ကျပ် ၂၂ ဘီလျံကျော် အမြတ်ရခဲ့သည့် သီလ၀ါကုမ္ပဏီ၏ အမြတ်ဝေစု ၁ ဒသမ ၇၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ဒါရိုက်တာ ၁၂ ဦး ခွဲဝေယူမည်

ကျပ် ၂၂ ဘီလျံကျော် အမြတ်ရခဲ့သည့် သီလ၀ါကုမ္ပဏီ၏ အမြတ်ဝေစု ၁ ဒသမ ၇၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ဒါရိုက်တာ ၁၂ ဦး ခွဲဝေယူမည် - Property News in Myanmar from iMyanmarHouse.com
12 Sep 2017 12:03 pm တွင် တင်ခဲ့သည်
10769 ကြိမ် ကြည့်ရှု့ပြီး
Myanmar Thilawa SEZ Holdings Public Limited (MTSH) ကုမ္ပဏီ အုပ် စု၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမြတ်ငွေ ကျပ် ၂၂ ဘီလျံကျော် ရရှိခဲ့သော်လည်း ပြည်သူများသို့ ရှယ်ယာတစ်စု ကျပ် ၂၆၀ သာ အမြတ်ခွဲေ ၀ပေးခဲ့ကာ အဆိုပါ ကျပ် ၂၂ ဒသမ ၃ ဘီလျံ၏ ၁ ဒသမ ၇၅ ရာခိုင်နှုန်းကိုမူ ဒါရိုက်တာအဖွဲ့ဝင် ၁၂ ဦးက ဆုကြေးအဖြစ် ခွဲဝေယူရန် အတည်ပြုခဲ့ေ ကြာင်း စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ကျင်းပသည့် စတုတ္တအကြိမ် နှစ် ပတ်လည် အထွေထွေ အစည်းအဝေး၌ အတည်ပြုမှုအရ ပြည်သူများသို့ ရှယ်ယာတစ်စု ကျပ် ၂၆၀ သာ ခွဲဝေရန် ဆုံးဖြတ်ခဲ့သော်လည်း ကျပ် ၂၂ ဘီလျံကျော် အမြတ်ရခဲ့သည့် သီလ၀ါကုမ္ပဏီ၏ ၁ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ညီမျှသည့် ကျပ်သန်း ၄၀၀ ကိုမူ ဦးဝင်းအောင် ဦးဆောင်သည့် ဒါရိုက်တာ အဖွဲ့ဝင် ၁၂ ဦး က ခွဲဝေယူကြမည်ဖြစ်သည်။

ထိုသို့ ခွဲဝေရာတွင် မြန်မာနိုင်ငံ၏ ထိပ်တန်းလုပ်ငန်းရှင်များဖြစ်သည့် တိုင် ကွန်း ဦးဝင်းအောင်က ကျပ်သန်း ၄၀၊ ဦးခင်မောင်အေးနှင့် ဦးသိမ်းဝေက ကျပ် ၃၆ သန်းစီ ခွဲဝေရယူကြမည်ဖြစ်ပြီး ဒေါက်တာအောင်ထွန်းသက်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်ညွန့်၊ ဦးသိန်းဟန်၊ ဦးထွန်းလွင်၊ ဒေါက်တာဥာဏ် သစ်လှိုင်၊ ဦးတင်မောင်လှိုင်၊ ဦးအောင်စိုးသာနှင့် ဦးညီခင်တို့က ကျပ် ၃၂ သန်းစီ ရယူကြမည်ဖြစ်သည်။ ဒါရိုက်တာအဖွဲ့၏ ဆုကြေးကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အမြတ်၏နှစ်ရာခိုင်နှုန်း(ကျပ် ၄၁၃ သန်း) အပါအ၀င် လွတ်လပ်ေ သာ ဒါရိုက်တာများဖြစ်ကြသည့် ဒေါက်တာအောင်ထွန်းသက်၊ ဦးတင်ထွဋ် ဦးနှင့် ဦးအောင်ညွန့်တို့အတွက် ဥာဏ်ပူဇော်ခ ကျပ် ၅၈ သန်း ခွဲဝေပေး မည်ဖြစ်သဖြင့် ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း ဒါရိုက်တာအဖွဲ့က ခွဲဝေရယူသည့် ဆုကြေးမှာ ကျပ် ၈၇၁ သန်းအထိ ရှိနေပြီဖြစ်သည်။

ယခုနှစ် MTSH ၏ အခွန်ပေးဆောင်ပြီး စုစုပေါင်းဝင်ငွေမှာ ကျပ် ၂၂ ဒသမ ၃ ဘီလျံဖြစ်ပြီး၂၀၁၅-၁၆ ဘဏ္ဍာနှစ် ၀င်ငွေနှင့်နှိုင်းယှဉ်ပါက ရှစ်ရာခိုင်နှုန်း ပိုမိုရရှိခဲ့သော်လည်း ဒါရိုက်တာများ၏ ဆုကြေးငွေအား အဆိုပြုရာတွင် ယခ င်နှစ်က အမြတ်ငွေ၏ နှစ်ရာခိုင်နှုန်း အတည်ပြုခဲ့သော်လည်း ယခုနှစ် တွင် လျှော့ချ၍ ၁ ဒသမ ၇၅ ရာခိုင်နှုန်းသာ အဆိုပြုခဲ့ကြောင်းနှင့် MTSH ၏ ဒါရိုက်တာ အဖွဲ့ဝင်များသည် MTSH ၏ စီမံအုပ်ချုပ်မှုတစ်ခုတည်းသာ မဟုတ်ဘဲ MJTD နှင့် TPD ကုမ္ပဏီများမှလည်း ပဲ့ကိုင်မောင်းနှင်နေေ ကြာင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်အားလုံးအား ကုမ္ပဏီများအတွက် ထူးခြားေ အာင်မြင်သော ရလဒ်ကောင်းများကို ရရှိစေခဲ့သည့် ၎င်းတို့၏ ကောင်း မွန်ပြည့်ဝသော ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုတို့အတွက် အထူးကျေးဇူး တင်ကြောင်း MTSH ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

သီလ၀ါရှယ်ယာတစ်စု ကျပ် ၃၃၀၀ အထိ ကျဆင်းနေချိန်တွင် အဆိုပါ ရှယ် ယာများကို ၄၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့သည့် အများပိုင်ကုမ္ပဏီကိုးခု၏ သီလ၀ါရှယ်ယာ ပိုင်ဆိုင်မှုများ လျော့ကျလာပြီး လက်ရှိတွင် အများဆုံး ပိုင် ဆိုင်ထားသူများမှာ ဦးနိုင်မိုးက ၅၃၇၉၈၀ စု၊ ဦးထွန်းလွင်က ၅၂၃၈၅၀ စု၊ MTSH မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က ၂၅၆၃၄၀ စုနှင့် ဦးဝင်းအောင်၏ မိသား စုဝင်များဖြစ်သည့် ဦးသူရိန်အောင်၊ ဒေါ်အိနှင်းပွင့်၊ ဒေါ်အိနှင်းခိုင်တို့က ၁၁၄၂၄၁၀ စု ပိုင်ဆိုင်ထားကာ ဦးဝင်းအောင်နှင့် မိသားစုက ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင်ရှယ်ယာမှာ ၃၈၉၂၉၁၅၀ စု ရှိနေပြီး ကုမ္ပဏီကိုးခုနှင့် လူပုဂ္ဂိုလ် ၁၁ ဦးက ရှယ်ယာများ၏ ၄၆ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service