အိန္ဒိယ အနောက်မြောက်ပိုင်းတွင် လယ်ယာမြေများသိမ်းဆည်းကာ အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်သောကြောင့် သိမ်းဆည်းခံရမည့် လယ်သမားများက မိမိကိုယ်ကိုမြေမြှုပ်ကာ ဆန္ဒပြလျက်ရှိ

အိန္ဒိယ အနောက်မြောက်ပိုင်းတွင် လယ်ယာမြေများသိမ်းဆည်းကာ အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်သောကြောင့် သိမ်းဆည်းခံရမည့် လယ်သမားများက မိမိကိုယ်ကိုမြေမြှုပ်ကာ ဆန္ဒပြလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
12 Oct 2017 11:29 am တွင် တင်ခဲ့သည်
6033 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်နှင့် ထိစပ်လျက်ရှိသောဒေသတွင် ရာဂျက်စ်သန်အမည်ရှိ ပြည်နယ်ကြီး တည်ရှိပြီး အိန္ဒိယနိုင်ငံတွင် ဧရိယာ အကျယ်ဝန်းဆုံးဖြစ်ကာ စတုရန်းမိုင်ပေါင်း ၁၃၂၁၃၉ ခန့်ကျယ်ဝန်းကာ ရာဂျက်စ်သန် သဲကန္တာရကြီး တည်ရှိသည့် နေရာလည်းဖြစ်သည်။

ယခုအခါ ရာဂျက်စ်သန်ပြည်နယ်တွင် လယ်သမားတို့၏ မြေယာများကို
သိမ်းဆည်းရန် အစိုးရက စီစဉ်လျက်ရှိသောကြောင့် ဒေသခံလယ်သမား
ရာပေါင်းများစွာ ဆန္ဒပြလျက်ရှိရာ အချို့မှာ မြေကျင်းများတူးကာ မိမိကိုယ် မိမိ
မြေမြှုပ်ကာ ဆန္ဒပြလျက်ရှိကြသည်။

ပြည်နယ်၏ မြို့တော် ဂျိုင်ပူရမြို့မှ ၂၀ ကီလိုမီတာခန့် ဝေးကွာသည့် နင်ဒါကျေးရွာတွင် မြေမြှုပ်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ၏ မွေးနေ့မှ စတင်ကာ ပြုလုပ်လျက်ရှိခြင်း ဖြစ်
သည်။ မဟတ္တမ ဂန္ဒီသည် ၁၈၆၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင်
မွေးဖွားခဲ့သူ ဖြစ်သည်။

ဆန္ဒပြခေါင်းဆောင်ဖြစ်သူ နာဂန္ဓာ ရှီခါဝပ်က ပြောကြားရာတွင် မြေသိမ်းမည်ဆိုပါက လယ်သမားများ အပါအဝင် မိသားစုပေါင်း ၅၀၀၀ ခန့်ထိခိုက်နစ်နာကြရတော့မည်ဖြစ်သည်ဟု ဆိုသည်။

မြေယာများသိမ်းဆည်းမည်ဖြစ်ကြောင်း သတိပေးကြေညာချက်
ထုတ်ပြန်လိုက်ပြီးကတည်းက လယ်သမားတို့ ဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်။
“စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်နေကြတာဆိုတော့ ဒီမြေယာတွေကို
မဆုံးရှုံးချင်ကြဘူး” ဟု ရှီခါဝပ်က ပြောကြားသည်။

“အစိုးရက ဒေသခံတွေရဲ့ ငွေဝင်လမ်းကို ဖျက်ဆီးချင်နေတာ ဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်” ဟုလည်း
၎င်းက ဆက်လက်ပြောကြားသည်။

အိန္ဒိယအစိုးရက အဆိုပါဒေသရှိ မြေဧကပေါင်း ၅၄၀ ခန့်ကို သိမ်းဆည်းကာ အိမ်ရာစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း Indian Express သတင်းစာတွင်လည်း ဖော်ပြထားသည်။
အစိုးရက ကမ်းလှမ်းသည့် လျော်ကြေးငွေမှာ အလွန်နည်းပါးလှကြောင်း လယ်သမားတို့က ဆိုသည်။

လျော်ကြေးပေးမှုနှင့် မြေယာသိမ်းဆည်းမှုတို့မှာ မြေယာဥပဒေအတိုင်းသာဖြစ်
သင့်ကြောင်းလည်း ရှီခါဝပ်က ဆိုသည်။

အဆိုပါဥပဒေအရ မြေယာသိမ်းဆည်းမှုများတွင် ဒေသခံ ၈၀ ရာခိုင်နှုန်း၏ သဘောတူညီမှုရှိရမည်ဟူသည့်အချက်ကို ရှီခါဝပ်က ထောက်ပြခြင်း ဖြစ်သည်။
လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော အိန္ဒိယတွင် မြေယာမှာ ရှားပါးသည့်ရင်းမြစ်တစ်ခုဖြစ်နေပြီး အစိုးရက စက်မှုအသွင်ပြောင်းရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အရှိန်ဟုန်မြှင့်လုပ်ဆောင်လာမှုများကြောင့် လူပေါင်း သန်းနှင့်ချီ၍ အိမ်ရာမဲ့ဖြစ်ခဲ့ကြရသည်။
အများစုမှာ လျော်ကြေးရရန် နှစ်အတန်ကြာ စောင့်စားရလေ့ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိန္ဒိယ အနောက်မြောက်ပိုင်းတွင် လယ်ယာမြေများသိမ်းဆည်းကာ အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်သောကြောင့် သိမ်းဆည်းခံရမည့် လယ်သမားများက မိမိကိုယ်ကိုမြေမြှုပ်ကာ ဆန္ဒပြလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
အိန္ဒိယ အနောက်မြောက်ပိုင်းတွင် လယ်ယာမြေများသိမ်းဆည်းကာ အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်သောကြောင့် သိမ်းဆည်းခံရမည့် လယ်သမားများက မိမိကိုယ်ကိုမြေမြှုပ်ကာ ဆန္ဒပြလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
အိန္ဒိယ အနောက်မြောက်ပိုင်းတွင် လယ်ယာမြေများသိမ်းဆည်းကာ အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်သောကြောင့် သိမ်းဆည်းခံရမည့် လယ်သမားများက မိမိကိုယ်ကိုမြေမြှုပ်ကာ ဆန္ဒပြလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
အိန္ဒိယ အနောက်မြောက်ပိုင်းတွင် လယ်ယာမြေများသိမ်းဆည်းကာ အိမ်ရာစီမံကိန်း ဆောက်လုပ်ရန် စီစဉ်သောကြောင့် သိမ်းဆည်းခံရမည့် လယ်သမားများက မိမိကိုယ်ကိုမြေမြှုပ်ကာ ဆန္ဒပြလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service