းသွက်နေတယ်လို့ ဦးနန္ဒကျော်က ဆိုပါတယ်။

နိုင်ငံခြားသားတွေကို အိမ်ငှားတဲ့အခါ တွေ့ကြုံရတဲ့အခက်အခဲတစ်ခုကတော့ စီးပွားရေး လာလုပ်တဲ့သူတွေဆိုရင် နေထိုင်ခွင့်အတွက် အစိုးရကို တင်ပြရတာပဲဖြစ်ပါတယ်။ အစိုးရရဲ့အစီအစဉ်နဲ့ အလုပ်လာလုပ်တဲ့ ဝန်ထမ်းတွေကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက တစ်ဆင့် နေထိုင်ခွင့်တင်ပေးတာကြောင့် လွယ်ကူပေမဲ့စီးပွားရေးလုပ်ငန်းအတွက် လာတဲ့သူတွေအတွက်ကို ကိုယ်တိုင်တင်ပြရတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ရှိတယ်လို့ ဦးနန္ဒကျော်က ပြောပါတယ်။

ပြောင်းရွှေ့လာကြမယ့် နိုင်ငံခြားသားတွေကို မျှော်မှန်းပြီး ဆောက်လုပ်မယ့် အိမ်ရာစီမံကိန်းတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ အိမ်ရာအရောင်းပြပွဲတွေ မကြာခဏပြုလုပ်နေသလိုပဲ နေပြည်တော်မှာလည်းပဲ လာမယ့် မတ်လကုန်လောက်မှာ အိမ်ခြံမြေအရောင်းပြပွဲတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ ဦးနန္ဒကျော်ရဲ့ ပြောကြား ချက်အရ သိရပါတယ်။

ရန်ကုန်မှာအခြေစိုက်တဲ့ သံရုံးတွေ အကုန်ပြောင်းရွှေ့ဖြစ်သွားရင်တော့ သံရုံးနဲ့ အနီးတစ်ဝိုက်နေရာတွေက တော့ အငှားတွေ ဆက်တိုက်တက်လာနိုင်ပြီး ငွေကျပ် နှစ်သိန်းနဲ့ ငါးသိန်းကြားရှိတဲ့ အငှားတွေကတော့ ပြတ်လပ်တဲ့အထိ အငှားများလာနိုင်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်) အတွင်းရေးမှူး ဦးကျော်စွာမြင့်က ဆိုပါတယ်။

သံရုံးတွေပြောင်းရွှေ့ဖို့ အစိုးရကစီစဉ်နေပေမဲ့ တကယ်ပြောင်းတာကတော့ အနည်းငယ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တကယ်ပြောင်းရွှေ့ရတော့မယ်ဆိုရင်တော့ သံရုံးတစ်ခုတည်းတင်မဟုတ်ဘဲ ပတ်သတ်ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေ၊ ဝန်ထမ်းမိသားစုတွေပါ ပြောင်းရွှေ့လာရမှာဖြစ်ပြီး သူတို့နေဖို့ အိမ်ငှားကြရမှာဖြစ်ပါတယ်။

''အငှားဈေးကွက်ကတော့ တက်သွားနိုင်တယ်၊ ရာထူးငယ်တဲ့ ဝန်ထမ်းတွေကတော့ မဖြစ်မနေငှားနေရမှာဖြစ် တဲ့အတွက် အနီးအနားက မြို့နယ်တွေကတော့ အငှားပြတ်တဲ့အထိ ဖြစ်သွားနိုင်တယ်''လို့ ဦးကျော်စွာမြင့်က ဆိုပါတယ်။

သံရုံးတွေ တည်ဆောက်ဖို့အတွက် သံတမန်ဇုန်ကိုသတ်မှတ်ထားပြီး အဆိုပါဇုန်ရဲ့ အနီးအနားမှာ လူနေရပ်ကွက်တွေမရှိတာကြောင့် အနီးဆုံးမှာရှိနေတဲ့ လူနေရပ်ကွက်တွေရဲ့ အိမ်တွေကတော့ အငှားသွက်လာနိုင်တယ်လို့ သူကဆိုပါတယ်။

နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ကို မသက်ရောက်နိုင်တဲ့ နည်းလမ်းတစ်ခုကလည်း ရှိနေပါတယ်။ ဒါကတော့ သံရုံးပင်မ အဆောက်အအုံတွေသာမက ဝန်ထမ်းအိမ်ရာတွေပါ အပြီးသတ်ဆောက်လုပ်ပြီးမှ ပြောင်းရွှေ့လာမယ်ဆိုရင်တော့ ဒီဈေးကွက်အပေါ် သက်ရောက်မှုရှိနိုင်မှာ မဟုတ်ဘူးလို့ ဦးကျော်စွာမြင့်က ဆိုပါတယ်။

''အရေးပေါ် ပြောင်းလာရမယ်ဆိုရင်သာ ဈေးကွက်ကိုရိုက်ခတ်မှုရှိမှာပါ''လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။

နေပြည်တော်မှာတော့ ပိုင်ဆိုင်မှုစာရွက်စာတမ်း မှန်ကန်ခြင်း၊ ဈေးသက်သာခြင်း၊ လမ်း၊ ရေ၊ မီး ကောင်းမွန်ခြင်းတို့ကြောင့် ပုပ္ဗသီရိမြို့နယ်ဟာ အရောင်းရော၊အငှားမှာပါ အများဆုံးသွက်နေတဲ့နေရာဖြစ်နေတယ်လို့ဦးကျော်စွာမြင့်က ဆိုပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service