ဘန်ဂလို ဗိသုကာဟန်

ဘန်ဂလို ဗိသုကာဟန် - Property News in Myanmar from iMyanmarHouse.com
6 Mar 2018 10:13 am တွင် တင်ခဲ့သည်
7748 ကြိမ် ကြည့်ရှု့ပြီး
ဘန်ဂလိုဟူသည်မှာ အဆောက်အအုံအမျိုး အစားတစ်မျိုးဖြစ်ပြီး အရှေ့ တောင်အာရှ ဘင်္ဂလားဒေသတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်ကား ကမ်္ဘာတစ်လွှားတွင် တွေ့နေရ ပြီဖြစ်လေသည်။ ဘန်ဂလိုဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ နိုင်ငံအလိုက် ကွဲပြားသွားကြသည်။ ဘန်ဂလို၏ ပင်မလက္ခဏာမှာ ၀ရန်တာများပါဝင်ခြင်းနှင့် အထပ်နိမ့်ဖြစ်ခြင်းတို့ ဖြစ်ကြသည်။

သြစတေးလျနိုင်ငံတွင် အမေရိကန်ပြည်ထောင်စုမှ ဆင်းသက်လာသည့် ကယ်လီဖိုးနီးယားဘန်ဂလိုမှာ ပထမ ကမ္ဘာစစ်ကြီးအပြီး များစွာရေပန်းစားခဲ့သည်။

မြောက်အမေရိကနှင့် ဗြိတိန်တို့တွင် ဘန်ဂလိုဟူသည် ထပ်ခိုးငယ်ပါဝင်သည့် လုံးချင်းအိမ်ဖြစ်သည်။

ယင်းဒေသတို့တွင် ဘန်ဂလိုသည် တစ်ထပ်အိမ်ဖြစ် လေ့ရှိသည့်နည်းတူ အမိုးဇောက်အောက်တွင် ထည့်သွင်းထား သည့် ဒုတိယထပ် ပါဝင်ကာ အမိုးတွင် ပြတင်းပေါက် တပ်ဆင် လေ့ရှိသည်။ တနည်းအားဖြင့်ဆိုလျှင် တစ်ထပ်ခွဲအဆောက်အအုံဟုလည်း ဆိုနိုင်သည်။

ဘန်ဂလိုဟူသည့် ဝေါဟာရစတင်ပေါ်ပေါက်သည် မှာ အိနိ္ဒယနိုင်ငံတွင်ဖြစ်ပြီး ဟန်္ဒီစကားလုံး (ဘ ဂလ) မှ ဆင်း သက်လာပြီး ဘင်္ဂလီဟု အဓိပ္ပာယ်ရကာ ဘင်္ဂလားဟန်ဖြင့် ဆောက်လုပ်ထားသည့်နေအိမ်တစ်လုံးကို ရည်ညွှန်းရာတွင် သုံးလေ့ရှိသည်။

အဆိုပါ အာရှဗိသုကာ ပုံသဏ္ဌာန်နှင့် ဒီဇိုင်းသည် တောင်အာရှရှိ ဘင်္ဂလားနယ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။
ယင်းကဲ့သို့နေအိမ်မျိုးသည် သမားရိုးကျအားဖြင့် သေးငယ်လေ့ ရှိကာ တစ်ထပ်အဆောက်အအုံဖြစ်ပြီး ကျယ်ပြန့်သည့် ၀ရန်တာ ပါဝင်လေ့ရှိသည်။

အဆိုပါ ဝေါဟာရကို အင်္ဂလိပ်ဘာသာတွင် စတင် တွေ့ရှိလာရသည်မှာ ၁၆၉၆ ခုနှစ်တွင်ဖြစ်ပြီး အရှေ့ အိနိ္ဒယ ကုမ္ပဏီမှ အင်္ဂလိပ်သင်္ဘောသားများအတွက် ဆောက်လုပ်ပေး လေ့ရှိသော နေအိမ်ငယ်ကို ခေါ်ဆိုခဲ့ကြခြင်းဖြစ်ကာ ထိုစဉ်က ဘန်ဂါလက်စ်ဟု ခေါ်ဆိုခဲ့ကြသည်။

နောက်ပိုင်းတွင်ကား အိနိ္ဒယနိုင်ငံကို ဗြိတိသျှတို့ အုပ်စိုးစဉ်ကာလအတွင်း ဗြိတိသျှအရာရှိတို့ ခရီးထွက်စဉ် ယာယီတည်းခိုနေထိုင်သည့် အဆောက်အအုံများကို ဘန်ဂလို ဟု ခေါ်ဆိုလာခဲ့ကြသည်။

