အိမ်မြေဈေးကွက်အပေါ် အခွန်စနစ် အကျိုးသက်ရောက်မှု နှစ်သစ်တွင် ကြီးမားနိုင်ဆဲ

အိမ်မြေဈေးကွက်အပေါ် အခွန်စနစ် အကျိုးသက်ရောက်မှု နှစ်သစ်တွင် ကြီးမားနိုင်ဆဲ - Property News in Myanmar from iMyanmarHouse.com
12 Oct 2017 12:26 pm တွင် တင်ခဲ့သည်
2838 ကြိမ် ကြည့်ရှု့ပြီး
လတ်တလော အိမ်ခြံမြေဈေးကွက်လည်ပတ်မှု နှေးကွေးနေရတဲ့ အကြောင်းအရင်းများစွာရှိတဲ့အနက်တစ်ခုအပါအဝင်ဖြစ်တဲ့ အခွန်ကောက်ခံမှုစနစ်ဟာ အိမ်ခြံမြေဈေးကွက်အပေါ်ကို လာမယ့်နှစ်မှာလည်း အကျိုးသက်ရောက်မှုကြီးမားနိုင်ဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ခြောက်နှစ်တာကာလလောက်အတွင်းမှာ အိမ်ခြံမြေဈေးကွက်အတွင်း ဈေးကစားမှုဖြစ်ပေါ်ပြီးတဲ့ နောက်ပိုင်းမှာအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သိသာစွာ အေးသွားခဲ့တဲ့နောက် ၂ဝ၁၆ ခုနှစ်အတွင်းမှာ အသစ် သတ်မှတ်လိုက်တဲ့အခွန်နှုန်းထားကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဟာ ပြန်ဦးမော့ဖို့ရာ အခွင့်အလမ်းပိုနည်းသွားခဲ့ပြန်ပါတယ်။ ရှေ့ဆက်ရမယ့် ကာလတွေမှာ ဈေးကွက်ပြန်သွက်ဖို့ အချိန်ဘယ်လောက် လိုဦးမယ်ဆိုတာ မှန်းဆရခက်ခဲနေပေမဲ့အခွန်စနစ်ရဲ့ အကျိုးသက်ရောက်မှုကတော့ လာမယ့်နှစ်အတွင်းမှာလည်း ကြီးမားနိုင်ဆဲဖြစ်တယ်လို့ အကျိုးဆောင်အများစုက သုံးသပ်နေကြပါတယ်။

''ရှေ့နှစ်မှာ အိမ်မြေအရောင်းအဝယ်အလားအလာ ဘယ်လိုရှိနိုင်မယ်ဆိုတာထက် လက်ရှိအခြေအနေကိုပဲ ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်အောင် လုပ်နေပါတယ်။ ဒါပေမဲ့ လက်ရှိကျင့်သုံးနေတဲ့ အခွန်စနစ်ကတော့ အဆင်မပြေဘူး၊ ပြန်သုံးသပ်သင့်တဲ့ စနစ်ပါ။ ဒါက ကျွန်တော်တို့ အိမ်ခြံမြေအကျိုးဆောင်တွေ အလုပ်ဖြစ်ချင်တဲ့ အချက်တစ်ခုတည်းကြောင့်ပြောတာ မဟုတ်ပါဘူး။ အခွန်ထမ်းပြည်သူတွေ ဥပဒေနဲ့အညီ အခွန်ဆောင် အမည်ပေါက် လုပ်ချင်လာအောင်
ဖြစ်ပါတယ်။ ဈေးကွက်က အခွန်စနစ်နဲ့ ရာခိုင်နှုန်းအတော်များများ သက်ဆိုင်ပါတယ်''လို့ ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ပြောပါတယ်။

၂ဝ၁၅ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေပုဒ်မ ၂၄ အရ ၂ဝ၁၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်ခဲ့တဲ့ အိမ်ခြံမြေအခွန်နှုန်းထားက အိမ်မြေတန်ဖိုး တစ်ကျပ်က ကျပ်သိန်း ၁,ဝဝဝ အထိ သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ ကနေ ကျပ်သိန်း ၅,ဝဝဝအထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝ၁ က ကျပ်သိန်း ၁ဝ,ဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝ၁ က ကျပ်သိန်း ၁၅,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၁၅,ဝဝ၁ နဲ့ အထက် ၃ဝ ရာခိုင်နှုန်း အခွန်ဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်၊ ဧပြီ ၁ ရက်က စတင်အကျိုးသက်ရောက်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ အိမ်မြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝ၁ က ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ နဲ့အထက် ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ပါတယ်။ ဒီနှုန်းထားနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ၂ဝ၁၆၊ မတ်လကုန်အထိကျင့်သုံးခဲ့တဲ့ နှုန်းထားဟာ အိမ်မြေဝယ်ယူသူတွေအတွက် အများကြီး လုပ်သာကိုင်သာရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

''အိမ်မြေအရောင်းအဝယ်ကတော့ အားရစရာကောင်းလောက်အောင် မဖြစ်သေးပါဘူး။ အရောင်းအဝယ်လုပ်ရာမှာ ဝယ်သူအတွက် နာမည်ပေါက်ဖို့ အခွန်နှုန်းထားက အတော်စဉ်းစားစရာဖြစ်နေပါတယ်။ ရာဖြတ်တန်ဖိုးတွေက မနှစ်ကထက် ရာခိုင်နှုန်း နည်းသွားတယ်ဆိုပေမဲ့ လူတွေက အခွန်နှုန်းထားကို ပိုစိတ်ဝင်စားကြပါတယ်။ တန်ဖိုးသင့်တင့်တဲ့ အကွက်အကွင်းတွေပဲ အများဆုံးအားထားအလုပ်လုပ်ကြရဦးမယ်''လို့အိမ်မြေအကျိုးဆောင် ဦးအောင်ဝင်းက
ပြောပါတယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service