သြစတေးလျနိုင်ငံတွင် နေအိမ်တစ်လုံးလုံး ဝယ်ယူရန်မလိုဘဲ နေအိမ်၏ အုတ်ခဲတစ်လုံးချင်းစီကို ဝယ်ယူသွားကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ပြီ

သြစတေးလျနိုင်ငံတွင် နေအိမ်တစ်လုံးလုံး ဝယ်ယူရန်မလိုဘဲ နေအိမ်၏ အုတ်ခဲတစ်လုံးချင်းစီကို ဝယ်ယူသွားကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
4 Sep 2017 11:38 am တွင် တင်ခဲ့သည်
1031 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံတောင်ပိုင်း၊ တောင်သြစတေးလျပြည်နယ်၊ စိန့်ပီတာမြို့ တွင် နေအိမ်တစ်လုံးလုံးဝယ်ယူရန်မလိုဘဲ နေအိမ်၏ အုတ်ခဲတစ်လုံးချင်းစီကို ဝယ်ယူသွားကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ပြီဖြစ်သည်။

စိန့်ပီတာမြို့ ရှိ အိပ်ခန်း ၂ ခန်းပါနေအိမ်ဖြင့် အဆိုပါအစီအစဉ်စတင်လိုက်ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတို့သည် သြစတေးလျဒေါ်လာ ၇၄ ဒေါ်လာမှစတင်ပြီး အဆိုပါနေအိမ်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ပြီ ဖြစ်သည်။

စိန့်ပီတာမြို့ ၊ ချာ့ခ်ျလမ်းရှိ ထိုနေအိမ် နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ဒေါ်လာ ၈၂၅၁၀၀ ဖြင့် ဖြစ်သည်။
ယခုအခါ ယင်းနေအိမ်ကို တစ်လုံးလုံးဝယ်ရန်မလိုဘဲ နေအိမ်ကိုဆောက်လုပ်ထားသည့် အုတ်ခဲတစ်လုံးစီ ဝယ်ယူနိုင်မည့် အခွင့်အလမ်းဖြင့် ကမ်းလှမ်းထားပြီး ရင်းနှီးမြှုပ်နှံမည့်သူတို့သည် မိမိတို့ရင်းနှီးထားသည့် ပမာဏအလျောက် ထိုနေအိမ်ငှားခ ခွဲဝေရရှိမည် ဖြစ်သည်။

ယခုစွန့်ဦးလုပ်ငန်းကို ဦးစီးကမကထလုပ်သည်မှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော BrickX မှ ဖြစ်သည်။
BrickX သည် ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့တွင် ပြီးခဲ့သောနှစ်အတွင်း ယခုလုပ်ငန်းကို စတင်အကောင်အထည်ဖော်နေခဲ့ပြီး ဝင်ရောက်ရင်းနှီးမြှုပ်နှံကြသူပေါင်း ၆၅၀၀ ကျော်ရှိသည်။

BrickX ၏ အမှုဆောင်အရာရှိချုပ် အန်သိုနီ မစ်လက်က ပြောကြားရာတွင် စိန့်ပီတာမြို့ နေအိမ်သည် လက်ရှိအားဖြင့် ရက်သတ္တပတ်လျှင် ငှားရမ်းခ ဒေါ်လာ ၅၄၀ ရရှိနေပြီး ယခုစီမံကိန်းဖြင့် ဈေးကွက်သို့ ပို့ဆောင်ပေးမည့် Adelaide မြို့နေအိမ်များတွင် ပထမဆုံးဖြစ်ကြောင်း ပြောကြားသည်။

Adelaide သည် တောင်သြစတေးလျပြည်နယ်၏ မြို့တော်ဖြစ်ပြီး သြစတေးလျနိုင်ငံတွင် ပဉ္စမမြောက် လူဦးရေအထူထပ်ဆုံးမြို့ကြီး ဖြစ်သည်။

BrickX ၏ စွန့်ဦးစီမံကိန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသူတစ်ဦးဖြစ်သည့် မစ္စတာ ကင်နဲလေက ပြောကြားရာတွင် BrickX ၏ ခြေလှမ်းမှာ အလွန်ကောင်းမွန်လှကြောင်း၊ အထူးသဖြင့် လူငယ်များအတွက် အိမ်ခြံမြေဈေးကွက်သို့ ဒေါ်လာအနည်းငယ်မျှဖြင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် အခွင့်အလမ်းဖော်ဆောင်ပေးခြင်းလည်းဖြစ်ကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service