အလှဆင်ဖို့ တောင်းဆိုလာတဲ့ ရန်ကုန်က အိမ်တွေ

အလှဆင်ဖို့ တောင်းဆိုလာတဲ့ ရန်ကုန်က အိမ်တွေ - Property News in Myanmar from iMyanmarHouse.com
21 Sep 2017 11:26 am တွင် တင်ခဲ့သည်
6435 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်က လွန်ခဲ့တဲ့ ၁ဝ စုနှစ်တွေထက် အရောင်စုံလင်လာသည်။ ၂ဝ၁ဝ နိုင်ငံရေးပြောင်းလဲမှုအပြီး ၂ဝ၁၂ ခုနှစ် နောက်ပိုင်းကတည်းက ပြည်တွင်းမှာ ယခင်က မရှိခဲ့တဲ့ အလုပ်အကိုင်တွေရှိလာသလို၊ ကမ္ဘာအနှံ့က ပြည်ပသားတွေလည်း ကဏ္ဍစုံမှာ လုပ်ကိုင်ကြဖို့ ရောက်လာကြသည်။
ထိုနည်းတူပဲ ပြည်တွင်း အနယ်နယ်အရပ်ရပ်က သူတွေဟာလည်း ရန်ကုန်ကို အိပ်မက်အဖုံဖုံနဲ့ ရောက်လာနေကြတာ နေ့စဉ်ရှိနေသည်။

ရန်ကုန်က အိမ်ခန်းအများစုသည် ယခင်တစ်လျှောက်လုံး ဖြစ်သလိုဆောက်လာခဲ့ရာ အများအပြားမှာ လေးထောင့်ပုံ ကွန်ကရစ်ပြွန်ချောင်းသာသာရှိသောကြောင့် နေထိုင်သူများအဖို့ သက်သောင့်သက်သာရှိရန် မလွယ်ကူပေ။

အချိန်အများစုကို အလုံပိတ်အခန်းများတွင်သာ ကုန်ဆုံးနေကြသူများအဖို့ စိတ်ထဲမှာ သက်တောင့်သက်သာရှိဖို့ ကုစားမှုက လိုအပ်ချက်တစ်မျိုးဖြစ်လာသည်။

ထို့ကြောင့် လက်ရှိတွင် လူငါးသန်းကျော်ရှိပြီး တစ်နေ့တခြား လူထူထပ် လာသည့်ရန်ကုန်က တိုက်ခန်းများသည် နေထိုင်သူတို့ သက်သောင့်သက်သာ ရှိရန် အိမ်အလှဆင်မှုကို တောင်းဆိုလာကြသည်။

အိမ်အလှဆင်သည့် လုပ်ငန်းများသည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်းမှစ၍တဖြည်းဖြည်း တွင်ကျယ်လာကာ ယခုအချိန်တွင် သင့်တင့်သောအခြေအနေတွင် ရပ်တည်နေနိုင်ပြီဟု ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်အချို့က ဆိုကြသည်။

ရန်ကုန်တွင် တိုက်ခန်းဝယ်ကာ အိမ်တွင်းအလှဆင်ပြီး ပြန်လည်ငှားရမ်းသည့်လုပ်ငန်းကို လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား မစ္စတာ တက်ဒီ တာနဖော ဂျီရပွန်ဖန်နစ်က ''ကျွန်တော့်အမြင်အရတော့ ရန်ကုန်ဟာ အိမ်တွင်းအလှဆင်မှုကို လိုကိုလိုအပ်နေတယ်။ ဒါမှ လူတွေ အပြည့်အဝအနားရပြီး သောကတွေလျော့မယ်၊ နောက်နေ့မှာ ခွန်အားပြည့် အလုပ်လုပ်နိုင်မယ်''လို့ မြန်မာတိုင်း(မ်)ကို ပြောသည်။

ဈေးကွက်အခြေအနေ

အများအားဖြင့် နိုင်ငံခြားသားကို ငှားရမ်းမည့်တိုက်ခန်းများ၊ ကွန်ဒိုများတွင် အိမ်အတွင်းအလှပြင်ဆင်လာကြသည်။ ယခုနောက်ပိုင်းတွင် ဈေးဆိုင်ခန်းများ၊ ဈေးဝယ်စင်တာများ၊ ဆေးရုံများ၊ ဟိုတယ်များနှင့် ရုံးခန်းများတွင်လည်း အလှဆင်ရန် ပိုမိုစိတ်ဝင်စားလာကြကြောင်း အိမ်တွင်းအလှဆင်လုပ်ငန်း လုပ်ကိုင်နေသည့် အင်ဂျင်နီယာ ဦးတင်သန်းဦးက ပြောသည်။

