မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ (၂) ကို ယခုနှစ်ကုန် စတင်နေထိုင်ခွင့်ပြုမည်

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ (၂) ကို ယခုနှစ်ကုန် စတင်နေထိုင်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
2 Oct 2017 10:01 am တွင် တင်ခဲ့သည်
3144 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) ရှိ တိုက်ခန်းများကို လာမည့် ဒီဇင်ဘာ ၂၀ ရက်ကစတင်၍ နေထိုင်ခွင့်ပေး
မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

အခန်း ၈၀၀ ပါရှိသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း(၂) ရှိ တိုက်ခန်းများကို အိမ်ရာပိုင်ဆိုင်ထားမှုမရှိသည့် အစိုးရ၀န်ထမ်း၊ အငြိမ်းစား၊ ကုမ္ပဏီဝန်ထမ်းနှင့် ၀င်ငွေနည်း ပြည်သူတို့အား ဇန်န၀ါရီ ၄ ရက်က မဲနှိုက်ရောင်း
ချပေးပြီးနောက် လျှပ်စစ်မီးသွယ်တန်းမှုလုပ်ငန်းစဉ် မပြီးသေးသဖြင့် အခန်း
အပ်နှံနိုင်ခြင်းမရှိသေးကြောင်း၊ လာမည့် ဒီဇင်ဘာ ၂၀ ရက်တွင်
မီးသွယ်တန်းမှုပြီးဆုံးမည်ဖြစ်၍ အခန်းကိုအပ်နှံမည်ဖြစ်ကြောင်း
၎င်းက ဆိုသည်။

‘‘ရွှေစာရံဓာတ်အားခွဲရုံက နေ ၁၃ မိုင်ကွာ ဝေးတဲ့နေရာကနေ မီးသွယ်တန်းနေပါတယ်။ မီးရမှပဲ ရေကသုံးလို့ရမှာ။ ဘဏ်နဲ့အား လုံးစာချုပ်ချုပ်ဆိုပြီးတဲ့သူတွေက နေချင်တယ်ဆိုရင် တိုက်ခန်း ပေးပါ့မယ်။ ဒါပေမဲ့ ရေ၊ မီးမရ သေးပါဘူး။ ဒီဇင်ဘာ ၂၀ ကျမှ အကုန်ရမှာပါ’’ဟု ဦးသက်နိုင်က ပြောသည်။ တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူများထဲမှ ၂၆ ဦးအားတိုက်ခန်းသော့ အပ်နှံထားပြီးဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။

ကျန်ရှိသည့် အခန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအစီအမံဖြင့် ၄၅ ခန်း၊ ၁၉၅ ခန်း ကို ပြည်ထောင်စုအစိုးရအဖွဲ့ ၀န် ထမ်းများအတွက် မဲနှိုက်ရောင်းချ ခဲ့ကြောင်း ဦးသက်နိုင်က ပြော ကြားသည်။

တန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) စီမံကိန်းတွင် ရဲစခန်းများ၊ မီးသတ်စခန်းများ၊
စာသင်ကျောင်း များ၊ ဘဏ်များ၊ ဈေးများ၊ ဈေး ၀ယ်စင်တာများ၊ ကားပါကင်များ
စသည်တို့ပါရှိမည်ဖြစ်ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ အားလုံး အကောင်အထည်ဖော်ပြီးဆုံးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

တန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) ရှိ တိုက်ခန်းကို မဲပေါက်၍ ၀ယ်ယူခွင့်
ရရှိပြီးနောက် တိုက်ခန်းအရစ်ကျ ၃၀ ရာခိုင်နှုန်းကို လအတော်ကြာ ပေးသွင်းထားသော်လည်း တိုက်ခန်းကို လက်ရှိအချိန်ထိ အပ်နှံနိုင်ခြင်းမရှိမှုအပေါ် နစ်နာကြောင်း ၀ယ်ယူခွင့်ရရှိသူများက ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service