နောင်တွင် အမေရိကအထိ ပျံ့ နှံ့သွားခဲ့သည်။ အစဦး ကာလများက ဘန်ဂလိုဟူသည် ထူးခြားဆန်းပြားခြင်းနှင့် အဆင့်အတန်းမြင့်ခြင်းဟူသည့် အဓိပ်္ပာယ်များလွှမ်းနေခဲ့သည်။
၁၉ ရာစုကုန်လုနီးကာလများတွင်ကား ယင်းဗိသုကာဟန်ကို ကျေးလက်နှင့် မြို့ ပြဆင်ခြေဖုံးရှိ ကြီးမားသည့်လူနေအဆောက် အအုံများကို Arts and Crafts (သို့မဟုတ်) အခြားရိုးစင်းသော အနောက်တိုင်း ဗိသုကာဟန်တို့ဖြင့် ဆောက်လုပ်ရာတွင် ဘန်ဂလိုဟန်ကိုလည်း ပေါင်းစပ်ဆောက်လုပ်လာကြသည်။

အထူးသဖြင့် တစ်ထပ်တိုက်ကလေးများ ဆောက်လုပ် ရာတွင် ဖြစ်သည်။ နောင်အခါတွင် developer တို့သည် အဆောက်အအုံငယ်ကလေးများကို ဘန်ဂလိုဟု စတင်သုံးနှုန်း လာခဲ့ကြသည်။

ဘန်ဂလိုသည် တစ်ထပ်အဆောက်အအုံများသာ ဖြစ်ကြပြီး လူနေဧရိယာများအတွင်း လှေကားများမရှိရာ သက်ကြီးရွယ်အိုများနှင့် လက်တွန်းလှည်းများပေါ်တွင် နေထိုင် ကြရသူများအတွက် အထူးသင့်လျော်လှသည်။

ဘန်ဂလိုများသာ တည်ရှိသည့် ပတ်ဝန်းကျင်သည် နှစ်ထပ်များတည်ရှိသည့် ပတ်ဝန်းကျင်မျိုးထက် စမငလခေပ ဖြစ်မှု ကို ပိုမိုပေးစွမ်းနိုင်သည်။

ဘန်ဂလိုအိမ်များသည် အထပ်နိမ့်အိမ်ပုကလေးများ သာဖြစ်ကြရာ ခြံစည်းရိုးတွင် စိုက်ပျိုးထားသည့် သစ်ပင်များ၊ ခြုံနွှယ်များက ပြင်ပမှ မြင်ကွင်းကို ကာကွယ်ထားနိုင်စွမ်းရှိ သည်။ နှစ်ထပ်အိမ်များ ပါဝင်လာသည့် ၀န်းကျင်မျိုးတွင်မူ အိမ်နီးချင်း၏ ဒုတိယထပ်မှတစ်ဆင့် မိမိနေအိမ်တွင်းမြင်ကွင်း ကို ကာကွယ်နိုင်ရန်အတွက် မြင့်မားသည့်သစ်ပင်များကို အိမ်ရှေ့ တွင် ကပ်လျက်စိုက်ပျိုးရမည်ဖြစ်ရာ လက်တွေ့အား ဖြင့် မဖြစ်နိုင်ချေ။

သြစတေးလျနိုင်ငံတွင် ဘန်ဂလိုများ၌ အိမ်တွင်းပိုင်း ကို စူးရှပြင်းထန်သည့် နေရောင်ခြည်မှ အကာအကွယ်ပေးရန် အတွက် ၀ရန်တာများကို ကျယ်ပြန့်စွာ ဆောက်လုပ်ထားလေ့ရှိ ကြရာ အများအားဖြင့် အတွင်းပိုင်းတွင် များစွာမှောင်မဲနေ လေ့ရှိသည်။

- ကုန်ကျစရိတ်နှင့် အကျယ်အ၀န်း

ဘန်ဂလို အဆောက်အအုံများမှာ အောက်ခြေဧရိယာ ကို ပိုမိုကျယ်ဝန်းစွာဆောက်လုပ်လေ့ရှိရာ ၂ ထပ်အဆောက် အအုံများထက် အောက်ခြေဖောင်ဒေးရှင်းနှင့် အမိုးဧရိယာကို ပိုမိုကြီးမားစွာ ဆောက်လုပ်ရမည်ဖြစ်သဖြင့် အဆိုပါအပိုင်းများ တွင် ကုန်ကျစရိတ် ပိုမိုများပြားမည် ဖြစ်သည်။