ခြံဝင်းများထဲတွင် ပြုလုပ်သည့်ူညျေိခစေန အလှဆင်မှုကိုမူ သိပ်မလုပ်ကြသေးကြောင်း သူကဆက်ပြောသည်။ ဈေးဝယ်စင်တာများတွင် ရောင်းချသည့် ဆိုင်ခန်းများသည် အမှတ်တံဆိပ်ပြောင်းလဲသည့်အခါ နောက်ဒီဇိုင်းတစ်မျိုးဖြင့် အစအဆုံးပြန်ပြင်ကြသည့် လုပ်ငန်းမှာမူ တွင်ကျယ်ကြောင်း ၄င်းက ပြောသည်။

''ဒီမှာက အိမ်တွင်းအလှဆင်ဈေးကွက်က တဖြည်းဖြည်းချင်းတိုးတက် လာတာတော့ တွေ့နေရပြီ။ အထူးသဖြင့် မြန်မာတွေက ပြည်ပနိုင်ငံတွေကို အရင်ကထက် အသွားများလာတယ်။ ဟိုရောက်တော့ သူတို့မြင်တွေ့ပြီး သိလာတာတွေထဲကမှ ကောင်းနိုးရာရာတွေ အမူအကျင့်တွေကို ယူဆောင်လာကြတာပေါ့။ အဲဒီအထဲက အိမ်တွင်းအလှဆင်မှုကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်''ဟု မစ္စတာ ဂျီရပွန်ဖန်နစ်က မှတ်ချက်ပြုသည်။

တစ်ဖက်တွင်လည်း တိုက်ခန်းအရောင်းအဝယ်ဈေးကွက် အေးစက်နေခြင်းက ယင်းလုပ်ငန်းဈေးကွက်ကို သက်ရောက်မှုရှိကြောင်း ဦးတင်သန်းဦးက ပြောသည်။

သို့သော် ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် ရုံးများ အများအပြား ဆောက်လုပ်လာကြသဖြင့် အခန်းအလှဆင်သည့် ဈေးကွက်မှာ ဟန်မပျက်ဆက်ရှိနေကြောင်း ၄င်းကဆိုသည်။

အိမ်ကိုအလှဆင်ကြသူ အများစုမှာ လူလတ်တန်းစားများဖြစ်ကြပြီး ကိုယ်တိုင်နေထိုင်ရန်မဟုတ်ဘဲ နိုင်ငံခြားသားများကို ငှားရန်အတွက်သာ အများစုက ပြင်ဆင်ကြသည်ဟု သိရသည်။

''နိုင်ငံခြားသားက အခန်းဝယ်မရတော့ ပရိဘောဂအပြည့်အစုံပါတဲ့ တိုက်ခန်းတွေ ငှားလာကြတယ်။ နိုင်ငံခြားသား အငှားဈေးကွက် သွက်လာတာနဲ့အမျှ ဒီလုပ်ငန်းကလည်း ပိုပြီးတိုးတက်လာတယ်''ဟု ၄င်းက ဆိုသည်။

နိုင်ငံခြားသားအငှားဈေးကွက်တွင် အသင့်နေထိုင်နိုင်သည့် တိုက်ခန်း ဈေးမှာ တစ်လလျှင် ဒေါ်လာ ၁,၂ဝဝ ခန့်မှစပြီး လုံးချင်းနှစ်ထပ်တိုက်ဆိုလျှင် ဒေါ်လာ ၄,ဝဝဝ ခန့်ထိရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။

ဘာကြောင့် အိမ်ကိုအလှမဆင်ကြတာလဲ

ရန်ကုန်က တိုက်ခန်းများသည် အလှဆင်ပြီးမှ နေသာထိုင်သာရှိမည်ဖြစ် သော်လည်း အခြားတစ်ဖက်တွင် စဉ်းစားစရာများကလည်း ရှိသေးသည်။

