ဟံသာဝတီလေဆိပ်စီမံကိန်းဆိုင်ရာ သဘောတူညီချက်သက်တမ်း မတိုးနိုင်သေးကြောင်း စင်ကာပူ Yongnam Holdings ထုတ်ပြန်

ဟံသာဝတီလေဆိပ်စီမံကိန်းဆိုင်ရာ သဘောတူညီချက်သက်တမ်း မတိုးနိုင်သေးကြောင်း စင်ကာပူ Yongnam Holdings ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
28 Feb 2018 10:17 am တွင် တင်ခဲ့သည်
8237 ကြိမ် ကြည့်ရှု့ပြီး
ဟံသာဝတီလေဆိပ်စီမံကိန်းအကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် သဘောတူညီ ချက်သက်တမ်း ကုန်ဆုံးပြီဖြစ် သော်လည်း ညှိနှိုင်းမှုအဆင်မပြေ ၍ သက်တမ်း မတိုးနိုင်သေးကြောင်း စင်ကာပူ Yongnam Holdingsကုမ္ပဏီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

စီမံကိန်းအတွက် ဂျပန် JGC ကုမ္ပဏီ၊ စင်ကာပူမှ YongnamHoldings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီသုံးခုပေါင်း အစုရှယ်ယာပိုင်သည့် စီးပွားရေး လုပ်ငန်းစုကြီးက ၂၀၁၄ အောက်တိုဘာတွင် တင်ဒါရရှိခဲ့ပြီးထိုတင်ဒါအောင်ထားမှု သဘောတူညီချက်သက်တမ်းသည် ၂၀၁၈ ဇန်နဝါရီတွင် ကုန်ဆုံးခဲ့သည်။

ထိုစီမံကိန်းတွင် ဂျပန် JGC က ရှယ်ယာ ၅၅ ရာခိုင်နှုန်း၊ စင်ကာပူ Yongnam ကုမ္ပဏီက ရှယ်ယာ ၂၅ ရာခိုင်နှုန်းနှင့် Changi Airport International က ရှယ် ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ခြင်း ဖြစ်သည်။

စင်ကာပူကုမ္ပဏီ၏ထုတ် ပြန်ချက်တွင် ဒီဇိုင်းရေးဆွဲမှု၊ လေဆိပ်တည်ဆောက်မှု၊ စီမံခန့်ခွဲမှု တို့ကို ပူးတွဲဆောင်ရွက်ရန် သဘောတူသော်လည်း အချို့ ကိစ္စများညှိနှိုင်းဖြေရှင်း၍ မရမီ သက်တမ်းကုန်ဆုံးခဲ့သည်ဟု ဆို ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ‘‘သူတို့မလုပ်နိုင် တော့ဘူးဆိုရင်လည်း တခြားလုပ်နိုင်တဲ့သူနဲ့ ဆက်လုပ်မယ်’’ဟု ပြောသည်။

အဆိုပါစီးပွားရေးလုပ်ငန်းစု နှင့်ဆွေးနွေးရာတွင် နိုင်ငံထိခိုက်မည့် အချက်အလက်များ ပါဝင်သဖြင့် ညှိနှိုင်း၍ အဆင်မပြေဖြစ် နေကြောင်း ဦးဝင်းခန့်က ပြောသည်။ ဆွေးနွေးမှုများတွင်လည်း ဝန်ကြီးဌာန၏ သဘောအတိုင်း ဆွေးနွေးခဲ့ခြင်းမဟုတ်ဘဲ ဂျပန် အတိုင်ပင်ခံကုမ္ပဏီ၏အကြံပေး ချက်ဖြင့် ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါစီမံကိန်းသည် ဂျပန် နိုင်ငံမှ ချစ်ကြည်ရေးအရ တည်ဆောက်လိုခြင်းကြောင့် ဂျပန်နိုင်ငံ အစိုးရကဆောက်လုပ်ရန် နောက်မဆုတ်လိုကြောင်း ဦးဝင်းခန့်က ပြောသည်။

‘‘စီမံကိန်းကတော့ ဆက် အကောင်အထည်ဖော်ရမယ့် စီမံ ကိန်းဖြစ်တော့ ဆက်လုပ်မှာပါ။ ချစ်ကြည်ရေးကို ဦးတည်ပြီးစတည်ခဲ့တာဖြစ်နေတော့ ဂျပန်ဘက်က နောက်မဆုတ်ချင်ပါဘူး’’ဟု ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်းအမြန်တည်ဆောက်ရန်နှင့် တင်ဒါအောင်ကုမ္ပဏီက ဆက်လက်ဆောင်ရွက်လိုခြင်းမရှိပါက တင်ဒါအသစ်ခေါ်ရန် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက တိုက်တွန်းထားသည်။

ဟံသာဝတီလေဆိပ်စီမံ ကိန်းကို ၂၀၁၂ က စတင် တင်ဒါ ခေါ်ယူပြီး အစိုးရ၊ ပုဂ္ဂလိကပူး ပေါင်းဆောင်ရွက်သော စနစ်ကိုအခြေခံသည့် စီမံကိန်းဖြစ်သည်။ ပဲခူးမြို့ ကျောက်တိုင်ကန်ရွာအနီး ဂျပန်ခေတ်က လေဆိပ်သဖွယ် အသုံးပြုခဲ့သော မြေဧက ၉၀၀ ကျော်တွင် အကောင်အထည် ဖော်မည့် ယင်းစီမံကိန်းသည် ဒေါ် လာ နှစ်ဘီလီယံခန့် ကုန်ကျနိုင် ကြောင်း ခန့်မှန်းထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service