ရန်ကုန်တိုင်းအစိုးရမှ ရောင်းချမည့်အိမ်ရာတိုက်ခန်းများ လွှတ်တော်ကိုယ်စားလှယ် ထောက်ခံချက်ပါမှသာ ၀ယ်ယူခွင့်ရရှိမည်

ရန်ကုန်တိုင်းအစိုးရမှ ရောင်းချမည့်အိမ်ရာတိုက်ခန်းများ လွှတ်တော်ကိုယ်စားလှယ် ထောက်ခံချက်ပါမှသာ ၀ယ်ယူခွင့်ရရှိမည် - Property News in Myanmar from iMyanmarHouse.com
27 Feb 2018 12:26 pm တွင် တင်ခဲ့သည်
6372 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအစိုးရမှရောင်းချမည့် အိမ်ရာတိုက်ခန်းဝယ်ယူခွင့် လျှောက်ထားသူများသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ပါမှသာ ၀ယ်ခွင့်ရရှိမည်ဖြစ်ကြောင်း အိမ်ရာများ ရောင်းချရေးကော်မတီအဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့နယ် ၆ ခုတွင် တည်ဆောက်ထားသော အိမ်ရာတိုက်ခန်းပေါင်း ၁၀၀၀ ကျော်ကို ၁၅ နှစ်အရစ်ကျ ၀ယ်ယူခွင့်လျှောက်လွှာများရောင်းချနေပြီး အိမ်ရာဝယ်ယူခွင့်လျှောက်လွှာပါ စည်းကမ်းချက်များအရ အိမ်ပိုင်မရှိကြောင်းကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ပါတင်ပြရမည်ဟု ဖော်ပြပါရှိကြောင်း အိမ်ရာများရောင်းချရေး ကော်မတီအဖွဲ့ဝင်ဦးညီညီက News Watch သို့ ပြောသည်။

''အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်ပေါ့။ ဥပမာ တောင်ဒဂုံမှာရှိနေတဲ့ အင်းဝအိမ်ရာကို လမ်းမတော်ကနေ ၀ယ်ယူခွင့်လျှောက်ချင်တယ်ဆိုရင် အဲဒီ လမ်းမတော်မှာနေတဲ့ လျှောက်တဲ့သူက အိမ်ပိုင်ရှိ၊ မရှိဆိုတာကို အဲဒီလမ်းမတော်က လွှတ်တော် ကိုယ်စားလှယ်က ထောက်ခံပေးရတာပါ''ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့နယ် ၆ ခုတွင် တည်ဆောက်ထားသော အိမ်ရာတိုက်ခန်း ပေါင်း ၁၀၀၀ ကျော်ကို ၁၅ နှစ် အရစ်ကျဝယ်ယူခွင့်လျှောက်လွှာများကို လျှောက်လွှာတစောင်လျှင် တထောင်ကျပ်နှုန်းဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၄ ခုတို့တွင် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ကာ တလတိတိရောင်းချပေးသွားမည်ဖြစ်ပြီး အိမ်ပိုင်မရှိသည့် အစိုးရ၀န်ထမ်း၊ အငြိမ်းစား၊ ကုမ္ပဏီဝန်ထမ်း၊ ပြည်သူများဝယ်ယူခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချပေးသွားမည့် အိမ်ရာများမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်ရှိ ယုဇနအိမ်ရာအပိုင်း (၁)၊ (၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ shop house များ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာ တိုက်ခန်းများဖြစ်ကြောင်း သိရသည်။

အိမ်ရာဝယ်ယူခွင့် လျှောက်ထားသူများအတွက် စည်းကမ်းချက်များအနေဖြင့် အိမ်ထောင်စု သန်းခေါင်စာရင်း ပုံစံ ၆၆/၆ ရှိသူဖြစ်ရမည်။ အသက် ၂၃ နှစ် ပြည့်ပြီးသူဖြစ်ပြီး အိမ်ပိုင်မရှိသူများ ဖြစ် ရမည်ဟူ၍ သတ်မှတ်ထားပြီး လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာမြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံချက်ပါတင်ပြရမည်ဟု ဖော်ပြထားသည်။

