စောင့်ကြည့်ကာလ ကုန်ဆုံးသင့်ပါပြီ ၊

စောင့်ကြည့်ကာလ ကုန်ဆုံးသင့်ပါပြီ ၊ - Property News in Myanmar from iMyanmarHouse.com
18 Sep 2017 12:02 pm တွင် တင်ခဲ့သည်
9406 ကြိမ် ကြည့်ရှု့ပြီး
ကွန်ဒို ၊ တိုက်ခန်း ၊ အိမ်ခြံမြေ ၀ယ်ချင်တဲ့ လူတွေကို မေးလိုက်ရင် ဈေးများ ထပ်ကျအုံးမလားဆိုတဲ့ အသံတွေဘဲ ထွတ်လို့လာပါတယ် ။ ၂၀၁၄ ခုနှစ်ကတည်းက ရွေးကောက်ပွဲအပြီး ဘာဆက်ဖြစ်အုံးမလဲ ဆိုပြီး စောင့်ကြည့်ကာလလို့ ပြောပြီး စောင့်ကြည့်လာခဲ့တာ အခုဆို သုံးနှစ်တောင်ကျော်လာခဲ့ပြီးဖြစ်ပါတယ် ။ အစိုးရသစ်လည်း ပြောင်းလို့ သက်တမ်းတစ်နှစ်ခွဲကာလကိုလည်း ရောက်လို့လာပါပြီ ။

မကြာခင်မှာ ကွန်ဒိုနည်းဥပဒေ ထွတ်မယ်လို့ တာဝန်ရှိသူတွေ ၊ဌာနဆိုင်ရာတွေ ဘက်က အတိအလင်း ပြောထားပြီးဖြစ်သလို တိုက်ခန်းအိမ်ရာ ဥပဒေ ကလည်း မူကြမ်းရေးဆွဲနေတဲ့အတွက် အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ပိုမိုခိုင်မာလာတော့မှာဖြစ်ပါတယ် ။ ပြည်သူတွေဆီက ယုံကြည်မှု တွေရလာတာနဲ့ အမျှ အရောင်းအ၀ယ် ပြန်လည် သွက်လက်လို့လာတော့မှာဖြစ်ပါတယ် ။ အရောင်းအ၀ယ် အသွင်သဏ္ဍာန်တော့
အပြောင်းအလဲ ရှိနိုင်မယ်လို့ ပညာရှင်တွေ ခန့်မှန်းထားကြပါတယ် ။

စီးပွားရေး လုပ်ငန်းတိုင်းမှာ ရင်းနှီးရတဲ့ အရင်းအနှီးတွေက အများကြီးရှိပါတယ် ၊ အချိန် ၊ငွေ ၊ လုပ်အား နဲ့ ကျွမ်းကျင်မှုက ဟန်ချက်ညီ ချိတ်ဆက်လို့နေပါတယ် ၊ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခု တစ်နေရာမှာ အထစ်အငေါ့ ဖြစ်လိုက်တာနဲ့ အခြားကဏ္ဍတွေပါ ရပ်တန့်ကုန်မှာဖြစ်ပါတယ် ။

ဘယ်စီးပွားရေးနယ်ပယ်မှာ မဆို ယုံကြည်မှု trust က အရေးကြီးပါတယ် ။ အထူးသဖြင့် တစ်ဘ၀လုံးစာ အခြေချ နေထိုင်မယ့် အိမ်ရာနေထိုင်လိုသူတွေ အတွက် သူတို့သိန်းပေါင်းများစွာ ပေးဝယ်ရမယ့် အိမ်ရာတွေအတွက် ခိုင်မာမှု သေချာစေဖို့ လိုအပ်ပါတယ် ။

အိမ်ခြံမြေ တိုက်ခန်းကွန်ဒိုတွေ အရောင်းအ၀ယ် မကောင်းဘူးဆိုပေမယ့်လည်း
အိမ်ခြံမြေ ပြပွဲတွေမှာ လူတွေ အများကြီးလာကြည့်တာကို တွက်ဆရင် စိတ်ဝင်စားမှု ရှိလို့ တကူးတက လာကြည့်တာဖြစ်ပါတယ် ၊ ဈေးများ ထပ်ကျအုံးမလားဆိုပြီး စောင့်ကြည့်ပြီး ၀ယ်ယူဖို့ တွန်းဆိုင်းနေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေ အိမ်ခြံမြေ၀ယ်ယူဖို့ တွန့်ဆိုင်းနေတဲံ အကျိုးဆက်က ဆောက်လုပ်ရေး နဲ့ အိမ်ခြံမြေ လောကကို ကျဆင်းလို့ သွားစေခဲ့ပါတယ် ။