ဖောင်ဒေးရှင်းပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ မွန်းမံ ဆောက်လုပ်ပေးရမည့် ဧရိယာနယ်မှာလည်း ပိုမိုများပြားလာသည်။

ဘန်ဂလိုအဆောက်အအုံများသည် ယေဘုယျအား ဖြင့် အခြားအဆောက်အအုံများနှင့် ဖောင်ဒေးရှင်းဆက်စပ်နေ လေ့မရှိဘဲ သီးခြားတည်ရှိလေ့ရှိသည်။

ဘန်ဂလိုတို့၏ အောက်ခြေတည်ဆောက်ပုံမှာ အများ အားဖြင့် ထောင့်မှန်စတုဂံဖြစ်လေ့ရှိသော်လည်း သီအိုရီအရ မည်သည့်ပုံစံမျိုးမဆို ဆောက်လုပ်နိုင်သည်။

အုတ်နံရံဖြင့် ဆောက်လုပ်ကြသည့် ဘန်ဂလိုများတွင် မူ ပြတင်းပေါက်များမှာ မြင့်မားသည့်နေရာတွင် တည်ရှိလေ့ရှိပြီး ခေါင်မိုးနှင့် နီးကပ်စွာ တည်ရှိလေ့ရှိသည်။

ဤဗိသုကာဟန်တွင် ပြတင်းပေါက်အထက်ရှိ အုတ် နံရံကို ထောက်ကူပေးရန် ထုတ်များထည့်သွင်းခြင်းကို ရှောင်ရှား လေ့ရှိကြသည်။


- ခါ့စ်မန်း ဘန်ဂလိုအမျိုးအစားများ
အမေရိကန် ခါ့စ်မန်း ဘန်ဂလို
(American Craftsman Bungalow )

အမေရိကန် ခါ့စ်မန်းဘန်ဂလို ဗိသုကာဟန်သည် ၁၉ ရာစုကုန်ပိုင်းတွင် စတင်ခဲ့ပြီး ၁၉၃၀ ပြည့်လွန်ကာလများ တွင် အကျော်ကြားဆုံးဖြစ်ခဲ့သည်။ အကျော်ကြားခဲ့ဆုံး ကာလ အပိုင်းအခြားမှာ ၁၉၀၅ ခုနှစ်မှ ၁၉၃၀ အကြားဖြစ်သည်။ဗြိတိသျှ အနုပညာနှင့် လက်မှုပညာလှုပ်ရှားမှုစတင်ခဲ့ပြီး နောက်ပိုင်း အမေရိကန်ခါ့စ်မန်ဘန်ဂလိုဗိသုကာဟန် ပေါ် ပေါက်လာခဲ့ခြင်းဖြစ်ပြီး ၁၈၆၀ ပြည့်လွန်ကာလများက ဖြစ်သည်။

- 8 ဘန်ဂလို ကိုလိုနီ ( Bungalow Colony )

ဘန်ဂလို ကိုလိုနီဗိသုကာဟူသည့် ဝေါဟာရကို စတင်အသုံးပြုခဲ့သည်မှာ နယူးယောက်တွင်ဖြစ်ပြီး ၁၉၃၀ ပြည့် လွန်မှ ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ကျော်ကြားခဲ့သည်။

နွေရာသီအပန်းဖြေရန်အတွက် ငှားရမ်းကြသည့် နေအိမ် ငယ်ကလေးများကို ဘန်ဂလို ကိုလိုနီဟု ခေါ်ခဲ့ကြသည်။

အထူးသဖြင့် နယူးယောက်ပြည်နယ် အရှေ့တောင်ပိုင်းရှိ Catskill တောင်တန်းဒေသများတွင် ဖြစ်သည်။
ပထမနှင့် ဒုတိယမျိုးဆက် ဂျူး-အမေရိကန်မိသားစုများ သည် ဘန်ဂလိုကိုလိုနီနေအိမ်များတွင် ငှားရမ်းနေထိုင်လေ့ရှိခဲ့ ကြသည်။ ဘန်ဂလိုကိုလိုနီအိမ်များမှာ ယနေ့တိုင် Catskill တောင်တန်းဒေသတွင် တည်ရှိနေဆဲဖြစ်သည်။

- ကယ်လီဖိုးနီးယား ဘန်ဂလို (California Bungalow)

