တရုတ်အိမ်ခြံမြေ၀ယ်လက်များအကြား သြစတြေးလျတွင် မဲလ်ဘုန်း ဗိုလ်စွဲဆဲ

တရုတ်အိမ်ခြံမြေ၀ယ်လက်များအကြား သြစတြေးလျတွင် မဲလ်ဘုန်း ဗိုလ်စွဲဆဲ - Property News in Myanmar from iMyanmarHouse.com
14 Sep 2017 9:32 am တွင် တင်ခဲ့သည်
6028 ကြိမ် ကြည့်ရှု့ပြီး
မဲလ်ဘုန်းမြို့သည် သြစတြေးလျတွင် တရုတ်ဝယ်လက်များအတွက်
လူနေအိမ်ခြံမြေ၀ယ်ယူမှု၌ မြို့တော်ဆစ်ဒနီကို သာလွန်၍ ရေပန်းအစားဆုံးမြို့
အဖြစ် အခိုင်အမာရပ်တည်ဆဲ ဖြစ်ကြောင်း ဈေးကွက်သုတေသနသစ်တစ်ရပ်က
ဖော်ပြခဲ့သည်။

မဲလ်ဘုန်းတွင် နိုင်ငံခြားဝယ်လက်များအတွက် အခွန်နှင့် စည်းမျဉ်းများ
တိုးမြှင့်လာမှုနှင့် တရုတ်တွင် ပြည်ပသို့ငွေကြေးစီးဆင်းမှုအား ဖိနှိပ်နေမှုနှင့်
ရင်ဆိုင်လာရသည့်အကြားက တရုတ်ဝယ်လက်များသည် မဲလ်ဘုန်းအိမ်ခြံမြေကို
အာရုံစိုက်နေကြခြင်း ဖြစ်သည်။

ကမ္ဘာ့နေထိုင်ချင်စရာအကောင်းဆုံးမြို့အဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဗိုလ်စွဲထားသည့်
မဲလ်ဘုန်းသို့ ပြည်တွင်းပြည်ပအိမ်ခြံမြေ၀ယ်လက်များ အာရုံစိုက်လာကြကြောင်း
ကမ္ဘာ့အိမ်ခြံမြေအကျိုးဆောင်များက ပြောကြသည်။

တရုတ်အိမ်ခြံမြေ၀က်ဘ်ဆိုက်ဒ် Juwai.com တွင် ယခုနှစ် ပထမ ၇ လအတွင်း
သြစတြေးလျလူနေအိမ်ခြံမြေနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုစုစုပေါင်း၏ ရာခိုင်နှုန်း
၄၀ ကျော်သည် မဲလ်ဘုန်းမြို့အိမ်ခြံမြေအကြောင်း ဖြစ်ကြောင်း သိရသည်။

ယင်းသည် ယမန်နှစ်ထိုကာလကထက် ၃၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း
ဖြစ်သည်။ မြို့တော်ဆစ်ဒနီကိုမူ ယခုနှစ်တွင် မေးမြန်းမှု ၁၇ ဒသမ ၅ ရာခိုင်နှုန်း
သာ ရှိခဲ့ပြီး ယမန်နှစ်ကထက် အနည်းငယ်သာ မြင့်တက်ခဲ့သည်။

မဲလ်ဘုန်းတွင် ၀ယ်လိုအားသည် ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်နှင့် ယှဉ်လျှင် ၂၀၁၇
ခုနှစ် ပထမနှစ်ဝက်တွင် ၁၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Juwai.com
၏ သြစတြေးလျခေါင်းဆောင် ဂျိန်းလူက ပြောကြားခဲ့သည်။

သြစတြေးလျသည် တရုတ်ထက်စာလျင် အမျိုးအစားတူအိမ်ခြံမြေဈေးနှုန်း၌
ပိုမိုကောင်းမွန်သော တန်ဖိုးကို ပေးကြောင်း၊ ဘ၀နေထိုင်မှုဟန်ပန်နှင့်
ပညာရေးဝယ်လက်များအပေါ် သြစတြေးလျအခွန်က
သက်ရောက်မှုအနည်းငယ်သာ ရှိကြောင်းလည်း မစ္စလူက ပြောကြားခဲ့ကြောင်း
သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service