ငါန်းဇွန်တွင် ဧက ၃၀၀ ကျော်ရှိ မြို့ပြစီမံကိန်းဖော်ဆောင်ရန် တရုတ်ကုမ္ပဏီက ဒေါ်လာ သန်း ၃၉၀ မြှုပ်နှံမည်ဆို

ငါန်းဇွန်တွင် ဧက ၃၀၀ ကျော်ရှိ မြို့ပြစီမံကိန်းဖော်ဆောင်ရန် တရုတ်ကုမ္ပဏီက ဒေါ်လာ သန်း ၃၉၀ မြှုပ်နှံမည်ဆို - Property News in Myanmar from iMyanmarHouse.com
25 Sep 2017 11:27 am တွင် တင်ခဲ့သည်
5986 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မန္တလေး- မြို့သာစက်မှုဥယျာဉ် မြို့တော် စီမံကိန်းတွင် ဧက ၃၀၀ ကျော်ရှိမည့် မြို့ပြစီမံကိန်းသစ်တစ်ခုကို တရုတ်နိုင်ငံက ကန်ဒေါ်လာသန်း၃၉၀ရင်း နှီးမြှုပ်နှံမည်ဖြစ်ကြောင်း မန္တလေး မြို့သာ စက်မှုဥယျာဉ်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်(MMID) ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

မြင်းခြံခရိုင် ငါန်းဇွန်မြို့ နယ်အတွင်း ဧက ၂,၆၆၀ ရှိသော မြို့သာစက်မှုဥယျာဉ်မြို့တော် စီ မံကိန်းကို ဖော်ဆောင်နေသည်။ ယင်းစီမံကိန်းအတွင်း မြို့ပြစီမံကိန်းသစ်တစ်ခုထပ်မံဖော်ဆောင် ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်ချန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ ၃၉၀ ရင်းနှီးမြှုပ်နှံပြီး ၂၀၁၈ မတိုင်မီ စတင်အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာတရုတ်ကနေ ရင်းနှီးမြှုပ်နှံဖို့လာတယ်။ သုံးနှစ်အတွင်း အကုန်လုံး အကောင်အထည်ဖော်မယ်။ အဲဒီမှာလည်း မြို့ပြအိမ်ရာသစ်တစ်ခု ပေါ်လာမယ်’’ဟု ဦးအောင်ဝင်း ခိုင်က ပြောသည်။

အဆိုပါ ဧက ၃၀၀ ကျော်ရှိ သည့် မြို့ပြစီမံကိန်းတွင် ဧက ၅၀ ကို ပထမအကြိမ် စတင်အကောင် အထည်ဖော်မည်ဖြစ်ပြီး သုံးနှစ် အတွင်း အပြီးဆောင်ရွက်မည် ဖြစ်သည်။ ယင်းမြို့ပြစီမံကိန်းအတွင်းတွင် လူနေအိမ်၊ စက်ရုံ၊ အလုပ်ရုံ၊ ၀န်ထမ်းအိမ်ရာ စသည်တို့ပါရှိမည်ဖြစ်သည်။

မြို့သာစက်မှုဥယျာဉ်မြို့ တော်စီမံကိန်းကို ၂၀၁၄ မှစတင် ကာ မန္တလေးတိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရရှိလာ သည့် အကျိုးအမြတ်များကို အစိုး ရအဖွဲ့က ၂၀ ရာခိုင်နှုန်းရရှိမည် ဖြစ်သည်။

လက်ရှိစီမံကိန်းအတွင်း ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ နေရာငှားရမ်း၍ လာရောက်ရင်းနှီးမြှုပ်နှံနေပြီး ဟောင်ကောင်အထပ် သားစက်ရုံ၊ အင်ဒိုနီးရှား Japfa တိရစ္ဆာန်အစာစပ်စက်ရုံ၊ China စားသောက်ကုန်စက်ရုံ၊ Thai Cement Product စက်ရုံ၊ ပြည်တွင်း Asia Speed Concrete Block စက်ရုံများ၊ Shophouse များ စသည်တို့ လည်ပတ်နေပြီ ဖြစ်သည်။

ထို့အပြင် ယင်းဥယျာဉ်မြို့ တော်အတွင်း တည်ဆောက်နေ သည့် ဧက ၃၈၀ ရှိသော ဂေါက်ကွင်းကိုလာမည့် ဒီဇင်ဘာတွင် ဖွင့်လှစ်ပြီး နောက်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ဦးအောင်ဝင်း ခိုင်က ပြောသည်။

ဂေါက်ကွင်းသည် ဧက ၃၈၀ ကျယ်ဝန်းပြီး ကျင်းပေါင်း ၁၈ ကျင်းရှိကာ နိုင်ငံတကာက လာရောက်ကစားနိုင်ရန် အဆင့်မီ၍ အာရှတွင် အဆင့်(၅)အထက်ရှိ ကြောင်း ၎င်းကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service