ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ ၁၂၅ သန်း သုံးမည်

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ ၁၂၅ သန်း သုံးမည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2017 11:46 am တွင် တင်ခဲ့သည်
1646 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု ကာကွယ်ရေး အပါအဝင် မြို့ပြဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို အပိုင်းသုံးပိုင်းဖြင့် ခွဲဝေသုံးစွဲရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာမောင်မောင်စိုးက သြဂုတ်လ ၃၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောကြားသည်။

ရန်ကုန်ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်ချေးငွေကို မည်သို့ ခွဲဝေသုံးစွဲမည် ဆိုသော ဆိပ်ကြီးခနောင်တို မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ မေးမြန်းချက်အပေါ် ဒေါက်တာမောင်မောင်စိုးက ဖြေကြားခြင်း ဖြစ်သည်။

“ရန်ကုန်မြို့တော် ရေကြီးရေလျှံမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့ ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ ၁၂၅ သန်းက တကယ်တမ်းဆို နည်းတောင်နည်းနေပါသေးတယ်။ အကုန်ခြုံငုံကြည့်မယ်ဆိုရင် ရေကြီးရေလျှံမှုအတွက် အကုန်သုံးစွဲတာမျိုး မဟုတ်ဘဲ ဒေါ်လာ ၇၇ သန်းသာ သုံးစွဲရမှာပါ။ နိုင်ငံတော်ရဲ့ အကြွေးဖြစ်နေလို့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ စစ်စစ်စေ့စေ့ သုံးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မြို့နယ် ၃၁ မြို့နယ်၌ ရေကြီးရေလျှံမှု ကာကွယ်ရန် ဒေါ်လာ ၇၇ သန်း၊ အဆောက်အအုံ ဘေးကင်းလုံခြုံရန် ဒေါ်လာ ၂၂ သန်းနှင့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံ ရန်ပုံငွေ ထူထောင်ရန် ဒေါ်လာသန်း ၂၀ နှင့် အသိပညာပေးခြင်းနှင့် စီမံကိန်းစီမံခန့်ခွဲရန် ထောက်ပံ့ငွေ ဒေါ်လာတစ်သန်းတို့ကို ခွဲဝေသုံးစွဲရန် စီစဉ်ထားကြောင်း ဆက်လက်ဖြေကြားသည်။

ရေကြီးရေလျှံမှုတွင် ရေစုကန်နှင့် ရေနုတ်မြောင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစီမံချက်အရ မြို့တွင်းခြောက်မြို့နယ် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင် မြို့နယ်များ အနေနှင့် တိုက်ရိုက်အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး ဆက်စပ်မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်မည့် အကျိုးများ ရရှိမည် ဖြစ်ကြောင်း၊ ထို့အပြင် အခြားမြို့နယ်များတွင် ရေကြီးရေလျှံလုပ်ငန်းများ ဖော်ဆောင်ရန် ခြောက်နှစ်စီမံချက် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း ဒေါက်တာမောင်မောင်စိုးက ဆိုသည်။

“ကမ္ဘာ့ဘဏ်ချေးငွေတွေကို ဝန်ကြီးကိုယ်တိုင် ဘယ်လိုသုံးစွဲသွားမယ်ဆိုတာ တိတိကျကျ ရှင်းပြခဲ့တာ မရှိပါဘူး။ ကဏ္ဍအလိုက်ဘဲ အကြမ်းဖျင်း ပြောဆိုသွားတယ်။ ချေးငွေဒေါ်လာ ၁၂၅ သန်း ကုန်သွားမယ်ဆို ပြည်သူလူထုအတွက် ဘယ်လောက်အကျိုးကျေးဇူး ရရှိမယ် ဆိုတာ အရေးကြီးပါတယ်” ဟု လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဖြေကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service