အမေရိကန်တွင် မီးပြတိုက် ၆ လုံး လေလံတင်ရောင်းချမည်ဖြစ်ပြီး ဈေးအနိမ့်ဆုံးမီးပြတိုက်၏ ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၁၃၅ သိန်းကျော်) ဖြစ်

အမေရိကန်တွင် မီးပြတိုက် ၆ လုံး လေလံတင်ရောင်းချမည်ဖြစ်ပြီး ဈေးအနိမ့်ဆုံးမီးပြတိုက်၏ ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၁၃၅ သိန်းကျော်) ဖြစ် - Property News in Myanmar from iMyanmarHouse.com
6 Sep 2017 11:34 am တွင် တင်ခဲ့သည်
2267 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်တွင် အသုံးမပြုတော့သော မီးပြတိုက် ၆ လုံး လေလံတင်ရောင်းချမည်ဖြစ်ပြီး ဈေးအနိမ့်ဆုံးမီးပြတိုက်၏ ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၁၃၅ သိန်းကျော်) ဖြစ်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါမီးပြတိုက်များကို ၁၉၃၀ ပြည့်နှစ်မတိုင်မီကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြည်ထောင်စုအစိုးရက လေလံတင်ရောင်းချလာခြင်း ဖြစ်သည်။

ပြတိုက် ၅ ခုမှာ မီချီဂန်ပြည်နယ်တွင် တည်ရှိပြီး ဗာဂျီးနီးယားပြည်နယ်အရှေ့ဘက် Chesapeake Bay တွင် တစ်ခုဖြစ်သည်။
သာယာလှပသော ဝန်းကျင်မြင်ကွင်းများနှင့် အမြဲမပြတ်မွမ်းမံမှုများ ပြုလုပ်နိုင်ရန် လုံ့လရှိသူများအနေဖြင့် မီးပြတိုက်များ ဝယ်ယူသင့်လေသည်။

အချို့ကမူ ဝယ်ယူလိုကြသော်လည်း ပြုပြင်ထိန်းသိမ်းစရိတ် အလွန်ကုန်ကျမည်ကိုလည်း ထည့်သွင်းတွက်ချက်လျက် ရှိကြသည်။
မီးပြတိုက်များကို ရောင်းချရခြင်း၏ အကြောင်းရင်းမှာလည်း ပြုပြင်ထိန်းသိမ်းစရိတ် မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်အတွင်းက ထုတ်ပြန်သည့် အစိုးရ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

မက်ဆာချူးဆက်ပြည်နယ်ရှိ Borden Flats မီးပြတိုက်ကို နစ်ခ် ကော်စတက်ဒ်အမည်ရှိသူက ၂၀၁၀ ပြည့်နှစ်အတွင်း လေလံပွဲတစ်ခုတွင် ကန်ဒေါ်လာ ၅၆၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

ယင်းနောက် မီးပြတိုက်ကို မူရင်းမပျက်ပြုပြင်မွမ်းမံရန် ကန်ထရိုက်တာများကို ဆက်သွယ်စုံစမ်းရာ ကန်ဒေါ်လာ ၃၀၀၀၀၀ မှ ၄၀၀၀၀၀ အကြားကုန်ကျမည်ဟု ပြောကြားခဲ့ကြသည်။

သို့ဖြင့် ကိုယ်တိုင်ပြုပြင်ရန် ကော်စတက်ဒ်က ဆုံးဖြတ်လိုက်သည်။
“ရိုးရိုးသားသားပြောရရင်တော့ တကယ်အံ့သြစရာပါ။ မူလအတိုင်းပြုပြင်တာမှာ ဒေါ်လာ ၃၀၀၀၀ ပဲ ကုန်ခဲ့တယ်” ဟု ကော်စတက်ဒ်က ဆိုသည်။

၁၃၆ နှစ်သက်တမ်းရှိ အဆိုပါမီးပြတိုက်ကို မွမ်းမံပြုပြင်ရန်အတွက် နာရီပေါင်း ၃၀၀ ကြာမြင့်ခဲ့ပြီး နှစ်စဉ် ကန်ဒေါ်လာ ၁၅၀၀၀ ကုန်ကျခဲ့သည်။

ယခုလေလံတင်ရောင်းချမည့် မီးပြတိုက်များကို General Services Administration ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယခုလေလံတင်ရောင်းချမည့် မီးပြတိုက်များမှာ မြောက်အမေရိကရှိ အကြီးမားဆုံး ရေကန်ကြီး ၅ ခုတွင် အပါအဝင်ဖြစ်သော Lake Erie အနီး ၁၈၈၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် Detroit River မီးပြတိုက်၊ ဗာဂျီးနီးယားပြည်နယ်အရှေ့ဘက် Chesapeake ပင်လယ်အော်ရှိ Craighill Channel Lower Range Front မီးပြတိုက် (၁၉၃၇ ခုနှစ်တွင် ဆောက်လုပ်) ၊ ကနေဒါ- အမေရိကန်နယ်စပ်တွင် တည်ရှိသော Laurentian Great Lakes အနီး ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော Lansing Shoal မီးပြတိုက်တို့ ဖြစ်ကြသည်။

မီးပြတိုက် ၆ ခုအနက် ၄ ခုမှာ ကြမ်းခင်းဈေး ကန်ဒေါ်လာ ၁၅၀၀၀ ဖြစ်ပြီး၊ တစ်ခုမှာ ၂၇၀၀၀ ဖြစ်ကာ ဈေးအနည်းဆုံးမှာ
ဒေါ်လာ ၁၀၀၀၀ ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး အမေရိကန်အစိုးရသည် မီးပြတိုက်ပေါင်း ၁၃၃ ခုကို လေလံတင်ရောင်းချခဲ့ပြီးဖြစ်ပြီး
ယင်းတို့အနက်မှ ၇၈ လုံးကို သမိုင်းဝင်အဆောက်အအုံထိန်းသိမ်းသူများက အခကြေးငွေမပေးရဘဲ ရရှိသွားကြပြီး ၅၅ ခုကို လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် မီးပြတိုက် ၆ လုံး လေလံတင်ရောင်းချမည်ဖြစ်ပြီး ဈေးအနိမ့်ဆုံးမီးပြတိုက်၏ ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၁၃၅ သိန်းကျော်) ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် မီးပြတိုက် ၆ လုံး လေလံတင်ရောင်းချမည်ဖြစ်ပြီး ဈေးအနိမ့်ဆုံးမီးပြတိုက်၏ ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၁၃၅ သိန်းကျော်) ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် မီးပြတိုက် ၆ လုံး လေလံတင်ရောင်းချမည်ဖြစ်ပြီး ဈေးအနိမ့်ဆုံးမီးပြတိုက်၏ ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၁၃၅ သိန်းကျော်) ဖြစ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service