မင်္ဂလာဈေးကို နိုဝင်ဘာ ၁ ရက်တွင် စတင်ဆောက်မည်

မင်္ဂလာဈေးကို နိုဝင်ဘာ ၁ ရက်တွင် စတင်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
13 Sep 2017 9:55 am တွင် တင်ခဲ့သည်
6269 ကြိမ် ကြည့်ရှု့ပြီး
မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးကို နိုဝင်ဘာလ ၁ ရက်တွင် စတင်တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါဈေးဆောက်ရန် မြေသားစမ်းသပ်မှုများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကာ တည်ဆောက်မည့် ကုမ္ပဏီကို မကြာခင်ရက်ပိုင်းအတွင်း တင်ဒါခေါ်သွားမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

“ဆိုင်ခန်းအားလုံးက အရင်ရှိခဲ့တဲ့ အလွှာအတိုင်း အခန်းအတိုင်း အားလုံး ပြန်ရမယ်။ မင်္ဂလာဈေးဆောက်မယ့် ဝင်းထဲမှာရှိတဲ့ စည်ပင်ဘဏ်ကိုလည်း ကျောက်တံတားမြို့နယ်က လက်ရှိစည်ပင်ဘဏ်ရဲ့အပေါ်ထပ်ကို ရွှေ့ဖို့လုပ်နေတယ်” ဟု ၎င်းက ဆိုသည်။

မင်္ဂလာဈေးကို ကားပါကင်နှစ်ထပ် အပါအဝင် ၁၅ ထပ်အမြင့် တည်ဆောက်ကာ မြေညီထပ်မှ စတုတ္ထအထပ်ထိ ဆိုင်ခန်းများကို နေရာချထားပေးမည် ဖြစ်ပြီး ကျန်ရှိသည့် အထပ်များကို ကုမ္ပဏီရုံးခန်း၊ အရောင်းပြခန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် နှစ်နှစ်ခွဲအတွင်း ပြီးစီးအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယခု အသစ်ပြန်လည်တည်ဆောက်မည့် အထပ်မြင့် ၁၅ ထပ် တည်ဆောက်မည့် မင်္ဂလာဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ရန် အဆောက်အအုံဒီဇိုင်းအတွက် တင်ဒါခေါ်ယူခဲ့ရာ လာရောက်တင်ပြသည့် ကုမ္ပဏီ ၁၃ ခုမှ Amenity Design Group ကို ယခုနှစ် မေလ ၁၃ ရက်က ရွေးချယ်ခဲ့ပြီး မင်္ဂလာဈေးသစ်ကို မီးဘေးကာကွယ်ရေး နိုင်ငံတကာ နည်းစနစ်များဖြင့် ငြှိမ်းသတ်နိုင်မည့်အပြင် ဓာတ်လှေကားများဖြင့် လေဝင်လေထွက်ကောင်းသည့် ဒီဇိုင်းပုံစံ တည်ဆောက်သွားမည် ဖြစ်သည်။

မီးလောင်ပျက်စီးခဲ့သည့် မင်္ဂလာဈေးမှာ ယခုအခါ တစ်နှစ်နှင့် ရှစ်လကျော် ကြာခဲ့ပြီး တည်ဆောက်ချိန်မှာ နှစ်နှစ်ခွဲခန့် ကြာမြင့်ခြင်းကြောင့် အခက်အခဲများ ရှိကြောင်း မင်္ဂလာဈေးသူဈေးသား အချို့ထံမှ သိရသည်။

မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးတွင် ဈေးဆိုင်ခန်းပေါင်း လေးထောင်ကျော်ရှိပြီး ဈေးသစ်ပြန်တည်ဆောက်ပြီးပါက ဈေးဆိုင်ခန်းပိုင်ရှင်တွေကို မူလရောင်းချသည့် နေရာတွင် မူလပိုင်သည့် နေရာ၊ အထပ်၊ အခန်းအတိုင်း နေရာပြန်လည်ချထားပေးမည် ဖြစ်သည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service