အိမ်တွင်းအလှဆင်ရာတွင်လည်း အသုံးပြုသည့် ပစ္စည်းအပေါ် မူတည်ပြီး ကုန်ကျစရိတ်ရှိသဖြင့် နိုင်ငံသားများ၏ ဝင်ငွေအရ လက်လှမ်းမီရန် ခက်ခဲနေသေးသည်ဟု ဈေးကွက်သတင်းရင်းမြစ်များက ဆိုသည်။

ပုံမှန်အရွယ်အစားရှိသော အခန်းတစ်ခန်းကို ပြုပြင်မည်ဆိုလျှင် အနည်းဆုံး ကျပ်သိန်း ၈ဝ နှင့် သိန်း ၁ဝဝ ပတ်ဝန်းကျင်ခန့် ကုန်ကျစရိတ်ရှိသည်ဟု သိရသည်။

အိမ်အလှဆင်လုပ်ငန်းများကို ယခင်ထက်စာလျှင် ပိုမိုစိတ်ဝင်စားမှုရှိလာကြသော်လည်း ရှေးရိုးစွဲနေသော အယူအဆများကြောင့် ဆောက်ပြီးသား အိမ်ဒီဇိုင်းများကို ပြုပြင်ရန် တွန့်ဆုတ်နေကြသည်များလည်းရှိကြောင်း ရန်ကုန်မြို့ အင်းလျားလမ်းတွင်နေထိုင်သူ ကိုအောင်မိုးက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့လယ်နှင့် အလှမ်းဝေးသောနေရာများတွင် ကျယ်ဝန်းသောခြံဖြင့် နေထိုင်ရန်သာ ပိုမိုအားသန်ပြီး အိမ်ကိုအလှဆင်ရန် သိပ်စိတ်မဝင်စားသူများလည်း ရှိသည်ဟု အိမ်အလှဆင်သည့် လုပ်ငန်း ဗညဘူနွမသကစ ကုမ္ပဏီက ဦးဇော်ဇော်က ပြောသည်။

အလားအလာ

များမကြာမီ ကွန်ဒိုမီနီယံနည်းဥပဒေလည်း ထွက်ရှိလာတော့မည်ဖြစ်ရာ ကွန်ဒိုခန်းများကို နိုင်ငံခြားသားများပါ ဝယ်ယူခွင့်ရလာတော့မည်ဖြစ်သည်။ ထိုအချိန်တွင် အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာရန် အများစုက မျှော်လင့်နေကြရာ ယင်းဈေးကွက်နှင့်ညီနောင်ဖြစ်သော အိမ်အလှဆင် ဈေးကွက်အတွက်လည်း မျှော်လင့်စရာတစ်ခုဖြစ်လာနိုင်သည်။

ဒို့အိမ် (ီသ့ နငေည) ဟူသည့် အိမ်များကို ပြန်လည်အဆင့်မြ§င့်တင်သည့် စိတ်ဝင်စားဖွယ်ကောင်းသော လုပ်ငန်းမျိုးလည်း ရန်ကုန် ဈေးကွက်တွင်ရှိလာသည်။

၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ မိမိအိမ်ကို အဆင့်မြ§င့်တင်လိုသော အိမ်ရှင်တစ်ဦးက ဒို့အိမ်ကို ကမ်းလှမ်းလာပါက ငါးနှစ် အကျိုးအမြတ်ခွဲဝေရေးစာချုပ်ချုပ်ဆိုသည်။ ပထမဆုံးနှစ်အတွင်း ပြင်ဆင်မှုများ၊ အဆင့်မြ§င့်တင်မှုများအတွက် ပစ္စည်းနှင့် အလုပ်သမားကုန်ကျစရိတ်များကို သူတို့က ကျခံပေးသည်။ အဆင့်မြ§င့်တင်ပြီးနောက် တိုးတက်ရရှိလာသော အကျိုးအမြတ်၏ လေးပုံတစ်ပုံကို ဒို့အိမ်က ယင်းငါးနှစ်အတွင်း ပြန်လည်ရယူပြီး ထိုငွေထဲမှ ငါးရာခိုင်နှုန်းကို အကျိုးအမြတ်မမျှော်သော လုပ်ငန်းများတွင် ပြန်လည်အသုံးပြုသည်ဟု ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ဥပမာအားဖြင့်ဆိုလျှင် အဆင့်မမြ§င့်မီက တစ်လအိမ်ငှားခ ကျပ်နှစ်သိန်းခွဲခန့်ရနေသော အိမ်သည် အဆင့်မြ§င့်တင်ပြီးနောက် တစ်လ ကျပ် ၁ဝ သိန်းရရှိလာပါက တိုးတက်ရရှိလာသော ကျပ်ရှစ်သိန်းခွဲ၏ လေးပုံတစ်ပုံကို ငါးနှစ်အတွင်း ပြန်လည်ပေးရခြင်း ဖြစ်သည်။ ရန်ကုန်တွင် ထိုကဲ့သို့ပြုလုပ်သော တိုက်ခန်းများလည်း ရှိလာပြီ ဖြစ်သည်။