အခုဆို ဆောက်လုပ်ရေး လောက ကျဆင်းနေတာ အချိန်လည်း တော်တော်ကြာလာပါပြီ ၊နောက်ဆက်တွဲ အနေနဲ့ အိမ်ခြံမြေ လောကမှာလည်း အရောင်းသာရှိ အ၀ယ် ပျောက်နေတာ သုံးနှစ်လောက် ရှိတဲ့ အတွက် ဆုံးရှုံးတဲ့သူတွေ ၊ ဘ၀ပျက်သွားတဲ့ သူတွေ ၊ ဆောက်လုပ်စ တန်းလန်းနဲ့ ဆက်ဆောက်ရမလို ရပ်ထားရမလိုလိုနဲ့ အချိန်တွေ ငွေတွေ ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း မနည်းတော့ပါဘူး ။ ဒီထက် ထပ်ပြီး ဈေးချဖို့ဆိုတာကလည်း ဖြစ်နိုင်ချေ မရှိတော့ပါဘူး ။

စီးပွားရေး လောကမှာ အချိန်နဲ့ ငွေဟာ တိုက်ရိုက် အချိုးကျပါတယ် ၊ ရပ်သွားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စဖို့ အတွက်ဆိုတာ ငွေ ၊ လုပ်အား ၊ ကျွမ်းကျင်မှု နဲ့ အချိန်တွေ ပေးဆပ်ရပါတယ်၊ ရပ်နားထားတဲ့ ကာလ ဆောက်လက်စ ကာလမှာ ရင်းနှီးမြုပ်နှံထားရတဲ့ငွေတွေ အတွက် အတိုးတွေက တောက်လျှောက်တက်နေပါတယ်။ ဆိုင်းထားလို့မရပါဘူး ၊သာမန်ကန်ထရိုက်တိုက်ဆောက်တဲ့ လူတွေက ပြင်ပက အတိုးနဲ့ယူပြီး လုပ်ငန်းလည်ပတ်ကြသလို
ကွန်ဒိုကြီးတွေ အထပ်မြင့် တွေဆောက်တဲ့ အာစရိကြီးတွေ tycoon
လုပ်ငန်းရှင်ကြီးတွေကလည်း ဘဏ်တွေကနေ ချေးငွေတွေနဲ့ အဆောက်အအုံ ကုန်ကျစရိတ် ရဲ့အစိတ်အပိုင်းတစ်ခုလောက်ကို ချေးယူထားကြပါတယ် ။

မြန်မာစီးပွားရေးမှာ လုပ်ငန်းကြီးလာတာနဲ့ အမျှ အကြွေးဆိုတာကလည်း ရှိပါတယ် ၊ငွေကလည်ပတ်နေတာဖြစ်လို့ ဟိုဘက်က ရတဲ့ ငွေကို ဒီဘက်ထိုးဆပ်လိုက် ဒီဘက်က ရတဲ့ငွေကို ဟိုဘက်ခဏပြန်လှည့်လိုက်နဲ့ လည်ပတ်နေရတာဖြစ်ပါတယ် ၊ လုပ်ငန်းလည်ပတ်တဲ့ အချိန်မှာ ဘဏ်ကချေးယူထားတဲ့ ငွေအတွက် အတိုးနဲ့ အရင်း ပြန်ဆပ်ရတာ မထောင်းတာပေမယ့် အရောင်းအ၀ယ်မကောင်းတဲ့အချိန်မှာတော့ အတိုးပေးဖို့တောင် ခက်ခဲလာတယ်လို့ ကြားနေရပါတယ် ။

