တန်ဖိုးမြင့် အိမ်အငှားဈေးကွက် အပြောင်းအလဲ

တန်ဖိုးမြင့် အိမ်အငှားဈေးကွက် အပြောင်းအလဲ - Property News in Myanmar from iMyanmarHouse.com
12 Oct 2017 11:51 am တွင် တင်ခဲ့သည်
7037 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် ဈေးအကျမရှိဘဲ အတက်ချည်းဖြစ်နေခဲ့သည်မှာ နှစ်ကာလများစွာ ကြာခဲ့သည်။ သို့ရာတွင် ထိုအခြေအနေမှ အလှည့်အပြောင်းဘက်သို့ဦးတည်လာသည့် လက္ခဏာများ ယခုနှစ်များတွင် တွေ့လာရသည်။

အိမ်ခြံမြေ ရောင်းဝယ်သည့်ဈေးကွက်တွင် တင်းခံသူများရှိနေသဖြင့် ဈေးအကျဘက်သို့ ဦးတည်သည်ကို သိသာထင်ရှားစွာ မတွေ့ရသေးသော်လည်း ယခုကာလတွင် ဈေးကွက် အပြောင်းအလဲအတွက် အထင်ရှားဆုံးဥပမာကို ပြရမည်ဆိုလျှင် ကွန်ဒိုခန်းနှင့် တန်းမြင့် လုံးချင်းအိမ်အငှားဈေးကွက်ကို လက်ညိုးညွှန်ရမည်ဖြစ်သည်။

ဈေးကွက်အတွင်း ငှားရမ်းလိုသူအရေအတွက် မကျဆင်းသော်လည်း ကွန်ဒိုနှင့် တန်းမြင့်အိမ်အငှားဈေးကွက်မှာ ဈေးကျသွားပြီဟု ဈေးကွက်သတင်းရင်းမြစ်များက မြန်မာတိုင်း(မ်)ကို ပြောကြသည်။

စင်စစ် ထိုအငှားဈေးကွက်သည် နိုင်ငံခြားသားများ ကိုသာ အဓိကအားထားသည့် ဈေးကွက်ဖြစ်သည်။

''အရင်က အငှားဈေးကွက်က ဈေးတက်တာနဲ့ တည်ငြိမ်နေတာမျိုးပဲရှိတယ်။ အခုလို ဈေးကျတာတော့ ဒီနှစ်က ပထမဆုံးပေါ့''ဟု နိုင်ငံခြားသား အိမ်ငှားများအတွက် ဝန်ဆောင်မှုပေးနေသော Estate Myanmar အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါက်တာထူးမြတ်နိုင်က ဆိုသည်။

ဘာကြောင့်ဈေးကျ

ကွန်ဒိုများ ပေါများလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းထက် အငှားကို အားထားသည့်ပမာဏ ကျယ်ပြန့်လာခြင်းတို့အပြင် အရောင်းအဝယ်ဈေးကွက်အေးစက်နေခြင်းတို့က ထိုကဲ့သို့ အငှားဈေးကျရန် တွန်းအားဖြစ်စေသည်ဟု ဒေါက်တာထူးမြတ်နိုင်က ပြောသည်။

