စင်ဒီကရောဖို့ဒ်နှင့် ရန်ဒီ ဂါဘာတို့ စုံတွဲ OneRepublic ရှေ့ထွက်အဆိုတော်၏ နေအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဝယ်ယူ

စင်ဒီကရောဖို့ဒ်နှင့် ရန်ဒီ ဂါဘာတို့ စုံတွဲ OneRepublic ရှေ့ထွက်အဆိုတော်၏ နေအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
21 Sep 2017 12:15 pm တွင် တင်ခဲ့သည်
2668 ကြိမ် ကြည့်ရှု့ပြီး
စူပါမော်ဒယ် စင်ဒီကရောဖို့ဒ်နှင့် ရန်ဒီ ဂါဘာတို့ စုံတွဲသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်ကြယ်ပွင့်များ စုဝေးရာ ဘီဗာလီဟေးလ်အရပ်တွင် ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် နေအိမ်တစ်လုံး ဝယ်ယူလိုက်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကို မူလက ပိုင်ဆိုင်ခဲ့သူမှာ OneRepublic မှ ရှေ့ထွက်အဆိုတော် ရိုင်ယန် တက်ဒါဖြစ်ပြီး ၁၉၅၉ ခုနှစ်က ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်သည်။

ဘီဗာလီဟေးလ်၏ တန်ဖိုးအကြီးဆုံးနေရာ Trousdale Estates အရပ်တွင် တည်ရှိပြီး အိပ်ခန်း ၅ ခန်းပါ နေအိမ်အတွက် စင်ဒီကရောဖို့ဒ် ပေးခဲ့ရသည်မှာ ကန်ဒေါ်လာ ၁၁ ဒသမ ၆၃ သန်း ဖြစ်သည်။

ကြမ်းခင်းဧရိယာ ၅၃၈၆ စတုရန်းပေ ကျယ်ဝန်းသည့် နေအိမ်ကို OneRepublic ရှေ့ထွက်အဆိုတော် ရိုင်ယန်တက်ဒါနှင့် ဇနီးဖြစ်သူ ဂျဲနဗီတို့က ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၇ ဒသမ ၄၉ သန်းဖြင့် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

ခြံဝန်းအကျယ်မှာ တစ်ဧကခန့်ရှိပြီး ပန်းဥယျာဉ်များ ၊ မြက်ခင်းပြင်များဖြင့် နေအိမ်ကို ဝန်းပတ်ထားသည်။

ခြံဝန်းအတွင်းတွင် သစ်ရိပ်ဝါးရိပ်ကောင်းမွန်သော ရေကူးကန်တစ်ခု ပါဝင်သည်ကို တွေ့ရသည်။

နေအိမ်အတွင်းတွင် သစ်မာသားကြမ်းခင်းများ၊ မှန်နံရံများ၊ အပြည့်အစုံ ခေတ်မီအဆင့်မြှင့်တင်ထားသော မီးဖိုဆောင်နှင့် မီးလင်းဖိုများစွာ တွေ့ရသည်။

Master bedroom မှတစ်ဆင့် နေအိမ်အပြင်ဘက်ဆီသို့ တိုက်ရိုက်ရောက်ရှိနိုင်သည်ကို တွေ့ရ၏။

ဤနေအိမ်သည် ပြီးခဲ့သည့် ဇွန်လကတည်းက အရောင်းဈေးကွက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၇၅ သန်း ဖြစ်သည်။

OneRepublic ဘက်မှ ကိုယ်စားပြုသည်မှာ Partners Trust အိမ်ခြံမြေကုမ္ပဏီဖြစ်ပြီး စင်ဒီကရောဖို့ဒ်ဘက်မှ Westside Estate Agency အိမ်ခြံမြေကုမ္ပဏီက ယခုအရောင်းအဝယ်တွင် ကိုယ်စားပြုခဲ့ကြသည်။

စင်ဒီကရောဖို့ဒ်သည် လော့စ်အိန်ဂျလိမြို့ မာလီဘူးတွင် အိပ်ခန်း ၄ ခန်းပါ ပင်လယ်ကမ်းခြေနေအိမ်ကြီးတစ်လုံးလည်း ပိုင်ဆိုင်ထားပြီး ယင်းနေအိမ်အတွက် ဝယ်လက်ရှာနေဆဲ ဖြစ်သည်။

အဆိုပါနေအိမ်ကို စင်ဒီကရောဖို့ဒ်က ကန်ဒေါ်လာ သန်း ၆၀ ဈေးခေါ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်ဒီကရောဖို့ဒ်နှင့် ရန်ဒီ ဂါဘာတို့ စုံတွဲ OneRepublic ရှေ့ထွက်အဆိုတော်၏ နေအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်ဒီကရောဖို့ဒ်နှင့် ရန်ဒီ ဂါဘာတို့ စုံတွဲ OneRepublic ရှေ့ထွက်အဆိုတော်၏ နေအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်ဒီကရောဖို့ဒ်နှင့် ရန်ဒီ ဂါဘာတို့ စုံတွဲ OneRepublic ရှေ့ထွက်အဆိုတော်၏ နေအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်ဒီကရောဖို့ဒ်နှင့် ရန်ဒီ ဂါဘာတို့ စုံတွဲ OneRepublic ရှေ့ထွက်အဆိုတော်၏ နေအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်ဒီကရောဖို့ဒ်နှင့် ရန်ဒီ ဂါဘာတို့ စုံတွဲ OneRepublic ရှေ့ထွက်အဆိုတော်၏ နေအိမ်ကို ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service