ပြည်တွင်းငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေဖြင့် ပေးချေရန် ဆောင်ရွက်မည်

ပြည်တွင်းငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေဖြင့် ပေးချေရန် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2017 10:52 am တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ဒေါ်လာငွေလဲနှုန်း တည်ငြိမ်စေရေးအတွက် ပြည်တွင်းငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေနဲ့ ပေးချေရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းဒေသကြီးတွေကို အကြောင်းကြားထားတယ်လို့ သြဂုတ် ၂၈ ရက် အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။

ကရင်ပြည်နယ် မဲဆန္ဒနယ်က ဒေါ်နန်းနီနီအေးရဲ့ မြန်မာ့ငွေကြေး အားကောင်းလာစေဖို့ နယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနဲ့ တမူး စတဲ့ နယ်စပ်မြို့တွေမှာ တဘက်နိုင်ငံသုံးငွေကြေးအစား မြန်မာကျပ်ငွေသုံးစွဲရေး ဗဟိုဘဏ်က ဘယ်လို စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။

“လိုက်နာဆောင်ရွက်ခြင်းမရှိရင် မည်သို့အရေးယူဆောင်ရွက်မယ်၊ မည်သည့်ကာလကစပြီး လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်မယ် ဆိုတာတွေကို ပြည်သူလူထုကို အသိပေးပြီး ပညာပေးကာလတခုသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” လို့ ဦးဘိုဘိုငယ်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ ဗဟိုဘဏ်အနေနဲ့ Dollarization မဖြစ်စေဖို့အတွက် မူဝါဒအားဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအားလုံးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

“နိုင်ငံရဲ့ ငွေကြေးတန်ဖိုး မြင့်မားလာစေဖို့နဲ့ Dollarization မဖြစ်စေဖို့ အဓိကထားပြီး ပြည်တွင်းငွေပေးချေမှု အားလုံးကို မြန်မာကျပ်ငွေနဲ့ပဲ ပေးချေဖို့ ကိစ္စအပေါ် အရေးယူ ဆောင်ရွက်မယ့် အစီအစဉ်တွေ ချမှတ်ပြီး ပြည်သူလူထုကို ကြိုတင်အသိပေးတာ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သူတို့နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို အရေးယူဆောင်ရွက်တာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက သက်ဆိုင်ရာဒေသတွင်း အရေးယူ ဆောင်ရွက်တာတွေ စသဖြင့် ပူးပေါင်းဆောင်ရွက်တာတွေ ဆောင်ရွက်ဖို့ စီမံထားပါတယ်” လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံသုံးဘတ်ငွေကို ငွေလဲကောင်တာတွေမှာ ကျပ်ငွေနဲ့ လဲလှယ်သုံးဖို့ ခွင့်ပြုထားပြီးဖြစ်ပေမယ့် ဘတ်ငွေကို ပြည်တွင်းမှာသုံးရင် အရေးယူဆောင်ရွက်မယ့် အမိန့်တွေ ထုတ်ပြန်ပြီး ပြည်တွင်းမှာ ဘတ်ငွေသုံးစွဲရင် အရေးယူဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ တရုတ်နယ်စပ်ဒေသတွေမှာ တရုတ်ယွမ်မင်ဘီငွေကြေးနဲ့ အိန္ဒိယရူပီးငွေတွေကို ငွေလဲကောင်တာတွေမှာ တရားဝင် ဝယ်ယူရောင်းချ လဲလှယ်နိုင်ခွင့်ပြုဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ငွေလဲကောင်တာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လကုန်ပိုင်းထိ ငွေလဲကောင်တာ ၁၃၄၅ ခု ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Credit: DVB

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service