အရှေ့မျှော်မူဝါဒမှ ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှုများဖြစ်ထွန်းရန် အိန္ဒိယ-မြန်မာလုပ်ငန်းရှင်များမျှော်မှန်း

အရှေ့မျှော်မူဝါဒမှ ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှုများဖြစ်ထွန်းရန် အိန္ဒိယ-မြန်မာလုပ်ငန်းရှင်များမျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
8 Sep 2017 10:13 am တွင် တင်ခဲ့သည်
3082 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိသျှတို့ထံမှ မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်၌ စတင်ခဲ့သော အိန္ဒိယ-မြန်မာသံတမန်ဆက်ဆံရေးသည် ယခုအခါ နှစ်ပေါင်း ၇၀ တိုင်အောင် ကြာတည်လျက်ရှိခဲ့ရာ ဘာသာတရား၊ စာပေနှင့် ယဉ်ကျေးမှု ကူးလူးဆက်စပ်ခြင်းများမှသည်စီးပွားရေးအရဆက်သွယ်ဆောင်ရွက်ခြင်းများက အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ တိုးတက်ဖြစ်ထွန်းလျက်ရှိသည်။

အင်္ဂလိပ်အစိုးရ၏ နယ်ချဲ့အုပ်ချုပ်ခြင်းကို ခံခဲ့ရသော မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံတို့သည် နှစ်ပေါင်း၇၀ ကြာမြင့်လာချိန်တွင် နိုင်ငံတစ်ခုခြင်းစီ၏ စီးပွားရေးဖြစ်ထွန်းမှုများက ကွာခြားခြင်းများ ရှိလာခဲ့သည်။

ယခုအခါ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ တိုးတက်ဖြစ်ထွန်းနေသောအိန္ဒိယသည် ၎င်း၏ စီးပွားရေးဆိုလျှင်လည်းကမ္ဘာ့တိုးတက်ဖြစ်ထွန်းသော ၅ နိုင်ငံစာရင်း-BRCIS (ဘရာဇီး၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် တောင်အာဖရိက) တွင် ပါဝင်လျက်ရှိသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၁၆ ခုနှစ် မှတ်တမ်းများအရလူဦးရေ ၁.၁ ဘီလီယံ (သန်းပေါင်း ၁၁၀၀ ကျော်) ရှိသောအိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဘိုး-GDPသည် အမေရိကန်ဒေါ်လာ ၂.၂၆၄ ထရီလီယံရှိနေချိန်တွင် လူဦးရေ ၅၁ သန်းကျော်ရှိသော
မြန်မာနိုင်ငံ၏ GDP သည် ၆၇.၄၃ ဘီလီယံသာရှိနေသည်။

နိုင်ငံသားတစ်ဦးချင်း၏ ၀င်ငွေအရ အိန္ဒိယနိုင်ငံသားတစ်ဦးလျှင် တစ်နှစ်ကို ၁၇၀၉ ဒေါ်လာရရှိချိန်တွင် မြန်မာနိုင်ငံသား တစ်ဦးအဖို့ တစ်နှစ်ကိုအမေရိကန်ဒေါ်လာ ၁၂၇၅သာ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုးအပေါ်တွင် ရရှိသည်။

အိန္ဒိယနိုင်ငံသည် ၀န်ကြီးချုပ် မိုဒီလက်ထက် အရှေ့မျှော်မူဝါဒကို တွင်တွင်ကျင့်သုံးလာရာ ယင်း၏ နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံအနေနှင့် စီးပွားရေးအရအကျိုးဖြစ်ထွန်းရန် မျှော်လင့်ချက်များရှိနေရာ ယခုနှစ် စက်တင်ဘာလ ၅ ရက် နေ့မှ စတင်ခဲ့သောမိုဒီ၏ ၃ ရက်ကြာ မြန်မာပြည်ချစ်ကြည်ရေးခရီးစဉ်အတွင်း အိန္ဒိယအရှေ့မျှော်မူဝါဒမှ တိုးတက်သော စီးပွားရေးဖြစ်ထွန်းမှုများဖြစ်ပေါ်ရန် ၂ နိုင်ငံလုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD ၏ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက “လက်ရှိအိန္ဒိယကလက်ရှိ အရှေ့ပေါ်လစီချထားတယ်။ အနောက်နိုင်ငံတွေထက် အရှေ့ပိုင်းက နိုင်ငံတွေကိုပိုပြီးဦးစားပေးမယ်ပေါ့။ ဒါပေမယ့် အခုချိန်ထိ မြန်မာမပါသေးဘူး။ ဂျပန်တို့၊ ကိုရီးယားတို့က ကျော်သွားတယ်။ အဲဒါကို မြန်မာပါလာအောင် ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်ထဲမှာ ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းနိုင်တာပေါ့။ ဒါကို ဆွေးနွေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့”ဟုဆိုသည်။

