နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ

နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ - Property News in Myanmar from iMyanmarHouse.com
7 Sep 2017 11:50 am တွင် တင်ခဲ့သည်
6233 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်ရှိ ဆရာဝန်တစ်ဦးက ရွာသားများ၏
အမဲလိုက်ခံရသဖြင့် သေဆုံးသွားခဲ့ကြသော တောရိုင်းတိရစ္ဆာန်များ၏
ကျန်ရစ်ခဲ့သော မိဘမဲ့တိရစ္ဆာန်ငယ်လေးများကို သူ၏နေအိမ်တွင်
မွေးမြူစောင့်ရှောက်ထားသည်မှာ တောရိုင်းတိရစ္ဆာန်အထူးစောင့်ရှောက်ရေး
ဂေဟာပင် ဖြစ်လို့နေပါသည်။

Animarl Ark ဂေဟာလေးကို ထိုဆရာဝန်က ရွာသာများ စားဝတ်နေရေး
အတွက် အမဲလိုက်ကြရန်လိုအပ်မှုကို နားလည်ကာ တိရစ္ဆာန်ငယ်များကိုလည်း
အသတ်မခံကြရစေချင်၊ အစာငတ်မသေဆုံးစေချင်၍ ထူထောင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အသက် ၇၀ ကျော်ပြီဖြစ်သည့် ဒေါက်တာ ပရာကက်ရှ် အမ်တီနှင့် သူ၏ဇနီးတို့သည် လွန်ခဲ့သည့်နှစ် ၄၀ ခန့်က တစ်ရက်တွင် ဂတ်ချီရိုလီတောထဲသို့လမ်းလျှောက်ကြစဉ် လူတစ်စုက အမဲလိုက်၍ ရလာသည့်မျောက်သေတစ်ကောင်အား သယ်လာသည်ကို တွေ့မြင်ခဲ့ကြသည်။

ထိုတွင် ယင်းမျောက်သေမ၏ ခန္ဓာကိုယ်အား မျောက်ငယ်လေးတစ်ကောင်က
လိုက်တွယ်ကပ်ကာ သူမ၏ သားမြတ်မှ နို့ချိုကိုစို့ရန် ကြိုးစားနေသည့်မြင်ကွင်းကိုပါ
သူတို့ တွေ့မြင်ခဲ့ကြသည်။

၎င်းကြေကွဲဖွယ်မြင်ကွင်းကိုမြင်ပြီးနောက် ဒေါက်တာပရာကက်ရှ်က တောရိုင်း
တိရစ္ဆာန်ငယ်လေးများကိုပါ အမဲလိုက်သည့်အထဲ ရောနှောပါကာ၊ အစာငတ်ကာသေဆုံးခွင့်မပြုနိုင်ဟု သူ၏စိတ်၌ ဆန္ဒပြင်းပြခဲ့သည်။ ထို့ကြောင့် သူက ယင်းလူစုကို မျောက်ငယ်လေးအား ဘာလုပ်မည်ကို မေးမြန်းခဲ့ရာ သူ၏အမေကဲ့သို့ပင် သူ့ကိုလည်း စားသုံးမည်ဖြစ်ကြောင်း သူတို့က ပြောကြားခဲ့သည်။

ဤတွင် သူက သူတို့သည် အပျော်အမဲလိုက်ကြခြင်းမဟုတ်ဘဲ စားဝတ်နေရေး
အတွက် လိုအပ်၍ သတ်ကြမည်ကို သဘောပေါက်သဖြင့် သူက
မျောက်ငယ်လေးအား ဆန်နှင့် အ၀တ်တို့ဖြင့် လဲလှယ်ခဲ့သည်။ Animarl Ark
တိရစ္ဆာန်မိသားစုကြီးသည် ထိုမျောက်ငယ်လေးမှ အစပြုခဲ့ခြင်းဖြစ်သည်။

နှစ်လေးဆယ်ကြာလာခဲ့ပြီးနောက် Animarl Ark သည်
တောရိုင်းတိရစ္ဆာန်မျိုးစုံအတွက် ဒုက္ခသည်စခန်းတစ်ခုဖြစ်လာသည်။ လူအများ
ထိတွေ့ရန် ကြောက်ရွံကြသည့် အန္တရာယ်ရှိသော တိရစ္ဆာန်မျိုးစိတ်များပင်
သူတို့အိမ်နေအိမ်တွင် နေထိုင်ကြသည်။

Animarl Ark တွင် လှောင်အိမ်ဖြင့် ထားရသည့် တိရစ္ဆာန်များမှ လူတို့နှင့်
အနီးကပ်ထိတွေ့နေထိုင်၍ ရကြသည့် တိရစ္ဆာန်များအထိ မျိုစိတ်မျိုးစုံ
တောရိုင်းတိရစ္ဆာန်အရေအတွက် ၃၀၀ ထိ အများဆုံးရှိခဲ့သည်။ ထို့ကြောင့်
ဘေးပတ်ဝန်းကျင်မှလူများ၏ မကျေနပ်တိုင်တန်းမှုများရှိလာခဲ့သဖြင့်
တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ စည်းမျဉ်းများနှင့်အညီ သူ၏ အိမ်နှင့်ခြံအား
ပြုပြင်တည်ဆောက်ကာ ယခုအခါ တိရစ္ဆာန်ကောင်ရေ ၉၀ ၀န်းကျင်ကိုသာ
စောင့်ရှောက်ထားတော့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ - Property News in Myanmar from iMyanmarHouse.com
နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ - Property News in Myanmar from iMyanmarHouse.com
နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ - Property News in Myanmar from iMyanmarHouse.com
နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ - Property News in Myanmar from iMyanmarHouse.com
နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ - Property News in Myanmar from iMyanmarHouse.com
နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ - Property News in Myanmar from iMyanmarHouse.com
နေအိမ်အား မိဘမဲ့တောရိုင်းတိရစ္ဆာန်များအတွက် ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲခဲ့သူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service