အင်ဂျင်နီယာ ၃,ဝဝဝ ခန့်သာ ကောင်စီအသိအမှတ်ပြုလိုင်စင် ရရှိသေး

အင်ဂျင်နီယာ ၃,ဝဝဝ ခန့်သာ ကောင်စီအသိအမှတ်ပြုလိုင်စင် ရရှိသေး - Property News in Myanmar from iMyanmarHouse.com
31 Aug 2017 11:38 am တွင် တင်ခဲ့သည်
3056 ကြိမ် ကြည့်ရှု့ပြီး
လွန်ခဲ့သော လေးနှစ်ကပြဠာန်းလိုက်သည့် အင်ဂျင်နီယာ ကောင်စီ ဥပဒေ အရ မြန်မာအင်ဂျင်နီယာများသည် ဘွဲ့လက်မှတ်ရှိရုံဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် မရတော့ဘဲ ကောင်စီမှ ထုတ်ပေးသော လိုင်စင်လက်မှတ်ရှိမှသာ လုပ်ကိုင် ခွင့် ရှိမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ ထိုလိုင်စင်ရရှိသူမှာ အင်ဂျင်နီ ယာ ၃,ဝဝဝ ခန့်သာ ရှိသေးကြောင်း ကောင်စီမှ သိရသည်။

အင်ဂျင်နီယာကောင်စီမှ ထုတ်ပေး သော လိုင်စင်ကိုင်ဆောင်ခြင်းမရှိဘဲ လုပ်ငန်းများ လုပ်ကိုင်ပါက အရေးယူခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီဥက္ကဠဟောင်း ဦးဝင်းမြင့်က ရှင်းပြသည်။

တခြားတစ်ဖက်တွင်မူ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်ဆန်းပိုင်းက ယင်းပြဠာန်းချက် စတင်အသက်ဝင်စဉ်တွင် အင်ဂျင်နီယာအသိုင်းအဝိုင်းက ဝိုင်းဝန်းဝေဖန်မှုများ ရှိခဲ့ပြီး ကနဦးတွင် ကောင်စီမှ လိုင်စင်ရရှိရန် လာရောက်လျှောက်ထားသည့် ဦးရေလည်း လွန်စွာနည်းပါးခဲ့သည်။

သို့သော် ယခုနှစ်တွင်မူ လျှောက်ထားသူ သုံးဆခန့်ပိုမိုများပြား လာပြီဖြစ် သည် ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ ဒုဥက္ကဠ ဦးလင်းက ပြောသည်။

ကောင်စီထံမှ လိုင်စင်လျှောက်ထားသူသည် စာမေးပွဲများ ပြန်လည် ဖြေဆို ရပြီး၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများလည်း တက်ရောက်ရသဖြင့် အချိန်ပေး ရသည်ကို အင်ဂျင်နီယာများက မလိုလားကြခြင်းဖြစ်သလို၊ ယခင်က မြို့တော် စည်ပင်ကလည်း လိုင်စင်ထုတ်ပေးသဖြင့် နှစ်ခါပြန် လိုင်စင်လျှောက်ထားရ သည်ကိုလည်း သူတို့က ဝေဖန်ခဲ့ကြသည်။

ယခုအခါ မြို့တော်စည်ပင်က လိုင်စင် ထုတ်မပေးတော့ဘဲ ကောင်စီကသာ လိုင်စင်ထုတ်ပေးတော့သည်။

ထိုသို့ထုတ်ပေးရာတွင်လည်း အင်ဂျင်နီယာများ၏ လုပ်သက်နှင့် အဆင့် အ တန်းများကို ခွဲခြားကာ တည်ဆောက်နိုင်သော အဆောက်အအုံအမျိုးအစား များကိုလည်း ခွဲခြားပေးသွားမည်ဖြစ်ကြောင်း ဦးလင်းက ရှင်းပြသည်။

ထို့ပြင် ကောင်းကျိုးအနေဖြင့် ကောင်စီမှ အင်ဂျင်နီယာများကို ပေးအပ်သော အသိအမှတ်ပြုလက်မှတ်များကို အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅ဝ ပါဝင်သော The Federation of Engineering Institutes of Asia and the Pacific (FEIAP) မှလည်း အသိအမှတ်ပြု လက်ခံပေးသွားမည်ဖြစ်ကြောင်းေ ကာင်စီမှ သိရသည်။

မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ မည်မျှရှိသည်ကို တရားဝင် ကိန်းဂဏန်း အတိ အကျကို မသိရသော်လည်း အင်ဂျင်နီယာအသိုင်းအဝိုင်းက တစ်နိုင်ငံလုံးတွင် စုစုပေါင်းအင်ဂျင်နီယာတစ်သိန်းကျော်ရှိသည်ဟုဆိုထားရာ လက်ရှိတွင် သုံး ရာခိုင်နှုန်းခန့်သာ ကောင်စီထံမှလက်မှတ်ရရှိထားခြင်းဖြစ်သည်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဓာတုဗေဒအင်ဂျင်နီယာအထူးပြုဖြင့် မဟာ ဘွဲ့ရရှိပြီးသူ မခြူးခြူးမေနိုင်က ''တက္ကသိုလ်မှာ အင်ဂျင်နီယာနဲ့ပတ်သက် တာတွေ အားလုံးလေ့လာပြီးဖြစ်ပေမဲ့ လိုင်စင်ရအောင် တချို့ဟောပြော ပွဲတွေ ပြန်တက်ရတာ အချိန်ကုန်လို့ သိပ်တော့သဘောမကျပါဘူး''ဟု ပြော သည်။

သို့သော်လည်း ''ဒါပေမဲ့ ကောင်စီကလည်း လိုင်စင်ထုတ်ပေးဖို့ စာရွက်စာ တမ်းတွေ လိုအပ်ချက်တွေ၊ ကုန်ကျစရိတ်တွေ အများကြီးလျှော့ပေါ့ပြီး ဆောင် ရွက်ပေးနေတော့ ကောင်စီကနေ အသိအမှတ်ပြုလိုင်စင် ထုတ်ရလွယ်လို့ လိုင်စင်တော့ လျှောက်ထားပါတယ်''ဟု သူက ဆက်ပြောသည်။

လိုင်စင်အမျိုးအစားအလိုက် လက်မှတ်ရသူဦးရေအား အတိအကျဆိုရပါမူ ယခုလအထိ အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်လက်မှတ်ရသူ ၃ဝ၁ ဦး၊ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်လက်မှတ်ရသူ ၆၆၅ ဦး၊ မှတ်ပုံတင် ကန့်သတ် အင်ဂျင်နီယာ ပညာရှင်လက်မှတ်ရသူ ၁ဝ ဦး၊ မှတ်ပုံတင်အကြီး တန်း အင်ဂျင်နီယာလက်မှတ်ရသူ ၁,၉၂၇ ဦးနှင့် ကုမ္ပဏီအဆင့်သတ်မှတ် ချက် အသိအမှတ်ပြုလက်မှတ်ရသူ ၅၁ ဦး ရှိပြီဖြစ်ကြောင်း ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service