၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ

၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com
28 Feb 2018 11:01 am တွင် တင်ခဲ့သည်
4746 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇ ခုနှစ်သည် အိမ်ခြံမြေလောကအတွက် အလွန်ထူးခြားသော နှစ်တစ်နှစ်ဖြစ်ခဲ့ သည်။ ရက်သတ္တပတ်တိုင်းတွင် သတင်းမီဒီယာတို့၏ သတင်းခေါင်းကြီးဖြစ်သောသတင်း များ တက်လာလေ့ရှိခဲ့ပြီး လူတိုင်းနှုတ်ဖျားတွင် ရေပန်းစားသော သတင်းများလည်း ဖြစ်ခဲ့၏။

အချို့ သတင်းမှာ အသေးအဖွဲသတင်းဖြစ်သော်လည်း ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့ပြီး အချို့ မှာမူ ခေတ်ကြီးတစ်ခု နိဂုံးချုပ်သွားသည့် သတင်းကြီးမျိုးဖြစ်သည်။

ယင်းသို့ အလှုပ်အခတ်များခဲ့သည့် ၂၀၁၇ ကုန်ဆုံးသွားပြီးနောက်တွင် လူအများပြောစမှတ် ဖြစ်ခဲ့သည့် သတင်းများကို ပြန်လည်သုံးသပ်ကြည့်ပါမည်။


- သမ္မတ ထရမ့်က အိမ်ဖြူတော်သို့ ရွှေရောင်ခန်းစီးများ ယူ ဆောင်လာခြင်း

ယခင်နှစ် ဇန်န၀ါရီလတွင် သမ်္မတရာထူးဆက်ခံလိုက် ပြီးနောက် ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်ကို ပြန်လည် ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ခဲ့ရာ ဘဲဥပုံရုံးခန်း Oval Office ကို ရွှေရောင်ခန်းစီးများဖြင့် မွမ်းမံခြင်း၊ သမ္မတဟောင်း ဂျော့ခ်ျ ဘုရှ်၏ ဇနီး လော်ရာဘုရှ် ဒီဇိုင်းထုတ်ပေးသည့် ကော်ဇောများ ခင်းကျင်းခြင်း၊ မီးခိုးရောင်သားရေထိုင်ခုံများကို အပွင့်ဖော်ထား သည့်ခုံများဖြင့် ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။

ထရမ့်သည် မီးဖိုဆောင်တွင်လည်း ၎င်းအကြိုက်ဆုံး အစားအစာဖြစ်သည့် Lay's ကုမ္ပဏီထုတ် အာလူးချောင်းကြော် များ အပြည့်ဖြည့်ထားလိုက်၏။

သို့ရာတွင် ယခင်သမ္မတများဖြစ်သော ဘားရက်အို ဘားမား၊ ဘီလ်ကလင်တန်၊ ဂျွန်အက်ဖ်ကနေဒီနှင့် ရော်နယ် ရေဂင်တို့ အသုံးပြုခဲ့သည့် Resolute အမည်ရှိ စားပွဲကြီး ကိုမူ ယခင်အတိုင်းဆက်လက်ထားရှိခဲ့သည်။

ထို့အပြင် ထရမ့်သည် ၀င်စတန်ချာချီ၏ ဦးခေါင်းပုံ ရုပ်တုကိုလည်း ဘဲဥပုံရုံးခန်းသို့ ယူဆောင်လာခဲ့သည်။

အိမ်ဖြူတော်ကို ယခုကဲ့သို့ ပြုပြင်မွမ်းမံမှုများပြုလုပ် သည့်သတင်းမှာ အိမ်ခြံမြေလောကတွင် ဂယက်ရိုက်ခဲ့သည့် သတင်းတစ်ပုဒ်ဖြစ်ခဲ့၏။


- သမ္မတ (ဟောင်း) အိုဘားမားက ၀ါရှင်တန်ဒီစီဝန်းကျင်တွင်သာ အခြေချရန် ဆုံးဖြတ်လိုက်ခြင်း

သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် မိသားစု သည် သမ္မတရာထူးသက်တမ်းကာလ ကုန်ဆုံးပြီးနောက်ပိုင်း တွင် မည်သည့်နေရာတွင် အခြေချမည်ဆိုခြင်းနှင့် စပ်လျဉ်း၍ ခန့်မှန်းချက်မျိုးစုံ၊ ကောလာဟလမျိုးစုံ ထွက်ပေါ်ခဲ့သည်။

နောက်ဆုံးတွင်ကား ၎င်းင်းတို့ငှားရမ်းနေထိုင်လျက် ရှိသော ၀ါရှင်တန်ဒီစီရှိနေအိမ်ကို ၀ယ်ယူလိုက်ချိန်တွင်ကား စောင့်ကြည့်အကဲခတ်သူများစွာ အံ့အားသင့်ခဲ့ကြရသည်။

နေအိမ်တည်နေရာမှာ အိုင်ဗန်ကာ ထရမ့်အပါအ၀င် အမေရိက၏ နိုင်ငံရေးသမားများ အခြေချကြသည့် ကာလိုရာမာအရပ်တွင် တည်ရှိသည်။

နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၆၄၄၁ ပေရှိ ပြီး အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်ကာ ကန်ဒေါ်လာ ၈ ဒသမ ၁ သန်းဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု ယူဆရသည်။

အိုဘားမား၏ သမီးဖြစ်သူ ဆာရှာအထက်တန်းပြီး လျှင်မူ ၎င်းင်းတို့မိသားစု မည်သည့်နေရာသို့ ထပ်မံပြောင်းရွှေ့ မည်ကို မည်သူမျှ မသိနိုင်ချေ။

အချို့ က ခန့်မှန်းကြသည်မှာ နယူးယောက်မြို့ ၊ မန် ဟက်တန်ရှိ Upper East Side သို့ ပြောင်းရွှေ့နိုင်သလို ကနေဒီနေထိုင်ခဲ့ရာ နေအိမ်ကိုလည်း ၀ယ်ယူနိုင်ချေရှိကြောင်း ခန့်မှန်းထားကြသည်။

အိုဘားမား၏ နေအိမ်ဝယ်ယူမှုမှာလည်း ၂၀၁၇ ခုနှစ်အတွင်း လူပြောအများဆုံးသတင်းတစ်ရပ်ဖြစ်ခဲ့သည်။


- သမိုင်းဝင်နေအိမ်တစ်လုံးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းချသည့် ဖြစ်ရပ်

အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် အိမ်ခြံမြေ ဈေးနှုန်းများ ခေါင်ခိုက်လာလျက်ရှိနေချိန်တွင် နယူးဂျာစီ ပြည်နယ်၊ မောင့်ကလဲရ်မြို့ရှိ စတုရန်းပေ ၃၉၁၂ အကျယ်အ၀န်း ရှိသည့် သမိုင်းဝင် နေအိမ်တစ်လုံးကို ၁၀ ဒေါ်လာမျှဖြင့် အရောင်းဈေးကွက်တင်ခဲ့သော ဖြစ်ရပ်မှာလည်း ၂၀၁၇ တွင် လူပြောများခဲ့သည်။

ထူးခြားချက်မှာ မြေနေရာမပါဝင်ဘဲ နေအိမ်သက်သက်ကို ရောင်းချခြင်းဖြစ်သည်။

ဝယ်လက်အနေဖြင့် နေအိမ်တစ်လုံးလုံးကို ဖျက်သိမ်း ခြင်းမပြုဘဲ ရွှေ့ ပြောင်းရမည်ဟု ဆိုသည်။

ဖျက်သိမ်းခွင့်မပြုခြင်းမှာ သမိုင်းဝင်နေအိမ်ဖြစ်ခြင်း ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ခြံအကျယ်အ၀န်း ဧက ၅၀၀ ပေါ်တွင် အိမ်ရာစီမံ ကိန်းတစ်ခုဆောက်လုပ်ရန် အစီအစဉ်ရှိသောကြောင့် ယခု နေအိမ်ကို ရောင်းချခြင်းလည်း ဖြစ်သည်။