ထိုသို့ ကဏ္ဍစုံစီးပွားရေးပူးပေါင်းလုပ်ဆောင်ခြင်းများအတွက် အိန္ဒိနှင့် မြန်မာနှစ်နိုင်ငံခေါင်းဆောင်များနေပြည်တော်၌ ဆွေးနွေးရာတွင် လက်ရှိ ဖြစ်ပေါ်နေသော နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို မှတ်ချက်ပြုကြပြီး ယင်းကဏ္ဍများကိုတိုးမြှင့်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးရှိ အတားအဆီးများကိုဖယ်ရှားခြင်းမှ ဈေးကွက်အခွင့်အလမ်းဖြစ်ပေါ်ရေးကိုလည်း အလေးပြုဆွေးနွေးခဲ့ကြသည်။

မြန်မာစက်သုံးဆီအသင်းအတွင်းရေးမှူးဖြစ်သူ ဒေါက်တာဝင်းမြင့်က မဇ္ဈိမ၏ မေးမြန်းမှုကိုပြောဆိုရာတွင် စက်သုံးဆီ ကဏ္ဍနှင့် ပတ်သတ်၍ အိန္ဒိယနှင့် မြန်မာတိုက်ရိုက် ကုန်သွယ်ရေးပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်းပြောသည်။

“အိန္ဒိယမှာက ရေနံချက်စက်ရုံတွေ အများကြီးရှိတယ်။ သူတို့ စက်သုံးဆီတွေ အများကြီးထုတ်လုပ်တဲ့ နိုင်ငံဖြစ် တယ်။ အခုသူတို့က ဘယ်ကိုပို့လဲဆိုတော့ စင်္ကာပူကို တင်ပို့နေတယ်။ အဲဒီကနေမှ မြန်မာနိုင်ငံကတစ်ဆင့် ပြန် ၀ယ်နေရတယ်။ အခု ၀န်ကြီးချုပ် ခရီးစဉ်နောက်ပိုင်းမှာအိန္ဒိယကနေတိုက်ရိုက် ၀ယ်ယူခွင့်ရမယ်ဆိုရင် တို့တွေအတွက် အများကြီးအလားအလာကောင်းတာပေါ့” ဟု ဒေါက်တာဝင်းမြင့်က ပြောသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းရှင် ဦးရဲမင်းဦးက မြန်မာနိုင်ငံ၏ အသေးစားအလတ်စားစီးပွားလုပ်ငန်းများ-SMEsများအတွက် အိန္ဒိယထုတ်စက်ပစ္စည်းများကိုလွယ်ကူအဆင်ပြေစွာတင်သွင်းအသုံးပြုနိုင်ရန် အစိုးရက မူဝါဒတစ်ရပ်ချပေးနိုင်ရန် ပြောဆိုထားသည်။

“အိန္ဒိယလူသုံးကုန်ပစ္စည်းအကုန်ထုတ်တယ်၊ မြန်မာနိုင်ငံက အိန္ဒိယရဲ့ ဆေးပစ္စည်းတွေ အဓိကသုံးတယ်။ နောက်ပြီး တော့ အိန္ဒိယရဲ့ စက်ပစ္စည်းတွေကနာမည်ကြီးတယ်။ အိန္ဒိယ စက်တွေကို ပြည်တွင်းက SME တွေ သုံးလို့ရမယ် ဆိုရင်တော့ အဆင်ပြေတာပေါ့။ ဒါကိုဘယ်လိုနည်းနဲ့ သွင်းလို့ရအောင် လုပ်မလဲဆိုတာတော့ အစိုးရက မူဝါဒတစ်ရပ်ချပေးရမှာပေါ့” ဟု ဦးရဲမင်းဦးက ပြောသည်။

မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဆင့် ၅ တွင်ရှိသည့် အိန္ဒိယ-မြန်မာအပြန်အလှန်ကုန်သွယ်ရေးသည် မနှစ်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရရှိထားသည်ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှတ်တမ်းများတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် မိုဒီ၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သတ်၍ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာဖွယ်ရှိကြောင်းယုံကြည်မှု တစ်ချို့ကလည်း ရှိနေသည်။

