ပိုင်ဆိုင်မှုရှိမှ ငွေချေးမှာဖြစ် လို့ (ပုံစံ-၇) ရဖို့ အမြန်လာကြစို့

ပိုင်ဆိုင်မှုရှိမှ ငွေချေးမှာဖြစ် လို့ (ပုံစံ-၇) ရဖို့ အမြန်လာကြစို့ - Property News in Myanmar from iMyanmarHouse.com
13 Sep 2017 11:31 am တွင် တင်ခဲ့သည်
9335 ကြိမ် ကြည့်ရှု့ပြီး
ယနေ့ခေတ် တောင်သူလယ်သမားဦးကြီးများ၏ အမြင့်ဆုံး မျှော်လင့်ချက်မှာ မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေများအားလုံး (ပုံစံ-၇) ရရှိရေးပင်ဖြစ်သည်။ လက်ရှိအနေအထားတွင် (ပုံစံ-၇) ခေါ်သော လက်ရှိနေအထားတွင် (ပုံစံ- ၇) ခေါ်သော လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များက မျှော်မှန်းသလောက် အပြည့်အ၀ရရှိခြင်းမရှိသေးသည်ကိုတွေ့ရသည်။

မသမာမှုများ ပပျောက်ရေး၊ ၀န်ထမ်းများကို အသိပေး

ယင်းသို့ ဖြစ်ရခြင်းမှာ (ပုံစံ-၇) ထုတ်ပေးသင့်သူများရှိသကဲ့သို့ ထုတ်မပေး သင့်သော သူများကို ထုတ်ပေးခြင်းများကလည်း ပုံစုံ-၇ ရရှိရန် အရေးမှာ အလှမ်းဝေးနေရခြင်းဖြစ်သည်။ ဤသို့ကြန့်ကြာမှုများကြောင့်လည်း လယ် ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများ အပေါ်တွင် မကျေ နပ်မှုများအစာမကြေမှုများအပုပ်ချမှုများ တိုင်ကြားမှုများကလည်း အတော မသတ်ကြားနေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၀န်ထမ်း၏ မသိနားမလည်မှု လုပ်ငန်းချွတ်ချော်ပေါ့ဆမှုနှင့် မသမာမှုများကြောင့်လည်းဖြစ်နိုင်ပါသည်။

ဥပမာ။ ။ လူလောကတွင် မရှိတော့ပြီဖြစ်သော ကွယ်လွန်သူတောင်သူ လယ်သမားများ၏အမည်ဖြင့် (ပုံစံ-၇) ထုတ်ပေးလိုက်ခြင်းမျိုးဖြစ်သည်။

ပုံစံ-၇ ရဖို့ရာ (၃)လခန့်သာကြာ

ယခုအရပ်သားအစိုးရလက်ထက်တွင် မှန်ကန်စွာ စီစစ်၍ တောင်သူလယ်သ မားများ၏ လယ်ယာမြေပိုင်ဆိုင်မှုအခွင့်အရေးများရရှိရန်အတွက် အထူးဦး စားပေးဆောင်ရွက်သင့်ပါသည်။ အမှန်ဆိုရလျှင် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) ရရှိရန်မှာ မြေခွန်ပြေစာ ရှိရန်လည်း လိုအပ်သည် တောင် သူလယ်သမားများဘက်မှ အထောက်ထားအပြည့်အစုံတင်ပြနိုင်ပါက လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရရန်မှာ အချိန်ကာလ(၃) လခန့် စောင့်ဆိုင်း ရုံဖြင့် ရရှိနိုင်ကြောင်း (ပုံစံ-၇) လျှောက်ထားရယူပုံ ကိုလေ့လာကြည့်မိသည်။

မြေခွန်ပြေစာရှိဖို့အရေးကြီး ပုံစံ(၇)ရဖို့နီး

မြေခွန်ပြေစာလည်း ရှိနေသည်။ လက်ရှိတွင် လည်းလယ်မြေပေါ်တွင် စိုက်ပျိုး လုပ်ကိုင်နေလျှင် ပုံစံ(၇) ရရန်သေချာသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် လက် မှတ် (ပုံစံ-၇)၊ လျှောက်မည်ဆိုလျှင် ရှေးဦးစွာ လယ်ယာမြေလုပ်ပိုငခွင့် (ပုံစံ-၁) လျှောက်လွှာကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ လယ်ယြာေ မစီးမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ (ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး) ထံမှ အခမဲ့တောင်းယူနိုင်သည်ဟု သိရသည်။