အိမ်အလှဆင်ဖို့ ဘာကြောင့်လို

''ကျွန်တော်ဆို အိမ်မပြန်ချင်ဘူး။ ဘာကြောင့်ဆို အိမ်မှာက နေချင့်စဖွယ်မဖြစ်ဘူး။ ပစ္စည်းတွေက ရှုပ်ပွနေတယ်။ ရှင်းပြစ်ဖို့ကလည်း နေရာမရှိဘူး။ အခန်းကကျဉ်းတော့ လူကဖြစ်သလိုနေရတယ်။ ဒီတော့ဈေးဝယ်စင်တာလို ဟာမျိုးတွေမှာ အချိန်ဖြုန်းရတာ များတယ်'' ဟု အသက် ၃၂ အရွယ် ရန်ကုန်သား ကိုမျိုးကျော်က ပြောသည်။

ကိုယ်တိုင်မလုပ်တတ်သလို ထိုလုပ်ငန်းလုပ်သည့် ကုမ္ပဏီများအပ်ရန် ငွေကုန်ကြေးကျများသဖြင့် မလုပ်ဖြစ်သော်လည်း သူကအိမ်ကို အလှဆင်လိုကြောင်း ပြောသည်။

မြန်မာတိုင်း(မ်)၏ မေးမြန်းချက်အရ မိမိတို့နေသည့် အိမ် သို့မဟုတ် တိုက်ခန်းများကို အလှဆင်လိုသည်မှာ ၄င်းတစ်ဦးတည်းသာမကဘဲ ရန်ကုန်မှာနေတဲ့ လူအများအပြားက အိမ်ကို အလှဆင်ရန်လိုကြောင်းမှတ်ချက်ပေးကြသည်။

ရန်ကုန်တွင် စံချိန်နှင့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ ဆောက်ထားသည့် တိုက်အများအပြား ရှိနေခြင်းကြောင့် ရန်ကုန်သားတို့ နေ့စဉ်ဘဝကို မကြာခဏ ညည်းညူကြသည်။ ထိုအိမ်များနေရာတွင် အိမ်အသစ်များအစားထိုးဖို့ မဖြစ်နိုင်အောင် ခက်သဖြင့် သူတို့အတွက် ကောင်းမွန်စွာပြင်ဆင်ထားသည့် အိမ်ခန်းများ လိုအပ်သည်မှာ အမှန်ပင်။ သို့သော် အိမ်အလှဆင်ရန် ငွေကြေးကလည်း စဉ်းစားနေကြရသည်။

မစ္စတာ ဂျီရပွန်ဖန်နစ်က ''ကျွန်တော်အိမ်ကိုပြန်ပြင်ပြီး အလှဆင်တာလုပ်ဖို့ ကုမ္ပဏီတွေကိုမေးတော့ ကျပ်သိန်း ၁၁ဝ တောင် တောင်းတယ်ဗျ။ အဲဒါနဲ့ ကျွန်တော် ကိုယ့်ဘာသာ ဒီဇိုင်းဆွဲပြီးလုပ်တော့ ကျပ် ၁ဝ သိန်းကျော်ပဲ ကျသင့်တယ်ဗျ။ ကျွန်တော့်အတွေ့အကြုံအရ လိုအပ်တဲ့ပစ္စည်းတွေလည်း ပြည်တွင်းမှာ အကုန်နီးပါးရှိပါတယ်။ သေသေချာချာစဉ်းစားဖို့ရယ်၊ အချိန်ပေးဖို့ရယ်တော့ လိုတာပေါ့''ဟု ၄င်း၏အတွေ့အကြုံကို ရှင်းပြသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service