၂၀၁၇ ခုနှစ်အတွင်း သြစတေးလျတွင်ဆောက်လုပ်ရေးစီမံကိန်း အားလုံးမှ သုံးပုံတစ်ပုံအထိ တရုတ်ရင်းနှီးမြှုပ်နှံသူတို့ ဝယ်ယူခဲ့

၂၀၁၇ ခုနှစ်အတွင်း သြစတေးလျတွင်ဆောက်လုပ်ရေးစီမံကိန်း အားလုံးမှ သုံးပုံတစ်ပုံအထိ တရုတ်ရင်းနှီးမြှုပ်နှံသူတို့ ဝယ်ယူခဲ့ - Property News in Myanmar from iMyanmarHouse.com
5 Mar 2018 12:18 pm တွင် တင်ခဲ့သည်
5031 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် developer တို့သည် ၂၀၁၇ ခုနှစ်အတွင်း သြစတေးလျတွင်ဆောက်လုပ်ရေးစီမံကိန်း အားလုံးမှ သုံးပုံတစ်ပုံအထိ ဝယ်ယူခဲ့ကြသည်။

ငွေတန်ဖိုးအားဖြင့် သြစတေးလျဒေါ်လာ ၂ ဒသမ ၀၂ ဘီလီယံဖိုးခန့်အထိရှိကြောင်း Knight Frank ၏ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်သော Chinese Developers in Australia – Market Insight 2018 တွင် ဖော်ပြသည်။

ယင်းအစီရင်ခံစာအရ ၂၀၁၇ ခုနှစ်အတွင်း တရုတ် developer များနှင့် ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူခဲ့ကြသည့် လူနေဆောက်လုပ်ရေးစီမံကိန်းများမှာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၂၁၇၈၅ ခန့်အထိ ရှိသည်ဟု ဆိုသည်။

Knight Frank ၏ သြစတေးလျ လူနေအိမ်ခြံမြေဆိုင်ရာ သုတေသနအကြီးအကဲ မစ်ချယ်လ် စီစီစကီးက ပြောကြားရာတွင် တရုတ် developer တို့သည် သြစတေးလျနိုင်ငံတစ်ဝန်း လူနေအိမ်စီမံကိန်းကဏ္ဍဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် ဆက်လက်ဦးဆောင်နေကြောင်း၊ သြစတေးလျနိုင်ငံတွင်းတွင် တရုတ် developer အများစုမှာ ရင်းနှီးမြှုပ်နှံမှု ကြီင်္းမားစွာ ပြုလုပ်ထားခဲ့ကြပြီးဖြစ်ကြောင်း ပြောကြားသည်။

“သြစတေးလျနဲ့ တရုတ်နှစ်နိုင်ငံလုံးမှာ အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှုတွေအပေါ် တင်းကြပ်မှုတွေ လုပ်နေပေမယ့် သြစတေးလျဈေးကွက်အပေါ် တရုတ် developer တွေရဲ့  စိတ်ဝင်စားမှုဟာ အမြဲမြင့်တက်နေခဲ့ပါတယ်။ ”

“ဒါပေမယ့် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှာ အတန်အသင့် ဖြေလျော့မှုတွေရှိလာတာကြောင့် ဈေးကွက်ယုံကြည်မှုတွေ မြှင့်တင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်” ဟု မစ္စက် စီစီစကီးက ပြောကြားသည်။

အစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်အတွင်း သြစတေးလျရှိ ပြည်နယ်များအနက် ဝိတိုရိယပြည်နယ်ရှိ လူနေဆောက်လုပ်ရေးစီမံကိန်းများမှ ၃၈ ဒသမ ၇ ရာခိုင်နှုန်းအထိ တရုတ်ဝယ်လက်များထံ ရောင်းချခဲ့ရသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၂၀၁၇ ခုနှစ်အတွင်း သြစတေးလျတွင်ဆောက်လုပ်ရေးစီမံကိန်း အားလုံးမှ သုံးပုံတစ်ပုံအထိ တရုတ်ရင်းနှီးမြှုပ်နှံသူတို့ ဝယ်ယူခဲ့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service