တန်ဖိုးနည်းအိမ်ရာ ချေးငွေပေးသွင်းရက်နောက်ကျရင် ဒဏ်ကြေးဆောင်ရမည်

တန်ဖိုးနည်းအိမ်ရာ ချေးငွေပေးသွင်းရက်နောက်ကျရင် ဒဏ်ကြေးဆောင်ရမည် - Property News in Myanmar from iMyanmarHouse.com
11 Sep 2017 9:21 am တွင် တင်ခဲ့သည်
6741 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်း အိမ်ရာဝယ်ယူသူတချို့ လစဉ်ဘဏ်ချေးငွေပးသွင်းဖို့ ပျက်ကွက် သူတွေကို နောက်ကျဒဏ်ကြေးတိုးမြှင့်ကောက် ခံမှာ ဖြစ်တယ်လို့ CHD Bank ကသိရပါတယ်။

လက်ရှိမှာ ငွေချေးထားသူတွေထဲကပြန်ပေးဆပ်ဖို့ ပျက်ကွက်ဦးရေ လစဉ် များပြားလာပြီး ဘဏ်ကသတ်မှတ်ထားတဲ့ လစဥ လဆန်း ၅ ရက်အတွင်း မှာ ချေးငွေမသွင်းတဲ့သူတွေကို ဒဏ်ကြေးငွေကျပ် ၅၀ဝ၀ ပေးသွင်းရမှာဖြစ် သလိုပေးသွင်းရမယ့်ငွေအပေါ်မူတည်ပြီးတော့နောက်ကျတဲ့ ရက်အလိုက် အတိုးနှုန်းကို ကောက်ခံသွားမှာ ဖြစ်တယ်လို့ CHD Bank က သိရပါတယ်။

လက်ရှိမှာ ပြန်ဆပ်ငွေကို လစဉ် လဆန်း ၅ ရက်အတွင်းမှာကောက်ခံမယ်၊ လဆန်း ၅ ရက်ကျော်ရင်တော့ ကျွန်တော်တို့ကနောက်ကျကြေးအဖြစ် တစ် ရက်စာအတိုးပေါ့၊ ဘဏ်တိုးကို ၃၆၅ ရက်နဲ့ စားပြီး တစ်ရက်စာ အတိုး ဝ.၄ ရာခိုင် နှုန်းကိုပဲကောက်တယ်၊ အဲဒီတော့အတွေ့အကြုံအရ ပျက် ကွက်သူေ တွများတယ်၊ဘာကြောင့်လဲဆိုရင် ပျက်ကွက်လို့ရှိရင် တစ်ရက်နောက်ကျမှ ကျပ် ၅၀ ပဲဒဏ်ကြေးပေးရတာပေါ့၊  အဲဒီတော့ သူတို့က အလွယ်တကူ ပျက် ကွက်နေတယ်လို့ CHD Bank ရဲ့ Assistant Manager ဦးလှမျိုးတင့်က ပြော ပါတယ်။

လက်ရှိမှာ တန်ဖိုးနည်းအိမ်ရာဝယ်ယူဖို့အတွက် ချေးငွေထုတ်ချေးပေးထား သူနဲ့ ထပ်မံချေးပေးရမယ့် သူ ၁၀ဝ၀  ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။
ဘဏ်ချေးငွေပြန်သွင်းသူတွေ အာရုံစိုက်စေဖို့အတွက် တစ်ကြိမ်ပျက်ကွက်ရင် ကျပ် ၅၀ဝ၀နဲ့ ရက်အလိုက်တိုးနှုန်းပေးရမယ်လို့ ပြောပါတယ်။  အဲသည်  ဒဏ်ကြေးတိုးမြှင့်ရခြင်းက မှန်ကန်စွာဆပ်စေလိုတဲ့ သဘောသာဖြစ်ပြီး အ ကျိုးအမြတ်ရယူလိုခြင်း မဟုတ်ကြောင်းလည်းဆိုပါတယ်။

စာချုပ်ပါ စည်းကမ်းအတိုင်း ချေးငွေပေးသွင်းတာ ကလေးကြိမ်၊ လေး လ တစ်ဆက်တည်း ပျက်ကွက်ရင်တော့ အခုချိန်အထိတော့မလုပ်ပါဘူး၊ ဒါပေ မဲ့မလွဲ မရှောင်သာတဲ့နည်းအရ  သူကလဲ  ဘယ်လိုမှဆပ်နိုင်ခြေမရှိဘူးဆိုရင် စာချုပ်ပါ စည်းကမ်းအရတော့ အိမ်ကနေဖယ်ပေးရမှာ ဖြစ်ပါတယ်၊ လက် ရှိပြန်သွင်းငွေက  သတ်မှတ်ရက်ထက် နောက်ကျတာကအယောက် ၄၀ ရှိ တယ်လို့ ဦးလှမျိုးတင့်က ပြောပါတယ်။

အကြောင်းအမျိုးမျိုး ပြပြီး ပျက်ကွက်မှုအတွက်အများနဲ့ ပြုလုပ်ရခြင်းဖြစ်တာေ ကြာင့် ဖြေလျှော့ပေးရန်မရှိကြောင်းသိရပါတယ်။ ဒါပေမဲ့ အကျိုးအကြောင်း ခိုင် လုံပြီးသက်ဆိုင်ရာ လူကြီးတွေကဖြေလျှော့ပေးရန်  သင့်တယ်ဆိုပါက မြို့ပြနဲ့  အိမ်ရာဖွံ့ဖြိုးဦးစီးဌာန နဲ့ ဘဏ်နဲ့ ပူးပေါင်း ဖြေလျှော့ပေးမှာဖြစ် တယ်လို့ သိရပါတယ်။မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ နှစ်နှစ် အ တွင်း လူနေတိုက်ခန်းပေါင်း  ၈၀ဝ၀ ကျော်ထပ်မံဆောက်လုပ်ဖို့ ရည်ရွယ် ထားတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service