ပြည်တော်သစ် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဘိုဘိုကျော်ကလည်း ''အရောင်းအဝယ်အေးလို့ အငှားဈေးကျသွားတယ်လို့ မြင်တယ်။ အရင်က အရောင်းသွက်တုန်းကတော့ နေရာကောင်းတွေမှာ ခိုင်ခိုင်မာမာလိုချင်တော့ ဈေးပိုပေးတာတွေရှိတယ်။ အခုနောက်ပိုင်း အရောင်းအဝယ်လည်း ကျလာတော့ ငှားတဲ့သူအနေနဲ့ကလည်း နောက်တစ်နေရာ ထပ်မသွားတော့ဘူး။ ဒီနေရာကို ဈေးလျှော့ပေးရင် ဆက်ငှားမယ်ဆိုတာမျိုးရှိလာတယ်။ အိမ်ပိုင်ရှင်တွေ ဘက်ကလည်း ငှားရဖို့က အဓိကဆိုတော့ အကျိုးဆောင်ခလည်း သက်သာမယ်။ နောက်လူနဲ့လည်း စကားထပ်မပြောရတော့ အဆင်ပြေရင် ဆက်ငှားလိုက်ကြတယ်။ ဒီလိုနဲ့အငှားဈေးက တဖြည်းဖြည်းကျလာတယ်''ဟု ရှင်းပြသည်။ကွန်ဒိုအငှားဈေးမှာ ၁ဝ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟုလည်း Estate Myanmar မှ ဒေါက်တာထူးမြတ်နိုင်က ဆိုသည်။

အလေ့အထလည်းပြောင်း

ထိုသို့ ဈေးကျသွားသည့်အပြင် ယခင်က အိမ်နှင့် ကွန်ဒိုခန်းပိုင်ရှင်များက အနည်းဆုံး တစ်နှစ်ချုပ်ဖြင့်သာ ငှားရမ်းလေ့ရှိခဲ့သော်လည်း ယခုအခါ အဆိုပါအလေ့အထလည်း ပြောင်းလဲသွားကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုကြသည်။

''နောက်ပိုင်းမှာ ဖြစ်လာတာတစ်ခုက အိမ်ငှားမယ့်သူတွေက များလာတော့ အရင်လို တစ်နှစ်စာချုပ်မှ၊ ခြောက်လစာချုပ်မှ မဟုတ်တော့ဘူး။ လပိုင်းနဲ့လည်း ငှားလာကြတယ်''ဟု ဦးဘိုဘိုကျော်က ဆိုသည်။

ထိုအခြေအနေမျိုးအပြင် ယခုအခါ တစ်မူထူးသော ဈေးကွက်ပုံစံတစ်ခု ပေါ်လာသည်။ ယင်းမှာ မြန်မာများထံမှ နိုင်ငံခြားသားက အိမ် သို့မဟုတ် ကွန်ဒိုကိုငှားကာ ပြန်လည်ပြင်ဆင်ပြီး နိုင်ငံခြားသားအချင်းချင်း ပြန်ငှားကြသည့် ဈေးကွက်ဖြစ်သည်။

''ဒီနှစ်ပိုင်းမှာ နည်းနည်းထူးထူးဆန်းဆန်း တွေ့လာရတာက နိုင်ငံခြားသားတွေက ကျွန်တော်တို့ဆီကနေငှားပြီးတော့ နိုင်ငံခြားသားအကြိုက်ပုံစံတွေကို ပိုင်ရှင်နဲ့ သဘောတူပြီးပြန်ပြင်တယ်။ ပြီးတော့ သူတို့အချင်းချင်းခဏပြန်ငှားတာမျိုး တွေ့ရတယ်။ ဥပမာ သင်တန်းလာတက်တဲ့သူ၊ အလုပ်ကိစ္စနဲ့ ခဏလာတဲ့သူတွေက သီးသန့်ထပ်မငှားတော့ဘဲ သူတို့အချင်းချင်းချိတ်ပြီး ပြန်ငှားကြတယ်။ ဒါကို ပိုင်ရှင်တွေဘက်ကလည်း လက်ခံလာတယ်'' ဟု ဦးဘိုဘိုကျော်က ရှင်းပြသည်။

ဈေးကျသည်ကို ကြိုဆို

ဇလပ်ပွင့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်အောင်က ဈေးကွက်အတွင်း ငှားရမ်းခ ကျဆင်းလာမှုကို ကြိုဆိုကြောင်းပြောသည်။