အရောင်းအ၀ယ်မဖြစ်သေးလို့ ဘဏ်တိုးခဏ ဆိုင်းထားလို့ သွားပြောလို့မရပါဘူး ။ဘဏ်တိုးကတော့ ပုံမှန်တက်နေတာဖြစ်ပါတယ် ၊ မြန်မာအိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေးလောကဟာ အတက်အကျ ပေါင်းမြောက်များစွာနဲ့ ခေတ်အဆက်ဆက်မှာ ထွန်းတောက်လာလိုက် မှိန်သွားလိုက် နဲ့ ပေါ်တလှည့် မြုပ်တလှည့်ဖြစ်ခဲ့ပါတယ် ၊ ၂၀၁၀ ကနေ ၂၀၁၃ နှစ်ကုန်လောက်အထိ အိမ်ခြံမြေ အရောင်းအ၀ယ်သမားတွေ ၊ အကျိုးဆောင်တွေ ၊ ကန်ထရိုက်တွေ ၊လုပ်ငန်းရှင်ကြီးတွေ အတွက် ငွေရွှင်တဲ့ကာလ အရောင်းအ၀ယ်ကောင်းတဲ့ ကာလ ဖြစ်ခဲ့ပါတယ် ၊ဒီတော့ ကန်ထရိုက်တာတွေ လုပ်ငန်းရှင်ကြီးတွေက ရန်ကုန်မြို့ရဲ့ လူဦးရေ အနာဂတ်ကို တွက်ဆပြီးအထပ်မြင့်တိုက်တွေကို နေရာစုံမှာ အနှံ့အပြား ဆောက်လုပ်လာခဲ့ကြပါတယ် ၊ ယနေ့လိုကာလမှာတောင် ၂၀၁၃ အကုန် ၂၀၁၄ စ်အတွင်း ဆောက်ခဲ့တဲ့ အဆောက်အအုံတွေမြင်တွေ့ရမှာဖြစ်ပါတယ် ၊ ဒီအဆောက်အအုံတွေ ယနေ့ထက်တိုင်အပြီးသတ်ဖို့ လုံးပန်းနေကြတဲ့
အချိန်ကာလဖြစ်ပါတယ် ။

၂၀၁၃ ခုနှစ်တုံးက အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းတွေ အရောင်းအ၀ယ်ကောင်းခဲ့ပြီးအခုဘာဖြစ်လို့ အရောင်းအ၀ယ် မကောင်းရတာလဲ ၀ယ်လက်ပျောက်ရတာလည်း ၊သိန်းပေါင်းသန်းနဲ့ ချီပြီး မ နဲ့ ကွန်ဒိုဈေးကွက်ထဲမှာ လည်နေတဲ့ ငွေတွေဘယ်ရောက်သွားသလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာကိုလူတွေ မေးလာကြပါတယ် ၊ပညာရှင်တွေကလည်း အဖြေအမျိုးမျိုး ပေးကြပါတယ် ၊ နောက်ဆုံးအဆုံးသတ်ကတော့ ဈေးကွက်အပေါ် ယုံကြည်မှု Trust ပျောက်ဆုံးသွားတာကြောင့် ဖြစ်ပါတယ် ။ အိမ်ခြံမြေ နဲ့ဆောက်လုပ်ရေး လုပ်ငန်းတွေထဲမှာ လည်နေတဲ့ သိန်းပေါင်း သန်းနဲ့ချီတဲ့ ငွေတွေအခြားကဏ္ဍကို ရောက်သွားလားဆိုတော့လည်း မြန်မာပြည်ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအား ကိန်းကဏန်းတော်တော်များများရဲ့စာရင်းတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှု ဖြစ်လာတာ မတွေ့ရပါဘူး ။

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းက နာမည်ကြီး ဆောက်လုပ်ရေးကုမ္မဏီ တစ်ခုရဲ့ မမှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ ၊ ဟိုစီမံကိန်းဒီစီမံကိန်းဆိုပြီး မစားရ၀ခန်းမ ပြောကြပေမယ့် တကယ်အလုပ်မဖြစ်တာတွေ အပြင် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်မယ်ဆို တက်လာတဲ့ အစိုးရလက်ထက်မှာ
ဘယ်လို အပြောင်းအလဲ ဖြစ်အုံးမလဲ ဆိုပြီး စောင့်ကြည့်ခဲ့ကြလို့ အရောင်းအ၀ယ်တွေ ၀ယ်လက်ပျောက်ပြီး အားလုံး ပြဿနာ တက်ကုန်တာဖြစ်ပါတယ် ။ ပြည်ပ အထူးသဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံက လူတွေ လာကစားပြီး ငွေထုတ်ပိုက် ပြန်သွားတယ်လို့လည်း ပြောဆိုမှုတွေရှိခဲ့ပါတယ် ၊ တရုတ်နိုင်ငံသားတွေ သက်သာတဲ့ ဘဏ်တိုးနှုန်းနဲ ငွေချေးယူပြီး မြန်မာပြည်မှာမှ လာကစားကြတယ် ဆိုတဲ့ အသံတွေထွတ်လာဖူးပါတယ် ၊ နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့
ချေးငွေမူဝါဒကို ပြန်လည်တင်းကျပ်လိုက်တယ် ဆိုတဲ့ သတင်းစကားတွေလည်း ကြားလာရပါတယ် ၊ဒါကလည်း အစိတ်အပိုင်းတစ်ခုလောက် အတွက်ဘဲ မှန်ကန်မှု ရှိနိုင်ပြီး ဈေးကွက်ကြီး တစ်ခုလုံးအေးစက်သွားနိုင်လောက်တဲ့ ပမာဏ အထိ မရှိနိုင်ပါဘူး ။ နောက်ထပ် အကျိုးဆက်ကတော့ အခွန်နှုန်းထား
မြင့်မားတဲ့ ပြသနာကြောင့် အရောင်းအ၀ယ်တွေ ရပ်ဆိုင်းကုန်တယ်လို့လည်း ဆိုကြပါတယ် ။

