စက်မှုနှင့် အိမ်၊ ခြံ၊ မြေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၀ ရာခိုင်နှုန်းအထိရှိ

စက်မှုနှင့် အိမ်၊ ခြံ၊ မြေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၀ ရာခိုင်နှုန်းအထိရှိ - Property News in Myanmar from iMyanmarHouse.com
28 Feb 2018 9:58 am တွင် တင်ခဲ့သည်
4713 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း စက်မှုလုပ်ငန်းနှင့် အိမ်၊ ခြံ၊ မြေ လုပ်ငန်းတို့တွင် ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်ရှိပြီး စက်မှုလုပ်ငန်းနှင့် အိမ်၊ ခြံ၊ မြေ လုပ်ငန်းများတွင်ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်ရှိကြောင်း ယင်းဌာနထံမှသိရသည်။

“စက်မှုလုပ်ငန်းတွေက အစတည်းက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်မယ့် ကဏ္ဍထဲပါတော့ များများဝင်တာပါပဲ။ အိမ်၊ ခြံ၊ မြေကတော့ ရန်ကုန်တိုင်းအစိုးရက တန်ဖိုးနည်းအိမ်ရာတွေ လုပ်တာရယ်၊ ပဲခူးတိုင်းမှာလည်း အိမ်ရာစီမံကိန်းတွေ လုပ်နေတာတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတိုးလာတာပါ”ဟု ယင်းဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခင်အစိုးရလက်ထက်က ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သော်လည်း ယခုအချိန်တွင်မူ စွမ်းအင်ဝန်ကြီးဌာနက လုပ်ကွက်အသစ်များ ချထားပေးခြင်း မရှိသည့်အတွက် ယင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိပေ။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံကျော် ဝင်ရောက်ရန် မျှော်မှန်းထားပြီး ယခင်နှစ် ဧပြီလမှ ယခုနှစ် ဖေဖော်ဝါရီလအထိရရှိသည့် စာရင်းအရ ငါးဘီလီယံနီးပါးရှိသောကြောင့် ယခုနှစ်တွင် လျာထားချက်ထက် ကျော်လွန်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

“အိမ်၊ ခြံ၊ မြေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက တန်ဖိုးသင့်တွေ၊ တန်ဖိုးမြင့်တွေဆောက်တာတွေ တွေ့တယ်။ များများဆောက်ပေမယ့် လက်ရှိအနေအထားက အရောင်းအဝယ်အေးတယ်။ ဥပဒေလည်း မထွက်သေးတာပါတာပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ဝင်မယ်ဆိုရင် ဈေးကလည်း အသင့်အတင့်ရှိပြီး ဝန်ဆောင်မှုကောင်းတဲ့အိမ်ရာတွေ ပေါ်လာလိမ့်မယ်”ဟု အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် ဦးမြင့်သောင်းက ပြောဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service