ယင်းလျှောက်လွှာတွင် လိုအပ်သည်များကို ဖြည့်သွင်းရေးသား၍ မြို့နယ်မြေ စာရင်းဦးစီးဌာနမှူး (ယခုလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှူး) ရုံးသို့တင်ပြလျှောက်ထားရမည်။ မြေခွန်ပြေစာသည် အရေး အကြီး ဆုံးဖြစ်သည်။ ယခင်က တောင်သူလယ်သမားများအား ထုတ်ပေးခဲ့သည့် စပါးရောင်းချသည့်မှတ်တမ်း စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေချေး ယူခြင်း၊ ပေးဆပ်ခြင်း ပြုခဲ့သည့်အထောက်အထားစာရွက်စာတမ်းများအားပူးတွဲတင်ပြပေးဖို့လိုပါသည်။ မရှိလျှင်လည်းရပါသည်။

လယ်ယာမြေပိုင်ခွင့်လက်မှတ်ရရန် အချိန်ကာလ(၃)လကြာ

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) တစ်စောင်ရရန် အချိန် (၃) လ ခန့်ကြာမြင့်ပါသည်။ လုပ်ထုံးလုပ်နည်းများအရ ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက် လွှာကို လက်ခံရရှိသည့်နေမှ ရက်ပေါင်း ၃၀ အတွင်းမြို့နယ် ဦးစီးဌာနသို့ စီစစ်ထောက်ခံချက်ပေးပို့ခြင်း၊ မြို့နယ်ဦးစီးဌာနမှူးသည် ၄င်းလျှောက်လွှာပုံစံ (၁) ကို လယ်ယာမြေလုပ်ပိုင်ခွင့်လုပ်ငန်းစာတွဲ ဖွင့်လှစ်၍ လျှောက်လွှာလက် ခံရရှိသည့်နေ့မှ (၁၅) ရပ်အတွင်း ပုံစံ (၂)ဖြင့် ကန့်ကွက်လွှာထုတ်ဆင့်ေ ကြာ်ငြာဖြင့် (ကန့်ကွတ်လွှာထပ်ဆင့်ကြော်ငြာသည့်နေ့ရက်မှရပ်ပေါင်း ၃၀ အတွင်း) ကန့်ကွက်လိုသူတို့က ခိုင်လုံသောအထောက်အထားတင်ပြ၍ ကန့် ကွက်နိုင်ခြင်း၊ သတ်မှတ်ကာလပြည့်၍ ကန့်ကွက်မည့်သူမရှိခဲ့လျှင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ၄င်းလုပ်ငန်းစာတွဲကို လက်ခံကာ လယ် ယာမြေလုပ်ပိုင်ခွင့်စစ်ဆေးချက်ပုံစံ (၄)ဖြင့်စီစစ်၍ (၇) ရက်အတွင်း သဘော ထားမှတ်ချက်ရေး၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ပေးပို့တင်ပြရသည်။

ခရိုင်မှ ခွင့်ပြုချက်ရ (ပုံစံ-၇) လည်းရ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် ၄င်းလုပ်ငန်းအတွဲကို လက်ခံရရှိသည့်အခါ ထပ်ဆင့်စီစစ်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်မှတ်ပုံတင်ရန်ဦးစီးဌာနငွေစာရင်းသို့ မှတ်ပုံတင်ကြေး ၅၀၀ိ/- ကျပ်ပေးသွင်းစေပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရသည်။ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ေ အကြောင်းကြားချက်ရရှိလျှင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လျှောက်ထားသူသို့ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးပါသည်။

ပုံစံ-၇ အမြန်ရဖို့ရ၊ အားနည်းချက်ကိုရှာလိုက်ပါ

ယင်းသို့ ၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေတွင် ပြဌာန်းထားသော်လည်း လယ် ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှ "လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံ တင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်း" ကို ၂၀၁၃-၂၀၁၄ ခုနှစ်မှ စတင်ခဲ့သော်လည်း အခက်အခဲအမျိုးမျိုးနှင့် ပြဿနာ မျိုးစုံတို့နှင့် ကြုံတွေ့နေရသဖြင့် ယနေ့အချိန်အထိ မပြီးပြတ်သေးသည် ကိုတွေ့ရသည်။

ဤသို့ဖြစ်ရခြင်းမှာ လယ်ယာမြေဥပဒေ၏ အားနည်းချက်၊ ဌာန၏ အားနည်း ချက်အပြင် တောင်သူလယ်သမားများဘက်မှ အားနည်းချက်များရှိနေသေး သည်မှာ အမှန်ဖြစ်သည်။ သို့သော်လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ အမိန့် ညွှန်ကြားချက်လုပ်ထုံးလုပ်နည်းများအရ လက်ရှိအသုံးပြုလျက်ရှိသော လယ် ယာမြေများနှင့် အမွေဆက်ခံသော လယ်ယာမြေများအား လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) အမြန်ရရှိမည့်အရေး တောင်သူ လယ်သမား များက မျှော်လင့်လျက်ရှိနေကြသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service