မြန်မာပြည်တွင် ကျန်းမာရေးအကြံပေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေသော 4R Consultancy ၏ အုပ်ချုပ်မှုဒါရိုက် တာ ရာဗန်ဒရာဂျိန်က“၀န်ကြီးချုပ်ခရီးစဉ်အပြီးမှာ အိန္ဒိယရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတိုးတက်လာမယ်ဆိုတာကို ကျွန်တော် သိပ်ကိုယုံကြည်တယ်” ဟုဆိုသည်။

အထူးသဖြင့် အိန္ဒိယအစိုးရ၏ အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံများများစွာဖြစ်ပေါ်လာဖို့ ရှိသလို TA TA ကုမ္ပဏီကဲ့သို့ ပုဂ္ဂိလကရင်းနှီးမြှုပ်နှံမှုများလည်းတိုးတက်လာမည်ဖြစ်ကြောင်း ရာဗန်ဒရာဂျိန်က ဖြည့်စွက်ပြောဆိုထားသည်။

လက်ရှိတွင် အိန္ဒိယ၏ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုများအနေနှင့် အမေရိကန်ဒေါ်လာ ၇၃၆ သန်းတွင် ရှိနေပြီး မြန်မာတွင် အများဆုံးရင်းနှီးမြှုပ်နှံမှုပြုထားသော ၁၀ ခုမြောက် နိုင်ငံအဖြစ် ရပ်တည်နေသည်။

“ကျွန်တော်တို့ ၀န်ကြီးချုပ် နာဟင်ဒရာမိုဒီကအရှေ့မျှော်မူဝါဒကို အမှန်တကယ် အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ကလည်း မြန်မာနဲ့ ကုန်သွယ်ရေးတိုးတက်မှုတွေဖြစ်ဖို့ စဉ်းစားညှိုနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ အိန္ဒိယသံအမတ် ဗစ်ခရမ် မီစရီတောင်မှ ကျွန်တော်တို့ကိုကုန်သွယ်ရေးတွေ တိုးမြှင့်ဖို့ ပုဂ္ဂိုလ်ရေးအရ တွန်းအားပေးနေတာလည်း ရှိပါတယ်”ဟု ၂၀၁၃ ခုနှစ်ကတည်းက ရန်ကုန်တွင် ရုံးခန်းဖွင့်လှစ်ထားသော TA TA ၏ မြန်မာပြည်ဆိုင်ရာအကြီးအကဲဆင်နီဆတ်(သ) က ဆိုသည်။

ထို့အပြင် ၎င်းက ဆက်လက်ပြီးအိန္ဒိယကုမ္ပဏီများအနေနှင့် လယ်ယာထွက်ကုန်ပစ္စည်းတင်သွင်းခြင်းနှင့် စက်ပစ္စည်းများ တင်ပို့ခြင်းစသည့် နယ်ပယ်များတွင် လုပ်ကိုင်ရန် ကြည့်ရှုနေကြသည်ဟု ဖြည့်စွက်ပြောဆိုထားသည်။

“ရင်းနှီးမြှုပ်နှံမှုအနေနဲ့ လျှပ်စစ်စွမ်းအားကဏ္ဍနဲ့ လက်ရှိအိန္ဒိယကုမ္ပဏီတွေ ညှိုနှိုင်းလျက်ရှိတဲ့ ကမ်းလွန်၊ ကုန်းတွင်းရေနံတူးဖော်ရေးစတဲ့လုပ်ငန်းမှာ ကျွန်တော်တို့ တိုးမြှင့်သွားချင်ပါတယ်”ဟုဆင်နီဆတ်(ဒ) က ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ခဲ့သောအိန္ဒိယ၀န်ကြီးချုပ် ဆရီနာဟင်ဒရာမိုဒီ၏ ၃ ရက်ကြာ မြန်မာပြည်ချစ်ကြည် ရေးခရီးစဉ်သည် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

ဝန်ကြီးချုပ် မိုဒီ မြန်မာပြည်တွင်ရှိနေစဉ် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍ တိုးမြှင့် ခြင်း ကိစ္စရပ်များစသည်တို့ကို မြန်မာခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းနှင့်စာနယ်ဇင်းအပါအ၀င် ကဏ္ဍ ၁၁ ခုတို့တွင် နှစ်နိုင်ငံကြားသဘောတူနားလည်မှုစာချွန်လွှာ - MOU များ လက်မှတ်ရေးထိုးခဲ့ခြင်းမှအပ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းဆိုင်ရာ သဘောတူညီမှုမျိုး မရှိခဲ့ပေ။

Credit: Mizzina Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service