ကယ်လီဖိုးနီးယားဘန်ဂလိုသည် တစ်ထပ်နှင့် တစ်ထပ် ခွဲနေအိမ်များဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ၁၉၁၀ ပြည့် နှစ်မှ ၁၉၂၅ ခုနှစ်အကြား ကျော်ကြားခဲ့သည်။

ကယ်လီဖိုးနီးယားဘန်ဂလိုသည် သြစတေးလျတွင် လည်း ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၀ ပြည့်နှစ်အကြား ကျယ်ပြန့်စွာ ရေပန်းစားခဲ့သည်။

- ချားလက်ထ် ဘန်ဂလို (Chalet Bungalow)

ချားလက်ထ်ဘန်ဂလိုသည် ထပ်ခိုးပါသည့်နေအိမ် များဖြစ်ပြီး ထပ်ခိုးမှာ ဂိုဒေါင်၏အပေါ်တွင် ဖြစ်လေ့ရှိသည်။
လူနေဧရိယာမှာ အောက်ထပ်တွင်သာဖြစ်ပြီး ထပ်ခိုးကို နေ့စဉ် လူနေမှုဘ၀အတွက် ထည့်သွင်းတွက်ချက်လေ့မရှိချေ။ အချို့ နေအိမ်များတွင်မူ ထပ်ခိုးတွင် အိပ်ခန်းပိုများ ထည့်သွင်းဆောက် လုပ်လေ့ရှိကြသည်။

ဗြိတိသျှ အင်္ဂလိပ်ဘာသာစကားတွင် အဆိုပါနေအိမ် များကို ချားလက်ထ် ဘန်ဂလို (သို့တည်းမဟုတ်) ဒေါမား ဘန်ဂလို ဟု ခေါ်ကြသည်။

- ချီကာဂို ဘန်ဂလို (Chicago Bungalow)

ချီကာဂိုဘန်ဂလိုဗိသုကာဟန်နေအိမ်များကို အဓိက အားဖြင့် ၁၉၁၀ ပြည့်နှစ်နှင့် ၁၉၄၀ ပြည့်နှစ်များအကြား ဆောက် လုပ်ခဲ့ကြသည်။ အဓိကအားဖြင့် အုတ်ဖြင့်ဆောက်လုပ်သည့် နေအိမ်များဖြစ်ပြီး တစ်ထပ်နှင့် တစ်ထပ်ခွဲအဆောက်အအုံများ ဖြစ်လေ့ရှိကာ မြေအောက်ခန်း ပါဝင်လေ့ရှိသည်။

ချီကာဂိုတွင် မိသားစုတစ်စုစာ ဆောက်လုပ်ထားသည့် နေအိမ်များ၏ သုံးပုံတစ်ပုံကို ချီကာဂိုဘန်ဂလိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး နေအိမ်အလုံးရေ ၈၀၀၀၀ ကျော်ခန့်ရှိသည်။

- မီချီဂန် ဘန်ဂလို ( Michigan Bungalow )

မီချီဂန်ဘန်ဂလို ဗိသုကာဟန်မှာ ၁၉၁၀ မှ ၁၉၂၅ အကြား ထွန်းကားခဲ့ပြီး အဓိကအားဖြင့် ဒက်ထရွိုက်မြို့တွင် တွေ့ရသည်။ မီချီဂန် ဘန်ဂလိုနေအိမ်များကို ဒေသတွင်းထွက် အိမ်ဆောက်ပစ္စည်းများဖြင့်သာ ဆောက်လုပ်လေ့ရှိသည်။

- မယ်လ်ဝါကီ ဘန်ဂလို (Milwaukee Bungalow)

အမေရိကန်ပြည်ထောင်စု၊ ၀စ်္စကွန်ဆင်ပြည်နယ်၊ မယ်လ်ဝါကီမြို့ရှိ အဆောက်အအုံဟောင်းအများစုမှာ ချီကာဂို ဘန်ဂလိုဗိသုကာဟန်နှင့် တူညီသော်လည်း လမ်းဘက်သို့ ဦး တည်ဆောက်လုပ်ထားသည့် မြင်းမိုရ်ပါရှိသည်။ မယ်လ်ဝါကီ ဘန်ဂလိုတို့၏ အဆောက်အအုံပြင်ပနံရံ အောက်ပိုင်းကို အဖြူရောင်အင်္ဂတေသရွတ်နုဖြင့် မွမ်းမံလေ့ရှိသည်။

- အိုးဗားဝါတာ ဘန်ဂလို (Overwater Bungalow)