''အဓိကကတော့ အိမ်ပိုင်မရှိသေးတဲ့ဟာရယ် နောက်ပြီးတော့ ၀င်ငွေ၊ အလုပ်ကို သူတို့ပြောတဲ့ ၀င်ငွေကိုပေါ့၊ သူတို့ဝင်ငွေက တလကိုသုံးသိန်းရှိရမယ်။ သုံးသိန်းနဲ့ ဘယ်လောက်ကြား အဲလိုမျိုး သူတို့ဘက်ကပြောရင် အစ်မတို့ဘက်က ထောက်ခံပေးလိုက်တယ်။ လောလောဆယ် လက်မှတ် လာထိုးတာ အယောက် ၃၀ လောက်ရှိတယ်။ အစ်မတို့က အဓိကဒီမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကလည်း နေထိုင်တယ်၊ ဒီမှာရှိတယ်ဆို သူတို့ရဲ့ ရပ်ကွက်ကပြောတဲ့အပေါ်မှာ အစ်မတို့က ထပ်ဆင့်ထောက်ခံပေးလိုက်တာပဲ။ စည်းကမ်းချက်တွေကတော့ သူတို့ အဲဒီထဲမှာတော့ပါမှာပဲ၊ သူတို့ ဘယ်လိုဖြည့်ရမယ်ဆိုတာ'' ဟု ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူခိုင်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ထောက်ခံချက်ပါမှသာ ရန်ကုန်တိုင်းအစိုးရမှ ရောင်းချမည့် အိမ်ရာ တိုက်ခန်းဝယ်ယူ ခွင့်ရရှိမည်ဆိုသည်မှာ ကိုယ်စားလှယ်များအပေါ် တာဝန်ကြီးကြီးတင်ပေးလိုက် သလိုမျိုးဖြစ်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

''အမှန်မှာဆိုလိုတာက မြို့နယ်အုပ်ချုပ်ရေးမှူးလိုလူမျိုးကိုက ပထမအဆင့် သူတို့ကိုထောက်ခံတာ ပြီးတော့မှ အဲဒီအပေါ်မှာ မှန်ကန်မှုရှိ၊ မရှိ အစ်ကိုတို့ကို ပြန်ပြီးတော့ Double Check ပုံစံမျိုးနဲ့ အဲလိုပြန် စိစစ်တဲ့ပုံစံမျိုးမှ ပိုကောင်းလိမ့်မယ်။ ခုကဒီလူတွေ အိမ်တကယ်ပိုင်ဆိုင်မှုရှိ၊ မရှိဆိုတာကို လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ လုံးဝလွှဲထားတယ်။ ဒါလည်း အန္တရာယ်လည်း များတယ်။ နောက်ပြီးတော့ တကယ်လိုက်စစ်ဖို့ဆိုတာကလည်း တော်တော်လေးကိုမလွယ်ကူတဲ့ ကိစ္စပဲလေ။ တကယ်တမ်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီလူအိမ် ရှိ၊ မရှိဆိုတာကို သူ့စာရင်းဇယားအရ ထောက်ခံပေးရမယ်။ ပြီးတော့မှ အဲဒါကိုမှတဆင့် အစ်ကိုတို့က ဒုတိယ၊ ဒုတိယဆိုတာ ဒါကို Double Check ပေါ့၊ သူထောက်ခံပြီးသားကို ကိုယ်တွေက ဒုတိယအဆင့်ထောက်ခံပေးတာမျိုးဆို တော်သေးတယ်။ ဒီလူတွေအိမ်တကယ် ရှိ၊ မရှိဆိုတဲ့ တာဝန်ကြီးတခုလုံးကို ကိုယ်စားလှယ်တွေကို ပေးလိုက်တာ ကျတော့ နည်းနည်းတော့ အခက်တွေ့နေတယ်။ နယ်မြေကျယ်ရင် ကျယ်သလို အလုပ်တွေလည်း ပိုတာပေါ့။ အမှန်မှန်မှာ ကိုယ်စားလှယ်ထောက်ခံချက်ပါသင့်တယ်ဆိုရင်တောင်မှလေ ဒီတာဝန်ကြီးတခုလုံးကို ကိုယ်စားလှယ်ခေါင်းပေါ်မတင်ထားသင့်ဘူး''ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ခန်းများမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများဖြစ်ပြီး ဈေးနှုန်းများအနေဖြင့် ကျပ် ၉၈ သိန်း၊ သိန်း ၁၀၀ ၀န်းကျင်မှ သိန်း ၄၀၀၊ ၅၀၀၊ ၆၀၀ အထိ သတ်မှတ်ထားပြီး ၀ယ်ယူခွင့် ရရှိသူများ အနေဖြင့် ကနဦး ၂၀ ရာခိုင်နှုန်းပေးဆောင်ကာ ၁၅ နှစ် အရစ်ကျပေးချေရမည်ဖြစ်သည်။ ယင်းအပြင် တိုက်ခန်းတန်ဖိုးအကျေပေးသွင်းမည်ဆိုပါကလည်း ၃ ရာခိုင်နှုန်းလျှော့ပေးသွားမည်ဖြစ်သည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service