နေအိမ်ပြောင်းရွှေ့ စရိတ်မှာ ကန်ဒေါ်လာ ၁၀၀၀၀၀ ခန့်ကုန်ကျနိုင်ကြောင်း Wolfe House & Building Movers မှ မစ္စတာ ဘင် ဘရိုဘွန့်ထ်က ခန့်မှန်းခဲ့သည်။

- ၀ါရှင်တန်ဒီစီရှိ လူနေတိုက်ခန်းတစ်ခန်းကို တစ်လစာ အိမ်ငှားခ အောက် နည်းပါးသည့်ဈေးဖြင့် ရောင်းချခြင်း

၂၀၁၇ ခုနှစ်၊ အိမ်ခြံမြေအရောင်းအ၀ယ်များအနက် အခြားထင်ရှားသည့်ဖြစ်ရပ်မှာ အမေရိကန်ပြည်ထောင်စု၏ မြို့ တော် ၀ါရှင်တန်ဒီစီရှိ လူနေတိုက်ခန်းတစ်ခန်းကို တစ်လစာ အိမ်ငှားခအောက် နည်းပါးသည့်ဈေးဖြင့် ရောင်းချခဲ့သည့်ဖြစ်ရပ် ဖြစ်သည်။

ယခုအရောင်းအ၀ယ်မှာလည်း လိမ်ညာရောင်းချသည့် ဖြစ်ရပ် မဟုတ်ဘဲ ကန်ဒေါ်လာ ၁၄၉၀ ဖြင့် အမှန်တကယ် ရောင်းချခဲ့ခြင်း ဖြစ်သည်။

အဆိုပါအဆောက်အအုံတွင် နေထိုင်သူတို့ကို ၀ါရှင် တန်ဒီစီ အိုးအိမ်နှင့်လူ့အသိုက်အ၀န်းဖွံ့ဖြိုးရေးဌာနမှ အတိုးနှုန်း နည်းပါးသည့်ချေးငွေ ရယူခွင့်ပေးအပ်ထားသည်ဟု ဆို သည်။

ဝယ်လက်အနေဖြင့် ပြုပြင်ထိန်းသိမ်းစရိတ် တစ်လ လျှင် ကန်ဒေါ်လာ ၁၀၀၀ ခန့် ကျသင့်မည်ဖြစ်ပြီး အရောင်း အ၀ယ်ကို ငွေသားဖြင့် ပေးချေရမည်ဟု ထိုစဉ်က ဈေးကွက်တင် ခဲ့သည့် အိမ်ခြံမြေအကျိုးဆောင် နစ်ကိုးလ် ဆားရ်က ပြော ကြားသည်။

အခြားအချက်မှာ ၀ယ်လက်၏ ၀င်ငွေမှာ တစ်ဦးချင်း ဆိုပါက တန်ဖိုးသင့်လူနေအိမ် ၀ယ်ယူနိုင်မည့် ကန်ဒေါ်လာ ၆၀၈၃၉ အောက်နည်းပါးသူဖြစ်ရမည်ဖြစ်ပြီး မိသားစု ၂ ဦး ရှိသည့် အိမ်ထောင်စုဆိုပါက ၀င်ငွေ ကန်ဒေါ်လာ ၆၉၅၃၀ အောက်နည်းပါးသူများ ဖြစ်ရမည် ဖြစ်သည်။

ယခုအခါ အဆိုပါနေအိမ်ခန်း ရောင်းထွက်သွားပြီ ဖြစ်ကာ ဈေးကွက်တွင် မရှိတော့ချေ။

- ဟုခ်ျဟက်ဖ်နာ ကွယ်လွန်သွားခြင်းနှင့် ပလေးဘွိုင်စံအိမ်ကြီး တစ်ခေတ်ကုန်ဆုံးခြင်း

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ပုရိသတို့ အသည်းစွဲ ကမ္ဘာကျော် ပလေးဘွိုင်းမဂ်္ဂဇင်းတည်ထောင်သူ ဟုခ်ျဟက်ဖ်နာသည် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သွား ခဲ့ပြီးနောက် ၎င်းင်းနေထိုင်ခဲ့ရာ ပလေးဘွိုင်းစံအိမ်ကြီးမှာလည်း တစ်ခေတ်အဆုံးသတ်သွားပြီဟု ဆိုနိုင်သည်။

