ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်းအား ရန်ကုန်-မော်လမြိုင်နှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှစ်ခုတွင် ပထမဆုံး လုပ်ဆောင်မည်

ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်းအား ရန်ကုန်-မော်လမြိုင်နှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှစ်ခုတွင် ပထမဆုံး လုပ်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
13 Sep 2017 10:32 am တွင် တင်ခဲ့သည်
6672 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့မီးရထားက ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ရန်ကုန်-မော်လမြိုင်နှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနှစ်ခုတွင် ပထမ ဆုံး လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သတင်းရရှိသည်။

ကိုးချောင်းဆက် သံလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား နိုင်ငံတကာ နည်း ပညာဖြင့် ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ တင်ဒါအောင်မြင်ခဲ့ပြီး တရုတ်နှ င့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ တရုတ်နိုင်ငံမှ စက်ပစ္စည်းများကို အ သုံးပြု အဆင့်မြှင့်တင်နေခြင်း ဖြစ်ကြောင်း သိရသည်။

မီးရထားသံလမ်းများကို သုံးချောင်းဆက်ခြင်း၊ ခြောက်ချောင်းဆက်ခြင်းနှင့် ကိုးချောင်းဆက်ခြင်းများ စမ်းသပ်ဆောင်ရွက်ခဲ့ပြီး အဆင်အပြေဆုံး နည်း လမ်းဖြစ်သည့် သံလမ်း ကိုးချောင်းဆက်များ တပ်ဆင်နေခြင်းဖြစ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်မှုများ ပြီးဆုံးပါက ရထားပြေးဆွဲမှုမှာ ပိုမိုငြိမ့်ေ ညာင်းစွာ သွားလာနိုင်မည့်အပြင် သံလမ်းအဆက်များတွင် ခုန်ဆောင့်မှုများ သက်သာခြင်း၊ သံလမ်းဆက်များအား မကြာခဏ ပြုပြင်နေရမှုများလည်း သက်သာစေမည်ဖြစ်ကာ စက်ခေါင်းနှင့် တွဲများ ပျက်စီးမှုမှ ကာကွယ်နိုင်မည် ဟု သိရသည်။

“အရင်တုန်းက သံလမ်းတစ်မိုင်မှာ သံလမ်း ၁၃၆ ချောင်း၊ အဆက်က ၂၇၂ ဆက်၊ မူလီ ၁၀၈၈ လုံးရှိပြီး အခုကျွန်တော်တို့ ကိုးချောင်းဆက် ဆက်ခြင်း အားဖြင့် တစ်မိုင်မှာ သံလမ်း ၁၅ ချောင်း၊ အဆက် ၃၀၊ မူလီလုံး ၁၂၀ ရာ ခိုင်နှုန်းအားဖြင့် အဆက်မှာ တော်တော်လေး လျော့သွားပါတယ်။ အရင် တုန်းက ၃၉ ပေ သံလမ်းတစ်ဆက်တိုင်းမှာ ပြုပြင် ထိန်းသိမ်းတာရယ်၊ ပြုပြင် ထိန်းသိမ်းတာ ပုံမှန်မဖြစ်တာရယ် အမြဲတမ်း အဆက်တိုင်း အဆက်တိုင်းမှာ ခုန်ဆောင့်တဲ့ ပြဿနာတွေ ဖြစ်ပေါ်တယ်။ အခုကျတော့ ခုန်ဆောင့်တာ လုံးဝပျောက်သွားတယ်။ ဒါကတော့ ကိုးချောင်းဆက်ခြင်းရဲ့ အကျိုးကျေးဇူးေ တွပါပဲ။ ကိုးချောင်းဆက်ခြင်းအားဖြင့် စက်ခေါင်းတွေ၊ တွဲတွေလည်း သက် တမ်းပိုရှည်သွားတယ်။ စက်ခေါင်းတွေ တွဲတွေလည်း ခုန်ဆောင့်တဲ့ ဒဏ်ကို မခံရတဲ့အတွက် ပိုမိုကြံ့ခိုင်ပြီး သက်တမ်းပိုရှည်နိုင်ပါတယ်” ဟု မြန်မာ့မီးရ ထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးချောင်းဆက်သံလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ပဲခူးနှင့် စစ်ေ တာင်း၊ စစ်တောင်းနှင့် ကျိုက်ထိုကြား သံလမ်းများတွင် လည်းကောင်း၊ ဝေါ တွင် အခြေပြုကာ တောင်စွန်းအထိ ၆၂ မိုင် အရှည်ရှိ သံလမ်းများ တွင် ဆောင်ရွက်ပြီးဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် ပေါင်တွင် အခြေပြု ၍ မော်လမြိုင်၊ သံဖြူဇရပ်မြို့များအထိ လုပ်ဆောင်သွားမည်ဟု သိရသည်။

လက်ရှိ ကိုးချောင်းဆက် သံလမ်းဆက်ခြင်း လုပ်ငန်းအား Rain Link ကုမ္ပဏီ က လုပ်ဆောင်နေပြီး နောက်ဆုံးအချောသတ် လုပ်ငန်းကို ဆောင်ရွက် သွားမည်ဖြစ်သည်။ လက်ရှိတွင် ပဲခူးမှ စစ်တောင်းအထိ ၃၂ မိုင်၊ စစ်ေ တာင်းမှ တောင်စွန်းအထိ ၃၂ မိုင် စုစု ပေါင်း ၆၄ မိုင်အား ကိုးချောင်းဆက်သံ လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် တောင်စွန်းမှ မိုင်၂၀ အထိ ဆက်လက် လုပ်ဆောင် သွားမည်ဟု သတင်းရရှိသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service