ပုဂံရှေးဟောင်းယဉ် ကျေးမှုဒေသတွင် ရှေးဟောင်းအ ဆောက်အအုံစုစုပေါင်း ၃,၈၂၂ ခုရှိကြောင်း မြန်မာနိုင်ငံ ဗိသုကာ အသင်းက စက်တင်ဘာ ၃ ရက် တွင် ထုတ်ပြန်သည်။
ရှေးဟောင်းအဆောက်အ အုံအရေအတွက်ကို မြန်မာနိုင်ငံ ဗိသုကာ အ သင်းနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပူးေ ပါင်းကောက်ယူ ခြင်းဖြစ်သည်။
၂၀၁၆ ဩဂုတ် ၂၄ ရက်က ပုဂံဒေသတွင် ငလျင်လှုပ်ခတ်ခဲ့ ပြီးနောက်ပိုင်း ထိခိုက်ပျက်စီးခဲ့ သော ပုဂံဘုရားစေတီများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှ င့် အတူ ရှေးဟောင်းပုဂံအဆောက် အအုံအရေအတွက်ကို စာရင်း ကောက် ယူခဲ့ကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်းဥက္ကဋ္ဌ ဦးဆန်းဦး က ပြောသည်။
‘‘မြန်မာလူမျိုးမှန်ရင် ပုဂံ ဘုရား ဘယ်နှဆူရှိတယ်ဆိုတာ သိချင်တယ်။ အဲဒီသိ ချင်တဲ့ ဆန္ဒကို ကျွန်တော်တို့ ဖြည့်ပေးချင်တယ်’’ဟု ဦးဆန်းဦးက ပြောသည်။
၂၀၁၆ အောက်တိုဘာမှ ဒီဇင်ဘာအထိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ၁၉ စတုရန်း မိုင်ဧရိယာအတွင်း ကွင်းဆင်းစာ ရင်းကောက်ခံခဲ့ပြီး ရရှိလာေ သာ စာရင်းကို နိုင်ငံတော်အကြီးအကဲ များ၊ ယူနက်စကို မှ ပညာရှင်များ နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ပညာရှင်များထံ အသိပေးတင် ပြခဲ့ကြောင်း ၎င်းက ပြောသည်။
ယခုကဲ့သို့ စာရင်းအချက်အလက် အတိအကျထုတ်ပြန်သဖြင့် ပညာရှင် များ၊ ကျောင်း သား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံ သားများအတွက် အကျိုးေ ကျးဇူး များစွာရှိကြောင်း စစ်တမ်းစာအုပ် အဖြစ် ထုတ်ဝေရန် အချိန်ယူေ ဆာင်ရွက်နေကြောင်း စာရင်း ကောက်ယူမှု အသင်းခေါင်းဆောင် ဒေါက်တာ ပွင့်က ပြောကြားသည်။
ပုဂံဒေသရှိ ရှေးဟောင်းအ ဆောက်အအုံများကို သက်ဆိုင် ရာဌာနမှ ပြုပြင် မွမ်းမံခြင်း ဆောင်ရွက်ရာတွင် အဆောက်အအုံများ အပြင် ဒေသတစ်ခုလုံး၏ ရှုခင်း မြင်ကွင်းများကိုပါ ရေရှည်တည် တံ့အောင် ထိန်းသိမ်းသင့်ကြောင်း ဦးဆန်းဦးက အကြံပြုသည်။
၂၀၁၆ ဩဂုတ် ၂၄ ရက်ညနေ ၅ နာရီကျော်က ၆ ဒသမ ၈ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းငလျင်ကြောင့် ဓမ္မရံကြီး၊ ထီးလိုမင်းလို၊ ရွှေဆံတော်၊စူဠာမဏိ၊ အာနန္ဒာ၊ ဂူပြောက်ကြီး၊ ပြာသာဒ်ကြီး၊ ဗူးလည်သီး၊ မြောက်ဂူနီ စသည့်ထင် ရှားသော စေတီပုထိုးများအပါအဝင် စေတီပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးရာ အသေးစားထိခိုက်ပျက်စီးခဲ့သော စေတီပုထိုး ၂၂၄ ဆူကို တစ်နှစ်အ တွင်း ပြန်လည် ပြုပြင်ထိန်းသိမ်း ပြီးစီးခဲ့သည်။
Credit: 7DayDaily