ပလေးဘွိုင်းမဂ်္ဂဇင်းနည်းတူ အမေရိကတွင် အလွန် နာမည်ကြီးသည့် ပလေးဘွိုင်းစံအိမ်ကြီးသည် ကယ်လီဖိုးနီး ယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ၊ ဟွန်ဘီဟေးလ်အရပ်တွင် တည်ရှိပြီး ဂေါ့သစ်တူးဒေါ် ဗိသုကာဟန်ဖြင့် ဆောက်လုပ် ထားကာ အခန်းပေါင်း ၂၉ ခန်း ပါဝင်သည်။

ဟုခ်ျဟက်ဖ်နာသည် ပလေးဘွိုင်းစံအိမ်ကြီးကို ၎င်းင်း မကွယ်လွန်မီ တစ်နှစ်ခန့်ကပင် အိမ်နီးချင်းဖြစ်သူ ဒါရန် မက် ထရိုပိုးလော့စ်ထံ ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သည်။

မက်ထရိုပိုးလော့စ်က ဟုခ်ျဟက်ဖ်နာကို ၎င်းကွယ်လွန် သည်အထိ ဆက်လက်နေထိုင်သွားရန် ခွင့်ပြုချက်ဖြင့် ၀ယ်ယူ ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဟုခ်ျဟက်ဖ်နာ ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ၎င်းင်းမရှိသည့်နောက်ပိုင်း စံအိမ်ကြီးကို ပြန်လည်မွမ်းမံဆောက် လုပ်မှုများ ပြုလုပ်တော့မည်ဖြစ်ရာ တစ်ချိန်က မိန်းမချောကလေး များ၏ ရယ်သံလွင်လွင်များ လွင့်ပျံ့ခဲ့ရာ စံအိမ်ကြီး တစ်ခေတ် အဆုံးသတ်ခဲ့လေပြီ။

- ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်၏ နေအိမ်အပြောင်းအရွှေ့ 

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီသည် အမေရိကန်သူ မီဂန်မာကယ်နှင့် ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း စေ့စပ်ခဲ့ကြသည်။
မီဂန်မာကယ်သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင် မင်းသမီး တစ်ဦးဖြစ်ပြီး "Suits" အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲ တွင် ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်သည်။

အဆိုပါ ရုပ်သံဇာတ်လမ်းရိုက်ကူးစဉ် မီဂန်မာကယ်က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ ရှိ နေအိမ်ကို ငှားရမ်းနေထိုင်ခဲ့ သည်မှာ ၂ နှစ်ခန့် ကြာမြင့်ခဲ့သည်။

ယခုအခါ မီဂန်မာကယ် ငှားရမ်းနေထိုင်ခဲ့သော နေအိမ်မှာ ရောင်းထွက်သွားပြီ ဖြစ်သည်။

မီဂန်မာကယ်သည် ယခုအခါတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော် ကန်ဆင်တန်နန်းတော်အတွင်းရှိ စံအိမ်တစ်ခု တွင် နေထိုင်လျက်ရှိပြီး မကြာမီကာလအတွင်း တော်ဝင် မင်းသား ဟယ်ရီနှင့် ထိမ်းမြားလက်ထပ်တော့မည် ဖြစ်သည်။

မီဂန်မာကယ်၏ နေအိမ်အပြောင်းအရွှေ့ သတင်း မှာလည်း ၂၀၁၇ ခုနှစ်အတွင်း လူပြောအလွန်များခဲ့သည်။

အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com
၂၀၁၇ ခုနှစ်အတွင်း လူပြောအများခဲ့ဆုံး အိမ်ခြံမြေလောကဖြစ်ရပ်များ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service