ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို အပေါင် ပစ္စည်းမယူဘဲ ချေးငွေပေးရန် လိုအပ်

ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို အပေါင် ပစ္စည်းမယူဘဲ ချေးငွေပေးရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
7 Sep 2017 12:18 pm တွင် တင်ခဲ့သည်
1633 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ် ငန်းရှင်များကို အပေါင် ပစ္စည်းမလိုဘဲ ချေးငွေပေးရန် သက်ဆိုင်ရာ တိုင်းဒေ သကြီးအစိုးရက အာမခံပေးရန် လိုအပ်ကြောင်း ဘဏ် လုပ်ငန်းရှင်များ က ပြောသည်။

''အသေးစား ဆောက်လုပ်ရေးလုပ်ငန်းတွေကို ချေးငွေပေးမယ်ဆိုရင် တိုင်းေ ဒသကြီးအစိုးရက အာမခံ ပေးရမယ်။ အာမခံမရဘဲ ချေးငွေပေးဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ချေးငွေရခဲ့မယ်ဆိုရင် တိုင်းဒေသကြီး အစိုးရတွေ၊ တာဝန် ရှိတဲ့ အာဏာပိုင်တွေနဲ့ညှိပြီးတော့ ချေးငွေပေးသွားမှာပါ။ အခုထိေ တာ့ ချေးငွေရမယ်လို့ တရားဝင် အကြောင်းကြားတာလည်း မရှိသေးတော့ ကြိုတင်ဆောင်ရွက်နေတာတွေလည်း မရှိပါဘူး''ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဥက္ကဠ ဦးဝင်းဇော်က ယခုလ ၅ ရက်တွင် ပြောသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် ဈေးကွက်ကျဆင်းမှုကြောင့် လုပ်ငန်းလည်ပတ် ရန် အခက်အခဲရှိနေသော လုပ်ငန်းများနှင့် ငွေကြေးအခက်အခဲကြောင့် အပြီး သတ်ရန် ခက်ခဲနေသည့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများအနက် အလားအလာကောင်းသောလုပ်ငန်းများကို နှစ်ဆင့်ခံချေးငွေများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားသည်ဟု သြဂုတ်လကုန်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့ သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာေ ရးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြား ထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ချေးငွေထောက်ပံ့ပေးနိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဟု လည်း ၄င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ငွေကြေး မလည်ပတ်နိုင်သော အကြီးစား ဆောက် လုပ်ရေးလုပ်ငန်းရှင်များကို အပေါင်ခံပစ္စည်းဖြင့် ငွေချေးပေးခဲ့ဖူးကြောင်း ဦးဝင်းဇော်က ပြောသည်။

''အသေးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တစ်ခါမှ ချေးငွေမပေးဖူးသေးဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အကြီးစားေ ဆာက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ငွေကြေးမလည်ပတ်နိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ၃ဝ ဘီလျံ ချေးဖူးပါတယ်''ဟု ၄င်းက ပြော သည်။

စီမံကိန်းတစ်ခုအနေဖြင့် အသေးစားလုပ်ငန်းရှင်များကို ချေးငွေပေးမည်ဆိုပါ က ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ထုတ်ပေးမည်ဖြစ် သည်ဟုလည်း ဦးဝင်းဇော်က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိအချိန်တွင် ဘဏ်များနှင့် ချိတ်ဆက်ပြီး ချေးငွေရယူရန် အခက်အခဲများရှိနေကြောင်း ပြည်တွင်းဆောက် လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

''ဘဏ်တွေက ချေးငွေတောင်းရင် ဆောက်လုပ်ရေး၊ သတ္တု၊ သစ်တော၊ေ ကျာက်မျက်၊ စွမ်းအင်နဲ့ ပတ်သက် တာတွေကို ချေးငွေများများ ပေးလေ့ မရြှိ ကဘူး။ ဘဏ်မှာ အာမခံပစ္စည်းမပေးဘဲ လုပ်ငန်းပေါ်ကြည့်ပြီး ချေးငွေပေးဖို့ ဥပဒေလိုတယ်လို့ ပြောတယ်။ အပေါင်ပစ္စည်းပေးမှ ချေးငွေပေးမယ်လို့ ဘဏ်တွေဘက်က ပြန်ပြောတယ်''ဟု အာရှဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

ဘဏ်ချေးငွေရယူရန် ဆောက်လုပ်ရေးစီမံကိန်းမြေနေရာကို အပေါင်ပစ္စည်း အဖြစ် ထားမရသည့်အတွက် အသေးစားဆောက်လုပ်ရေး လုပ်ငန်းရှင်များအ တွက် အခက်အခဲရှိသည်ဟုလည်း ၄င်းက ပြောသည်။

''ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေရဖို့ ကြိုးစားနေတယ်။ သူတို့က အပေါင်ပစ္စည်းပေးမှ ချေးငွေပေးမယ် ပြောတယ်။ အပေါင်ပစ္စည်းရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ပဲ ချေးငွေပြန်ရနိုင်တယ်။ အပေါင်က သိန်း တစ်သောင်းခွဲပေးမယ်ဆိုရင် သိန်း၃,ဝဝဝ လောက်ပဲ ချေးငွေပြန်ရနိုင်တယ်။ အပေါင်ပေးဖို့ဆိုလည်း မြေကွက်တွေပဲ ထားလို့ရတယ်။ တိုက်ခန်းတွေ၊ ကွန်ဒိုတွေကို အပေါင်မထားနိုင်တော့ အခက်တွေ့ရတယ်။ တန်ဖိုးမြင့် ကွန်ဒိုတွေနဲ့ တိုက်ခန်းတွေကို အပေါင်ပစ္စည်းအနေနဲ့ ထားနိုင်ဖို့ တိုက်ခန်းအိမ်ရာဥပဒေ လိုအပ်တယ်''ဟု ဦးရန်အောင်က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ချေးငွေများ ရယူရန်ခက်ခဲနေပြီးေ ဆာက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်အပါအဝင် အခြားပုဂ္ဂလိကဘဏ် များမှ ချေးငွေရယူရန်လည်း မလွယ်ကူကြောင်း မြတ်မင်း ဆောက် လုပ်ငန်းရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။

''အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ဆောက်လုပ်ရေး လုပ် ငန်းတွေ ဈေးကွက်ကျဆင်းနေတာ၊ လုပ်ငန်းကောင်းကောင်း မလည်ပတ်နိုင် တာတွေက အရင်းအနှီးနည်းနေလို့ ချေးငွေ မရလို့ပါပဲ။ ချေးငွေဆိုင်ရာ ဥပဒေတွေ အမြန်ပြဠာန်းဖို့ လိုနေပါတယ်။ တချို့ဘဏ်တွေက ပြောတယ်၊ သူတို့မှာ ပိုက်ဆံရှိတယ်၊ ချေးပေးချင်ပေမဲ့ ဥပဒေမရှိလို့ ချေးငွေမပေးနိုင် ဘူး''ဟု ၄င်းက ပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service