''ကျွန်တော်တို့အနေနဲ့ အိမ်ခြံမြေဈေးမှ မဟုတ်ဘူး တခြား ဘယ်ကုန်ပစ္စည်းပဲဖြစ်စေ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတန်းတစ်ခုကို ရောက်လာစေချင်တယ်။ ခြံပဲဖြစ်ဖြစ် ကားပဲဖြစ်ဖြစ် သူများနိုင်ငံမှာ ဝယ်မယ်ဆိုရင် ဘာမှ သိပ်မရှိတဲ့ဈေးက မြန်မာနိုင်ငံလည်း ရောက်ရောဈေးအရမ်းမြင့်သွားတော့ သိပ်အဆင်မပြေတော့ဘူး။ ဈေးကျဆင်းလာတာကို ကြိုဆိုတယ်။ ဒါမှ နိုင်ငံတကာကို ယှဉ်လို့ရမှာ။ နိုင်ငံခြားသားဆိုတာက နိုင်ငံတကာကိုလှည့်နေတဲ့သူတွေက ဒီကလူတွေက ပိုပြီး အမြင်ကျယ်တယ်။ စီးပွားရေးအခြေချမယ်ဆိုရင် နိုင်ငံတွေကို ယှဉ်ကြည့်တဲ့အခါ ကိုယ့်နိုင်ငံက ကုန်ကျစရိတ်တွေ အရမ်းကြီးမြင့်နေရင် သူတို့ကရင်းနှီးမြှုပ်နှံမှုဘယ်လုပ်တော့မလဲ''ဟု ၄င်းကဆိုသည်။

''ဈေးကျလာတယ်ဆိုတာကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတစ်ခုကို ပြန်ရောက်လာတာပါ။ အာဆီယံနဲ့ ယှဉ်ပြီးပြောမယ်ဆိုရင် အရင်က မြန်မာက အိမ်ခြံမြေဈေးက အရမ်းမြင့်နေတာ။ မဖြစ်နိုင်တဲ့ဈေးတွေပေါ့။ ဈေးနှုန်းတစ်ခုက မမှန်တဲ့အခါ အချိန်တန်ရင် ပြန်ပြိုပေးရတာ ဓမ္မတာပဲပေါ့'' ဟုလည်း ၄င်းက မှတ်ချက်ပြုသည်။

ငှားရမ်းခ ဈေးကျသွားသော်လည်း ငှားရမ်းသည့်နှုန်းမှာ ကျမသွားဘဲ ကွန်ဒိုခန်းနှင့် တန်းမြင့်လုံးချင်းအိမ် ငှားရမ်းမှု ၃ဝ ရာခိုင်နှုန်းခန့်ပင် ပိုလာသည်ဟုလည်း ပြည်တော်သစ်ကုမ္ပဏီမှ ဦးဘိုဘိုကျော်ကဆိုသည်။

ဈေးကွက်မြင်ကွင်း

လက်ရှိဈေးကွက်တွင် တန်းမြင့်လုံးချင်း အိမ်ဆိုလျှင် ဒေါ်လာ ၃,ဝဝဝ နှင့် ၄,ဝဝဝ ပတ်ဝန်းကျင်ရှိ အိမ်များအငှား သွက်နေပြီး ကွန်ဒိုဈေးကွက်တွင် ဒေါ်လာ ၁,၅ဝဝ နှင့် ၂,၅ဝဝ ပတ်ဝန်းကျင်ဈေးရှိ ကွန်ဒိုများ အငှားသွက်နေကြောင်း သိရသည်။

ယခုအချိန်သည် ခရီးသွားရာသီအစဖြစ်နေသဖြင့် နိုင်ငံခြားသားအများစုမှာ အိမ်ပြန်ရန် ခွင့်ယူကြကြောင်း၊ ထို့ကြောင့် လတ်တလောအငှားဈေးကွက် အနည်းငယ်နှေးနေသော်လည်း ယခုလကုန်ပိုင်းလောက်တွင် ပြန်သွက်လာရန် မျှော်လင့်ရကြောင်း နိုင်ငံခြားသားအိမ်ငှားဝန်ဆောင်မှုပေးသည့် Pronto Services အိမ်ခြံမြေလုပ်ငန်း၏အရောင်းဌာနကို ဆက်သွယ်မေးမြန်း သိရှိရသည်။

