ကွန်ဒိုနည်းဥပဒေတွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းပြီးမှသာ ကြိုပွိုင့်ရောင်းခွင့်ပြုမည့် အချက်ပါဝင်မည်

ကွန်ဒိုနည်းဥပဒေတွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းပြီးမှသာ ကြိုပွိုင့်ရောင်းခွင့်ပြုမည့် အချက်ပါဝင်မည် - Property News in Myanmar from iMyanmarHouse.com
18 Sep 2017 10:41 am တွင် တင်ခဲ့သည်
6145 ကြိမ် ကြည့်ရှု့ပြီး
မကြာမီ ထုတ်ပြန်မည့် စုပေါင်းပိုင် အဆောက်အအုံ နည်းဥပဒေ Condo Law တွင် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းပြီးမှသာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချနိုင်မည်ဆိုသောအချက်ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။

စက်တင်ဘာ နောက်ဆုံးပတ်တွင် ထုတ်ပြန်မည့်အဆိုပါ နည်းဥပဒေ၌ အထက်ပါအချက် များ ထည့်သွင်းရေးဆွဲထားခြင်း ကြောင့် မူလဥပဒေထက် နည်းဥပ ဒေသည် ပိုမိုပြည့်စုံကောင်းမွန် လာမည်ဖြစ်ကြောင်း ၎င်းကပြော ကြားသည်။

အထူးသဖြင့် ကြိုပွိုင့်ရောင်း ချခြင်းမှ ရရှိသည့် ငွေများကို ဘဏ် တွင် အပ်နှံထားရမည်ဖြစ်ပြီး ယင်း ငွေများကို ဆောက်လုပ်ရေးလုပ် ငန်းအတွက်သာ ပြန်လည်အသုံး ပြုရမည်ဖြစ်ကာ ပြင်ပ၌သုံးစွဲ ခွင့် မရှိကြောင်း သတ်မှတ်ချက် များပါဝင်လာမည်ဖြစ်သည်။

‘‘ကြိုပွိုင့်ကိုထိန်းချုပ်ချင်လို့ လုပ်တာကောင်းပေမယ့် ကွန်ဒို ဆောက်တဲ့ လုပ်ငန်းရှင်တွေအ တွက် ဒီအချက်က အခက်အခဲ တော့မရှိနိုင်ပါဘူး။ ရပ်ကွက် ထဲမှာ ဆောက်မယ့် လုပ်ငန်းရှင် ငယ်လေးတွေအတွက်တော့ အ ခက်အခဲရှိနိုင်တယ်’’ ဟု ကျော် ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးမြင့်ထွေးက သုံးသပ်သည်။

အဆိုပါနည်းဥပဒေသည် မူ လကသြဂုတ်နောက်ဆုံးပတ်တွင် ထုတ်ပြန်ရန် စီစဉ်ထားသော် လည်း ပိုမိုကောင်းမွန်ရန် ပြင်ဆင် နေသောကြောင့် စက်တင်ဘာ နောက်ဆုံးပတ်မှသာ ဆောက် လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန် နိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့၌တည်ဆောက် ပြီးစီးနေသော ကွန်ဒိုတိုက်ခန်းအ များစုတွင် နိုင်ငံခြားသားများကို ဦးစားပေးရောင်းချနိုင်ရန် ကွန်ဒို ဥပဒေ၌ လိုအပ်နေသော နည်းဥ ပဒေကိုစက်တင်ဘာ နောက်ဆုံး ပတ်၌ ထုတ်ပြန်ရန်ရှိသည်။ မြေ နှင့်အခန်းကိုပါ နှစ်ခုစလုံး ပူးတွဲ ပိုင်ဆိုင်ခွင့်ရမည့် ကွန်ဒိုဥပဒေကို ၂၀၁၅ ဇန်နဝါရီက အတည်ပြု ပြဋ္ဌာန်းသော်လည်း နည်းဥပဒေ ကို ၂၀၁၇ စက်တင်ဘာမှသာ ထုတ်ပြန်နိုင်မည့် အခြေအနေဖြစ် သည်။

ကွန်ဒိုဥပဒေ၏ နည်းဥပဒေ သည် ယခုအချိန်၌ ရှေ့နေချုပ် ရုံးသို့ ရောက်ရှိနေပြီး ဌာနမှတစ် ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ သို့ ပို့ဆောင်မည်ဖြစ်သည်။ ယင်း ဥပဒေ၏ အရေးပါသည့် အချက် ဖြစ်သော ခြောက်လွှာနှင့် အထက်တွင် စတင်ပြီး နိုင်ငံခြားသားအ မည်ပေါက်ဖြင့် ၄၀ ရာခိုင်နှုန်း ဝယ်ယူခွင့်ကို နည်းဥပဒေ၌ ပြင် ဆင်ထားခြင်းမရှိပေ။

သို့သော် နိုင်ငံခြားသား မြေ ပိုင်ဆိုင်ခွင့် တစ်ပါးတည်းရမည် ဆိုသော်လည်း အဆောက်အအုံ တည်ရှိနေစဉ်အတွင်းသာ ပိုင် ဆိုင်ခွင့်ရှိမည်ဖြစ်ကြောင်း နည်း ဥပဒေတွင် ထည့်သွင်းထားသည်။

ရန်ကုန်မြို့တွင် နိုင်ငံခြား သား ဝယ်သူများကို မျှော်လင့်နေ သော ကွန်ဒိုတိုက်ခန်း သောင်းဂ ဏန်းကျော်ရှိပြီး ကွန်ဒိုဥပဒေ၏ အသက်ဖြစ်သော နည်းဥပဒေ ထွက်ရှိတော့မည်ဆိုခြင်းကြောင့် အရောင်းအဝယ် ပြန်ကောင်းလာ နိုင်ကြောင်း ဦးမြင့်ထွေးကသုံးသပ်သည်။

ယခုအခါ နိုင်ငံခြားသားများ ကို ရောင်းချရန် အခက်အခဲဖြစ် နေခြင်းသည် ကွန်ဒိုဥပဒေပါ အချို့အချက်အလက်များက လက်တွေ့ ကျင့်သုံးရန် ခက်ခဲသဖြင့် နိုင်ငံ ခြားသားများ ဝယ်ယူမှုနည်းပါး ခြင်းဖြစ်ကြောင်း တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက တပ်မတော်ခန်း မ၌ ပြုလုပ်သော အိမ်ခြံမြေဆိုင် ရာ ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားသည်။

ကွန်ဒိုနည်းဥပဒေထွက်ပေါ် လာပါက ဝယ်ယူသူဘက်မှ အ ကျိုးခံစားခွင့်နှင့် ပိုင်ဆိုင်မှု ပိုမို ကောင်းမွန်လာနိုင်သောကြောင့် လက်ရှိအေးစက်နေသော ဈေး ကွက် ကောင်းမွန်လာနိုင်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ကမျှော်လင့်နေသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service