ဗြိတိန်သရုပ်ဆောင်မင်းသမီး အင်မလီဘလန့်နှင့် ဂျွန်ကရာစင်စကီး နယူးယောက် လေးထပ်တိုက်ကို ကန်ဒေါ်လာ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်

ဗြိတိန်သရုပ်ဆောင်မင်းသမီး အင်မလီဘလန့်နှင့် ဂျွန်ကရာစင်စကီး နယူးယောက် လေးထပ်တိုက်ကို ကန်ဒေါ်လာ ၈ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
5 Sep 2017 11:24 am တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး
လာမည့် ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသမည့် Mary Poppins Returns တွင် Mary Poppin အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် ဗြိတိန်သရုပ်ဆောင်မင်းသမီး အင်မလီဘလန့်နှင့် ခင်ပွန်းဖြစ်သူ အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ ဂျွန်ကရာစင်စကီး တို့သည် နယူးယောက်မြို့ရှိ လေးထပ်တိုက်ကို ကန်ဒေါ်လာ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း
နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။တည်နေရာမှာ နယူးယောက်မြို့ မန်ဟက်တန်၏ အရှေ့တောင်ဘက်၊ ဘရွတ်ကလင်း၏ မြောက်ဘက်ရှိ ဂရင်းပွိုင့်အရပ်တွင် ဖြစ်သည်။

အင်မလီဘလန့်တို့ ဇနီးမောင်နှံသည် အဆိုပါနေအိမ်ကို လွန်ခဲ့သော ဆောင်းတွင်းက ကန်ဒေါ်လာ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၎ လမ်း၊ အမှတ် ၅၈၆ ရှိ ယင်းနေအိမ်တွင် အခန်းပေါင်း ၂၀ ပါဝင်ပြီး အိပ်ခန်း ၇ ခန်း ပါဝင်ကာ Prospect ပန်းခြံနှင့် ခဲတစ်ပစ်စာသာ ကွာဝေးသည်။

ဝယ်ယူထားသည်မှာ တစ်နှစ်ပင် မပြည့်သေးဘဲ ပြန်လည်ရောင်းချရခြင်း၏ အကြောင်းရင်းမှာ နှစ်ဦးလုံး အလုပ်များသောကြောင့် အဆိုပါနေအိမ်တွင် အချိန်ပေးကာ လာရောက်နေထိုင်နိုင်ကြခြင်း မရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

Mary Poppins Returns သည် ၁၉၆၄ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော Mary Poppins ဇာတ်ကား၏ နောက်ဆက်တွဲအဖြစ် ဆက်လက်ရိုက်ကူးထားခြင်း ဖြစ်သည်။

၁၉၀၉ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး ပြင်သစ်ရီနေးဆင်း ရီဗိုက်ဘယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ နံရံမြှုပ်စာအုပ်စင်များ၊ ထင်းသုံးမီးလင်းဖိုများ ပါဝင်သည်။

စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းပေါက်များ တပ်ဆင်ထား သောကြောင့် သဘာဝအလင်းကောင်းမွန်စွာ ရရှိသည်ကို တွေ့ရသည်။

master bedroom မှာ ဒုတိယထပ်တွင် တည်ရှိပြီး တတိယထပ်တွင် အခြားအိပ်ခန်း ၄ ခန်းပါဝင်ပြီး ထိုအထပ်ရှိ ရေချိုးခန်းမှာ ကောင်းကင်အလင်းရရှိစေရန် စီမံထားသည့်အခန်း ဖြစ်သည်။

“ကျွန်တော်တို့ အတည်တကျမနေနိုင်တာ အတော်ကြာပြီ။ ဒါပေမယ့် ဒါမျိုးက စီးပွားရေးလုပ်ငန်းရဲ့ သဘာဝပါပဲ။ ဒီအိမ်ကတော့ စပယ်ရှယ်ပဲ။ အမြဲတမ်းနေနိုင်တဲ့သူမျိုး ဝယ်သင့်တယ်” ဟု ကရာစင်စကီးက ပြောကြားသည်။

အင်မလီဘလန့်တို့ ဇနီးမောင်နှံသည် ၆ လတာကာလအတွင်း ကယ်လီဖိုးနီးယားရှိ အိမ်ခြံမြေ ၃ ခုကို ရောင်းထုတ်ခဲ့ပြီးဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်သရုပ်ဆောင်မင်းသမီး အင်မလီဘလန့်နှင့် ဂျွန်ကရာစင်စကီး နယူးယောက် လေးထပ်တိုက်ကို ကန်ဒေါ်လာ ၈ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service