အခွန်ကင်းလွတ်ခွင့် သက်တမ်း တိုးမြှင့်

အခွန်ကင်းလွတ်ခွင့် သက်တမ်း တိုးမြှင့် - Property News in Myanmar from iMyanmarHouse.com
1 Sep 2017 11:22 am တွင် တင်ခဲ့သည်
1193 ကြိမ် ကြည့်ရှု့ပြီး
ဖွံ့ဖြိုးမှု နောက်ကျတဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ များများလုပ်ကြဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက တိုက်တွန်းလိုက် ပါတယ်။
မဖွံ့ဖြိုးသေးတဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံတာတွေ တိုးလုပ်လာမှ အဲဒီ ပြည်နယ်တွေရဲ့ တိုးတက်မှုတွေက ပိုမြင့်လာမှာ ဖြစ်တယ်ဆိုပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ပိုလုပ်လာဖို့ ရည်ရွယ်လျက် DICA လို့ ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက လုပ်ငန်းတွေ အပေါ် ဝင်ငွေနဲ့ ပတ်သတ်တဲ့ အခွန်ကင်းလွတ်ခွင့် သက်တမ်းကို မကြာသေးခင်က တိုးမြှင့်ပေးခဲ့ပါတယ်။

ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့ အခါ ၀င်ငွေခွန် ကင်းလွတ်ခွင့်ကို နိုင်ငံတော်က အားပေး မြှင့်တင်မယ့် ကဏ္ဍတွေမှာဘဲ မြုပ်နှံမှသာ အခုလို အခွင့်အရေးပေးဖို့ သတ်မှတ်ထားပြီး ဥပဒေမှာလည်း ပြဌာန်း ထားတာ ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံတော်က အားပေးတဲ့ ကဏ္ဍမှာ မြုပ်နှံတာလည်း ဖြစ်မယ် ဆိုရင် မြန်မာနိုင်ငံထဲက ပြည်နယ်တိုင်းတွေရဲ့ ဖွံ့ဖြိုးမှု အလိုက် အခွန်ကင်းလွတ်ခွင့် သက်တမ်းကို တိုးပေးမှာ ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ပြောပါတယ်။
ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးတဲ့အခါ ဖွံ့ဖြိုးမှု အနိမ့်အမြင့်အလိုက် ဇုန် ၁ ၊ ဇုန် ၂ ၊ ဇုန် ၃ ရယ်လို့ ခွဲခြား သတ်မှတ်ထားပြီး ဇုန် ၁ ဆိုရင် ဖွံ့ဖြိုးမှု အနည်းဆုံး နေရာမို့ အဲဒီမှာ ရင်းနှီးမြုပ်နှံမယ် ၊ နိုင်ငံတော်က အားပေးတဲ့ ကဏ္ဍ လည်း ဖြစ်မယ် ဆိုရင် ၀င်ငွေခွန် ကင်းလွတ်ခွင့်ကို ၇ နှစ် အထိ ရမှာ ဖြစ်ပါတယ်။
ဇုန်နှစ် ဆိုရင်တော့ ဖွံ့ဖြိုးမှု အထိုက်အလျှောက် ရှိတဲ့ နေရာမို့ အခွန်ကင်းလွတ်ခွင့် ၅ နှစ်ရမှာ ဖြစ်ပြီး ဇုန် သုံး ဆိုရင်တော့ ဖွံ့ဖြိုးပြီး အရပ်မို့ ဥပမာ ရန်ကုန် လို နေရာမျိုးမှာ ဆိုရင် သုံးနှစ် ကင်းလွတ်ခွင့် ရနိုင်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဖို့အတွက် ပြည်နယ်နဲ့တိုင်းဒေသတွေမှာလည်း ဗဟိုချူပ်ကိုင်မှု စနစ်ကို လျော့ချတဲ့အနေနဲ့ လုပ်ပိုင်ခွင့်တွေ ခွဲပေးခဲ့ပြီး ဒေါ်လာငါးသန်းအောက် ရင်းနှီးမြှုပ်နှံသူတွေကို ပြည်နယ် အစိုးရတွေက ခွင့်ပြုပေးနိုင်ခွင့်တွေ ရရှိလာပြီ ဖြစ်ပါတယ်။

အခုလို ခွင့်ပြုပေးခဲ့ပေမယ့် တိုးတက်ဖို့ ဆိုတာက သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း အစိုးရတွေရဲ့ ရုန်းနိုင်အားပေါ် မူတည်တယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

အရင်က ပြည်ထောင်စု အစိုးရကနေ ဗဟိုချုပ်ကိုင်ထားပြီး အဲဒီကနေ အခုအခါ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေကို လွှဲပေးလိုက်တာ ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ဒေသကြီး အစိုးရတွေရဲ့ လက်ထဲမှာ လုပ်ပိုင်ခွင့်တွေ ရောက်လာတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ချင်းပြည်နယ် အနေနဲ့လည်း လက်ရှိမှာ ရုန်းနေရတဲ့ အခြေအနေမှာ ရှိနေပြီး အထူးသဖြင့်တော့ ကဏ္ဍကြီး လေးရပ်ဖြစ်တဲ့ လျှပ်စစ် စွမ်းအား ထုတ်လုပ်ရေး ၊ ခရီးသွား လုပ်ငန်း ၊ အသေးစား လုပ်ငန်းတွေနဲ့ အထူးသဖြင့် မြို့ပြ ဖွံ့ဖြိုးရေး တို့မှာ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ အတွက် မြန်မာအစိုးရဘက်က ဖြေလျော့မှုတွေ လုပ်ပေမဲ့ တကယ်တမ်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ဆိုရင် နယ်စပ်ပြဿနာ ၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှု နဲ့ အဲဒီ ဒေသတွေက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရဦးမယ်လို့ ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

Credit: BBC

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service