၁၉၆၇ ခုနှစ်အတွင်း အပန်းဖြေစခန်းလုပ်ငန်းရှင် တစ်ဦးက အပူပိုင်းဒေသရှိ ရေတိမ်ရေကန်တစ်ခုအတွင်း ဘန်ဂလို တစ်မျိုးကို စတင်ဆောက်လုပ်ခဲ့သည့်နောက်ပိုင်းမှစကာ အိုးဗားဝါ တာဘန်ဂလိုဟန် ခေတ်စားလာခဲ့သည်။

- ရေ့ဇ်ထ် ဘန်ဂလို (Raised Bungalow)

ရေ့ဇ်ထ်ဘန်ဂလိုဗိသုကာဟန်တွင် မြေအောက်ခန်းပါ လေ့ရှိပြီး အဆိုပါမြေအောက်ခန်းမှာ မြေပေါ်သို့ တစ်စိတ်တစ် ပိုင်း ထွက်ပေါ်နေလေ့ရှိသည်။ မြေပေါ်ပြတင်းပေါက်များထားရှိ နိုင်ခြင်းကြောင့် ရေ့ဇ်ထ်ဘန်ဂလိုနေအိမ်များ၏ မြေအောက်ခန်းများ မှာ အလင်းရောင်အားကောင်းလေ့ရှိသည်။ မြေအောက်ခန်းများ ကို နက်ရှိုင်း စွာတူးလေ့မရှိဘဲ ယာဉ်မောင်းလမ်းဖောက်ပေးကာ မြေအောက် ခန်းတွင် မော်တော်ကားများထားလေ့လည်း ရှိသည်။

- ရန့်ခ်ျ ဘန်ဂလို ( Ranch Bungalow)

ရန့်ခ်ျဘန်ဂလိုဗိသုကာဟန်တွင် အိပ်ခန်းများကို နေအိမ် တစ်ဘက်ခြမ်းတွင်ထားလေ့ရှိပြီး မီးဖိုဆောင်၊ ဧည့်ခန်း၊ ညစာ စားခန်း၊ မိသားစုခန်းမအစရှိသည်များကို အခြားတစ်ဘက် ခြမ်းတွင် ထားလေ့ရှိသည်။ ကားဂိုဒေါင်ပါမည်ဆိုပါက မီးဖို ဆောင်ထားရှိသည့် ဘက်ခြမ်းတွင် ထားလေ့ရှိသည်။

မီးဖိုဆောင်၊ ဧည့်ခန်းပါသည့်အခြမ်းကို အဆောက်အအုံ ရှေ့ပိုင်းတွင်ထားလေ့ရှိသည်။ ရန့်ခ်ျဘန်ဂလိုနေအိမ်များသည် သေးငယ်ကျဉ်းမြောင်းသည့်နေအိမ်များသာဖြစ်ရာ အိပ်ခန်း ၂ ခန်းသာ ပါဝင်လေ့ရှိကြသည်။


- အားလ်တီမေ့ထ် ဘန်ဂလို ( Ultimate Bungalow)

အားလ်တီမေ့ထ်ဘန်ဂလိုဟူသည့် ဝေါဟာရမှာ အမေရိ ကန်ပြည်ထောင်စုရှိ ခါ့စ်မန်းဘန်ဂလိုဟန်ဖြင့် ဆောက်လုပ်ထား ကာ ကြီးမားသည့်နေအိမ်များကို ရည်ညွှန်းရာတွင် သုံးလေ့ ရှိသည်။

အားလ်တီမေ့ထ်ဘန်ဂလိုဟန်ကို ကယ်လီဖိုးနီးယား ဗိသုကာ ပညာရှင်များဖြစ်သည့် ဂရင်းနင်း၊ ဘားနတ် မေဘက်ခ်နှင့် ဂျူလီယာ မော်ဂန်တို့က စတင်အသုံးပြုခဲ့ကြသည်။ ၊

အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဘန်ဂလို ဗိသုကာဟန် - Property News in Myanmar from iMyanmarHouse.com
ဘန်ဂလို ဗိသုကာဟန် - Property News in Myanmar from iMyanmarHouse.com
ဘန်ဂလို ဗိသုကာဟန် - Property News in Myanmar from iMyanmarHouse.com
ဘန်ဂလို ဗိသုကာဟန် - Property News in Myanmar from iMyanmarHouse.com
ဘန်ဂလို ဗိသုကာဟန် - Property News in Myanmar from iMyanmarHouse.com
ဘန်ဂလို ဗိသုကာဟန် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service