လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေများကို နှစ်တိုနှစ်ရှည် အနည်းဆုံး သုံးနှစ်မှ ဆယ်နှစ် သက်တမ်းအထိ ထုတ်ချေးသွားမည်

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေများကို နှစ်တိုနှစ်ရှည် အနည်းဆုံး သုံးနှစ်မှ ဆယ်နှစ် သက်တမ်းအထိ ထုတ်ချေးသွားမည် - Property News in Myanmar from iMyanmarHouse.com
6 Sep 2017 9:32 am တွင် တင်ခဲ့သည်
1374 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက်ချေးငွေများကို နှစ်တိုနှစ်ရှည်ထုတ်ချေးသွားမည်ဖြစ်ပြီး အနည်းဆုံးသုံး နှစ်မှဆယ်နှစ်သက်တမ်းအထိ ချေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော အရင်းအနှီးများ ရရှိနိုင်ရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ဆောင်ရွက်လိုသူများအတွက် အသေးစားစက်ကိရိယာဝယ်ယူခြင်းဆိုင်ရာ ချေးငွေများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေခံစီးပွားရေးလုပ်ငန်း ချေးငွေများ စသဖြင့်ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ဆောင်ရွက်လိုသူများအတွက် အသေးစားစက်ကိရိယာဝယ်ယူခြင်းဆိုင်ရာ ချေးငွေများအား နှစ်တိုးချေးငွေအဖြစ်သတ်မှတ်၍ ချေးငွေသက်တမ်းကို သုံးနှစ်အဖြစ်လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေခံစီးပွားရေး လုပ်ငန်းချေးငွေများအား နှစ်ရှည်ချေးငွေအဖြစ်သတ် မှတ်၍ချေးငွေ သက်တမ်းကို ၁ဝ နှစ်အဖြစ်လည်းကောင်း သတ်မှတ်ထုတ်ချေးသွားမည်ဖြစ်ပါသည်။

ယင်းကဲ့သို့ ချေးယူရာတွင် ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်၊ အခြောက်ခံစက်၊ သန့်စင်စက်၊ ထုပ်ပိုးစက်၊ သို လှောင်ရုံ၊ သီးနှံကြိတ်ခွဲစက်များ၊ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်သည့် စက်ရုံများ၊ မွေးမြူရေးခြံ၊ မွေးမြူရေးကန်များ၊ စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများနှင့် ထုတ်ကုန်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်ဦးမျိုးတင့်ထွန်းက''အဓိကကတော့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဖြစ်တယ်။ ချေးငွေလည်းမဆုံးရှုံးအောင် အောင် မြင်မှုလည်းရရှိအောင် သေသေချာချာလုပ်ဆောင်သွားမှာပါ။ စတင် ချေးနိုင်ဖို့အတွက် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေပါတယ်။ ဒီနှစ်ထဲမှာစတင်ပြီး ထုတ်ချေးသွားမှာဖြစ်ပါတယ်။ အခု လောလောဆယ်တော့ ဘယ်လိုလူမျိုးတွေချေးမယ်။ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမယ်ဆိုတာမျိုးကတော့ အခုစတင်လုပ်ဆောင်နေပါတယ်။ အတိုးနှုန်းကလည်း လက်ရှိမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကထုတ်ချေးနေတဲ့ အတိုးနှုန်းလောက်ပဲဖြစ်မှာပါ''ဟု ပြောသည်။ အဆိုပါ ထုတ်ချေးငွေများနှင့်ပတ်သက်ပြီး အသေးစိတ်ကို မကြာ ခင်နိုင်ငံပိုင်သတင်းစာများမှ ကြေညာပေးသွားမည်ဖြစ်ပြီး ချေးငွေယူလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ စက်မှုလယ်ယာစခန်းများတွင် စုံစမ်းနိုင်ကြောင်းသိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service