''နောက် သုံးနှစ်ကနေ ငါးနှစ်ကြားမှာ အငှားဈေးတွေသိသိသာသာထိုးကျဖို့တော့မရှိပေမဲ့ နောက် ခုနစ်နှစ်လောက်ကြာရင်တော့ ငှားမယ့်အခန်းတွေက များလာပြီးတော့ ငှားမယ့်သူတွေကတော့ နည်းနေတဲ့အတွက် ဈေးနှုန်းကတော့ မျှခြေဖြစ်သွားမယ်လို့ ထင်ပါတယ်'' ဟုလည်Golden City ကွန်ဒိုမီနီယံစီမံကိန်း၏ အရောင်းဒါရိုက်တာ ဦးကျော်စည်သူကလည်း ဈေးကွက်အလားအလာကို သုံးသပ်ပြောကြားသည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ပိုမိုအားကောင်းလာသည်နှင့်အမျှ ၄င်းတို့နေထိုင်ရန် အိမ်များ၊ ရုံးခန်းများ၊ မြေနေရာများ လိုအပ်လာမည်ဖြစ်သည့်အတွက် အနာဂတ်တွင် အိမ်ခြံမြေ အရောင်းအဝယ်အငှားဈေးကွက် အခြေအနေ ပိုမိုကောင်းမွန်လာရန် မျှော်လင့်ရကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ဖြစ်သည့် အိုင်မြန်မာဟောက်စ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

တန်းမြင့်လုံးချင်းအိမ်များကို အနောက်နိုင်ငံသားများနှင့် မိသားစုပါ ပြောင်းရွှေ့လာကြသည့် နိုင်ငံခြားသားများက စိတ်ဝင်စားငှားရမ်းကြပြီး ဂျပန်နှင့် ထိုင်းအပါအဝင် အာရှသားအများစုမှာ ရေကူးကန်၊ အားကစားခန်းမနှင့် ပန်းခြံတို့ပါဝင်သော ကွန်ဒိုခန်းများကို ငှားရမ်းရန် စိတ်ဝင်စားကြသည်ဟု အကျိုးဆောင်များထံမှ သိရသည်။

ရန်ကုန်မြို့တွင် ဗဟန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ရှိ လုံးချင်းအိမ်ရာများမှာ ပို၍အငှားသွက်ကြောင်း နိုင်ငံခြားသားအိမ်ငှားအကျိုးဆောင်များက ဆိုသည်။

အကျိုးဆောင်များ၏ အဆိုအရ တစ်လငှားရမ်းခ ငွေကျပ် ၁ဝ သိန်းနှင့်အထက်ရှိသော အိမ်ငှားဈေးကွက်၏ ၈ဝ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများကို ငှားရမ်းကြခြင်းဖြစ်ပြီး ငှားခတစ်လ ကျပ် ၁ဝ သိန်းဝန်းကျင် ငှားရမ်းခသုံးစွဲသူများတွင် နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား ထက်ဝက်စီခန့် ရှိကြောင်းလည်းသိရသည်။

အိမ်ငှားခများ ဈေးကျနေသော်လည်း ရွှေတောင်ကြားကဲ့သို့သော သီးသန့်ဆန် သည့် အထက်တန်းလွှာ အသိုင်းအဝိုင်း နေရာများတွင်မူ ဈေးနှုန်းအပြောင်းအလဲမရှိဘဲ တည်ငြိမ်ပြီး ထိုနေရာများအတွက် ဈေးကွက်မှာ အခြားသောနေရာများနှင့်မတူဘဲ အသွင်အပြင်ကွဲပြားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service