လူတွေ အတွက် အိမ်တွေ တိုက်ခန်းတွေ ပိုလျှံအောင် ဆောက်ထားလို့
ဈေးကွက်ပျက်သွားတာလားဆိုတာ ပြန်ကြည့်တော့လည်း ရန်ကုန်ကလူတွေ တော်တော်များများက အိမ်ပိုင်ဆိုင်မှု ၂၀ ရာခိုင်နှုန်းဘဲ ရှိပြီး ၈၀ ရာခိုင်နှုန်းက အိမ်ငှားနေရတာ ၊ ကျုးကျော်တဲ ထိုးနေတာ၊ အဆင်ပြေသလို နေနေရတဲ့ အခြေအနေ ဖြစ်ပါတယ် ။ တိုက်ခန်းတွေ ဘာဖြစ်လို့ မရောင်းရတာလဲ ဆိုတော့လည်း လူတွေက နောက်ထပ် ဈေးဆက်ကျအုံးမလားဆိုပြီးစောင့်ကြည့်နေကြ တာဖြစ်ပါတယ် ။ ၀ယ်နိုင်စွမ်းအား ရှိတဲ့ လူတွေကိုယ်တိုင်ဈေးများထပ်ကျအုံးမလားဆိုပြီး စောင့်ကြည့်နေကြတာဖြစ်လို့ ဖျာအောက်ထဲမှာ ငွေတွေ
အိပ်နေတာ ကြာပါပြီ ။ပြည်သူတွေရဲ့ယုံကြည်မှု ရပြီး ဈေးကွက်ပြန်လည် ဦးမော့လာအောင် အတွက် ဥပဒေတွေနည်းဥပဒေတွေ အမြန်ဆုံး ပြန်လည်ပြဋ္ဌာန်းပေးမယ် ၊ အိမ်ရာဝယ်ယူလိုသူတွေ အတွက် နှစ်ရှည်ဘဏ်ချေးငွေတွေ ရအောင် လုပ်ပေးမယ် ၊ အိမ်ခြံမြေ ၀ယ်ခွန်ရောင်းခွန် နှုန်းထားတွေကို မျှတအောင် လုပ်ပေးမယ်ဆိုရင် ဖျာအောက်မှာ အိပ်နေတဲ့ငွေတွေ အိမ်ခြံမြေဈေးကွက်ထဲကို
တစ်နည်းတစ်ဖုံ ပြန်လည်စီးဝင်လာမှာဖြစ်ပါတယ် ။ ငွေတွေ ၀ါကနဲ စီးဝင် စီးထွတ်တဲ့ ပုံပျက်ပန်းပျက်စီးပွားရေးစနစ် အစား ဥပဒေ နည်းဥပဒေ တွေနဲ့ အညီ ပုံမှန် ၀ယ်နိုင်ရောင်းနိုင်တဲ့ စီးပွားရေးအသွင်သဏ္ဍာန်တစ်ခု ( Business Model ) သစ်တစ်ခုဆီ ကူးပြောင်းပြီး အရောင်းအ၀ယ်တွေပြန်လည် သွက်လက်လာမှာဖြစ်ပါတယ် ။ ဒါတွေမှ မပြင်နိုင်ဘူးဆိုရင်တော့ စောင့်ကြည့်ကာလအထဲမှာအိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းတွေ သာမက အိမ်ဝယ်ချင်တဲ့ လူတွေပါ ယက်ကန်ယက်ကန် ကူးခတ်နေရအုံးမှာ ဖစ်တဲ့အတွက် စောင့်ကြည့်ကာ ကုန်ဆုံးသွားအောင်လုပ်ဆောင်ပေးသင့်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com Property Website အတွက် အင်တာဗျူး၍ ရေးသားဖော်ပြသည်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service