ဂျပန်လုပ်ငန်းရှင် ၅၀ ခန့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးမြှင့်ရန် မြန်မာသို့လာမည်

ဂျပန်လုပ်ငန်းရှင် ၅၀ ခန့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးမြှင့်ရန် မြန်မာသို့လာမည် - Property News in Myanmar from iMyanmarHouse.com
26 Feb 2018 10:37 am တွင် တင်ခဲ့သည်
5348 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် မတ်လ ၁၃ ရက်နေ့တွင် ဂျပန်လုပ်ငန်းရှင် ၅၀ ဦးခန့်သည် မြန်မာနိုင်ငံသို့ ဆွေးနွေးမှုများ လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

မြန်မာ - ဂျပန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုညီလာခံကို မတ်လ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံမှ Japan – Myanmar Economic Committee KEIDANREN ဥက္ကဋ္ဌ Mr. Ken KOBAYASHI ဦးဆောင်၍ စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးခန့် ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ အသင်းချုပ်မှ တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ဂျပန်လုပ်ငန်းရှင် ၅၀ ဦးခန့်တွင် လေကြောင်းလိုင်းလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အကြီးစားစက်မှု အင်ဂျင်နီယာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆေးနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်း အစရှိသည့် လုပ်ငန်းရှင်များ ပါဝင်မည်ဖြစ်သည်။

အဆိုပါ မြန်မာ - ဂျပန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုညီလာခံတွင် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အကြီးစားဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံပညာရှင်များက စာတမ်းများ၊ အမေးအဖြေကဏ္ဍများဖြင့် ဆွေးနွေးတင်ပြကြမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။

ဆွေးနွေးပွဲ တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံတကာဆက်ဆံရေးဌာန အီးမေးလ် ird@umfcci.com.mm၊ ဖုန်း ဝ၁ - ၂၃၁၄၃၄၄ - ၄၉ (လိုင်းခွဲ - ၁၂၃၊ ၃၁၁) တို့ထံ မတ်လ ၉ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service