လေရူးသုန်သုန်ဇာတ်ကားကြီးတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဗီဗီယန်လေး ခင်ပွန်းဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာ

လေရူးသုန်သုန်ဇာတ်ကားကြီးတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဗီဗီယန်လေး ခင်ပွန်းဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
6 Sep 2017 11:16 am တွင် တင်ခဲ့သည်
893 ကြိမ် ကြည့်ရှု့ပြီး
လေရူးသုန်သုန်ဇာတ်ကားကြီးတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ အော်စကာ ၂ ဆုရှင်၊ ဗီဗီယန်လေး ခင်ပွန်းဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာကြောင်း ဗြိတိန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်အနောက်တောင်ပိုင်း ဝစ်ရှိုင်းယားခရိုင်တွင် တည်ရှိသည်။ဗီဗီယန်လေးတို့ ဇနီးမောင်နှံသည် အဆိုပါနေအိမ်သို့ မကြာခဏလာရောက်လေ့ရှိပြီး ယင်းနေအိမ်တွင် နေထိုင်ရသည်မှာ ကာလအတန်ကြာ ဆူညံပွက်လောရိုက်ပြီးနောက် ဆိတ်ငြိမ်သည့်ရိပ်မြုံတစ်ခုတွင် ခိုနားခြင်းတစ်မျိုးဖြစ်ကြောင်း ဗီဗီယန်လေးက ပြောကြားခဲ့ဖူးသည်ဟု ဆိုသည်။

ဝစ်ရှိုင်းယားခရိုင်၊ ဇီးစ်ရွာကလေးတွင် တည်ရှိပြီး Manor Farm House ဟု အမည်ပေးထားသည်။
ယင်းနေအိမ်ကို လက်ရှိတွင် ဗီဗီယန်လေး၏ မြေးဖြစ်သူများက ပိုင်ဆိုင်ထားသည်။

၁၇ ရာစုအတွင်း ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး အိပ်ခန်း ၇ ခန်းပါဝင်ကာ လှပသောအလယ်ခေတ်ကျောက်တုံး စပါးကျီများ ခြံနောက်ဘက်တွင် တွေ့ရသည်။

ခြံဝန်းအကျယ်မှာ ၁၅ ဧကရှိပြီး သီးခြားအိမ်ငယ် ၂ လုံးပါဝင်သည့်အပြင် တင်းနစ်ကွင်းတစ်ခုလည်း ပါဝင်သည်။
နေအိမ်အတွင်းတွင် ဧည်ခံခန်းမများ များစွာပါဝင်ပြီး ရေချိုးခန်း ၄ ခန်း ပါဝင်သည်။

ခြံဝန်းအတွင်းရှိ ပန်းဥယျာဉ်များမှာ တစ်ဧက အကျယ်အဝန်းခန့် ပါဝင်ပြီး ငါးကန်တစ်ခုလည်း တွေ့ရသည်။
ခြံဝန်းတစ်ခုလုံးအတွက် ခေါ်ဈေးမှာ ပေါင် ၂ ဒသမ ၆ သန်း ဖြစ်သည်။
ဗီဗီယန်လေး၏ အမည်ရင်းမှာ ဗီဗီယန် မာရီ ဟာ့ထ်လေဖြစ်ပြီး ၁၉၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ဗြိတိသျှတို့ အုပ်စိုးသည့် အိန္ဒိယနိုင်ငံတွင် မွေးဖွားသည်။

ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားချိန် ၁၉၃၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သော လေရူးသုန်သုန်ဇာတ်ကား (Gone with the Wind) တွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရရှိခဲ့သည်။
ဗီဗီယန်လေးသည် ၁၉၅၁ ခုနှစ်တွင် ရိုက်ကူးခဲ့သော Blanche DuBois ဇာတ်ကားတွင်လည်း အော်စကာဆု ထပ်မံရရှိခဲ့သည်။

Gone with the Wind သည် မာဂရက်မစ်ချယ်၏ ကမ္ဘာကျော်ဝတ္ထုကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆရာမြသန်းတင့်က လေရူးသုန်သုန်ဟူသောအမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ရာတွင်လည်း အောင်မြင်မှု များစွာရရှိခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လေရူးသုန်သုန်ဇာတ်ကားကြီးတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဗီဗီယန်လေး ခင်ပွန်းဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေရူးသုန်သုန်ဇာတ်ကားကြီးတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဗီဗီယန်လေး ခင်ပွန်းဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေရူးသုန်သုန်ဇာတ်ကားကြီးတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဗီဗီယန်လေး ခင်ပွန်းဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေရူးသုန်သုန်ဇာတ်ကားကြီးတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဗီဗီယန်လေး ခင်ပွန်းဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေရူးသုန်သုန်ဇာတ်ကားကြီးတွင် စကားလက်အိုဟားရားအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဗီဗီယန်လေး ခင်ပွန်းဖြစ်သူအတွက် ဝယ်ယူပေးခဲ့သည့် အင်္ဂလန်ရှိနေအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service