မင်္ဂလာဈေးသစ်စီမံကိန်း ဒီဇိုင်းအပြောင်းအလဲရှိနိုင်၍ တည်ဆောက်မှု နောက်ကျဖွယ်ရှိ

မင်္ဂလာဈေးသစ်စီမံကိန်း ဒီဇိုင်းအပြောင်းအလဲရှိနိုင်၍ တည်ဆောက်မှု နောက်ကျဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
12 Sep 2017 9:32 am တွင် တင်ခဲ့သည်
890 ကြိမ် ကြည့်ရှု့ပြီး
မင်္ဂလာဈေးသစ်တည် ဆောက်ရေး ဆောက်လုပ်မည့် ကုမ္ပဏီကို တင်ဒါေ ခ်ါရန် ကြန့် ကြာနေသောကြောင့် ဈေးသစ် တည်ဆောက်ရေး စီမံကိန်းေ နာက်ကျနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာ ၀န်ရှိသူက ပြောသည်။

တင်ဒါခေါ်ရန် ကြန့်ကြာနေ ခြင်းသည် မင်္ဂလာဈေးအတွင်းရှိ မြို့တော်ဘဏ် ကို ဖျက်သိမ်းပြီး မှသာ တင်ဒါခေါ်မည့်အစီအစဉ် စတင်မည်ဖြစ်ကာ ထပ်မံပြီး စီမံကိန်း ဒီဇိုင်း အပြောင်းအလဲ ရှိနိုင် သောကြောင့် မင်္ဂလာဈေးသစ် စီမံကိန်း သတ်မှတ်ချိန်ထက် နောက်ကျ စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် အဆိုပါ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျပ် ၆၅ ဘီလီယံကျော် ကုန်ကျမည်ဟု ရည်ရွယ်ထားသည့် မင်္ဂလာဈေးသစ် တည်ဆောက်ခြင်းကို ဒီဇိုင်းပြုပြင်ပြောင်းလဲမှုနှင့် တင်ဒါအချိန်မီ မခေါ်ယူနို င်သောကြောင့် တည်ဆောက်ရေး လုပ်ငန်းများ နောက်ကျမည့် အခြေအေ နဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ မူလက တည်ဆောက် မည့်ကုမ္ပဏီ တင်ဒါရွေးချယ်ခြင်းကို စက်တင်ဘာနောက်ဆုံးပတ်တွင် ပြုလုပ် ရန် လျာထားသော်လည်း လက်ရှိအချိန်အထိ တင်ဒါမခေါ်နိုင်သေးပေ။

မင်္ဂလာဈေးသစ် အလျင်အ မြန်တည်ဆောက်ရန် ဈေးသူ၊ ဈေးသားများက ဆန္ဒထုတ်ဖော် ခြင်း၊ သတင်းစာရှင်းလင်းခြင်းတို့ဖြင့် တောင်းဆိုခဲ့ကြသည်။

မီးသင့်မင်္ဂလာဈေးကို ဖြို ဖျက်ရန် ၂၀၁၆ အောက်တိုဘာက တင်ဒါခေါ်ယူခဲ့ ပြီး နှစ်လအ တွင်း အပြီးဖြိုဖျက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အ စိုးရ အဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာေ ရး ကော်မတီတို့ သည် မီးသင့်အဆောက်အအုံဖြို ဖျက်ခြင်း လုပ်ငန်းစဉ် ပြီးစီး ချိန်တွင် ဈေးသစ်တည်ဆောက်ရေး လုပ်ငန်းစဉ်များ ပြန်လည်စတင် နိုင်ရန် ဒီဇိုင်းပုံစံရွေးချယ်ခြင်း၊ ဆောက်လုပ်ရေးတင်ဒါ ခေါ်ယူခြင်း စသည့်လုပ်ငန်း စဉ်များ ကြို တင် လုပ်ဆောင်သင့်ပြီး ဈေး သည်များ ဈေးအဆောက်အ အုံ ပေါ် ပြန်တက်နိုင်မည့်အချိန်ကိုပါ ထုတ်ဖော်ကြေညာသင့်ကြောင်း မီးသင့် မင်္ဂလာဈေးသူ၊ ဈေးသား များက ဆိုသည်။

ဒုတိယအကြိမ် မင်္ဂလာဈေး မီးလောင်မှုနှင့်ပတ်သက်၍ ပြည် သူ့လွှတ်တော်နှ င့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တို့တွင် သက်ဆိုင်ရာမြို့နယ်လွှတ်ေ တာ် ကိုယ်စားလှယ်များက မေးခွန်း အသီးသီးမေးမြန်းပြီး မီးဘေးသင့် မင်္ဂ လာဈေးအသစ် တည်ဆောက် မည့် လုပ်ငန်းကို အမြန်ဆုံး အ ကောင်အ ထည်ဖော်မည်ဟု လူ ကယ်ပြန်ဝန်ကြီးဒေါက်တာဝင်း မြတ်အေးက ၂၀၁၆ မေလအတွင်း လွှတ်တော်သို့ဖြေကြားထားသည်။

မင်္ဂလာဈေးကို ၁၉၉၈ တွင် စတင်ဖွင့်လှစ်ပြီး ၂၀၁၀ ပြည့်နှစ်၌ ပထမအကြိမ်၊ ၂၀၁၆ ဇန်န၀ါ ရီ ၉ ရက်တွင် ဒုတိယအကြိမ် မီး လောင်ကျွမ်းခဲ့သည်။ ဒုတိယ အ ကြိမ် မီးလောင်ကျွမ်းမှုတွင် တတိ ယထပ်မှ ခေါင်မိုးထပ်အထိ ဆိုင် ခန်း ၁,၆၃၆ ခန်း ဆုံးရှုံးခဲ့သည်။

မင်္ဂလာဈေးသစ် ဒီဇိုင်းကို Amenity Design Group ကုမ္ပဏီက ရေးဆွဲပြီး တင်ဒါအောင် မြင်ထားသည်။

ယင်းကုမ္ပဏီသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တည်ဆောက်ရန် အဆောက်အအုံဒီဇိုင်းပိုင်း ရွေးချယ်ခံထားရသည့် ကုမ္ပဏီဖြစ်ပြီး ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများ တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲပေးနေသည့် ကုမ္ပဏီဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service