အနောက်တောင်မြို့သစ်စီမံကိန်း ဖော်ဆောင်မည့်နေရာတွင်
ရှိနေသော လယ်မြေပိုင်ရှင်များအနေဖြင့်ငါးရက်အတွင်းသက်ဆိုင်ရာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် နာမည်စာရင်းလာပေးရန် ကြေညာထားကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြည်မြန်မာသတင်းဂျာနယ်သို့ ပြောကြားသည်။
ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်း တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင် တိုမြို့နယ်တို့ရှိ လယ်မြေဧက သုံးသောင်း ခန့်တွင်ပြုလုပ်မည့် မြို့သစ်စီမံကိန်းမှာ မကြာခင်တွင် အကောင်ထည်ဖော်မည်ဖြစ် သောကြောင့် လယ်မြေစာရင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကောက်ယူခိုင်း ထားခြင်းဖြစ်ကြောင်း သိရသည်။
''စီမံကိန်းထဲမှာပါတဲ့ လယ်မြေစာ ရင်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ကောက်ယူခိုင်းထားတယ်။ အုပ်ချုပ်ရေး ပိုင်းမှာတော့ လယ်မြေစာရင်းရှိပေမယ့် လယ်မြေအချို့က ဒေသခံလယ်သမားပိုင် မဟုတ်တော့ဘူး။ အခြားသူကို ရောင်းချ ထားတာတွေရှိတဲ့အတွက် ဒီပိုင်ရှင်တွေကို မသိကြဘူး။ ဘယ်နေရာမှာရှိလဲ မသိကြ ဘူး။ ဒါကြောင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးတွေမှာ စာရင်းလာ ပေးဖို့ ကြေညာတာပါ''ဟု
ဒေါက်တာ ကျော်ဇင်ဦးက ပြောသည်။
မြို့သစ်စီမံကိန်းပြုလုပ်ရန် လယ်မြေ ပိုင်ရှင်များစာရင်းကိုသာ
ကောက်ယူခိုင်း ထားခြင်းဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာမြေ များ ပါဝင်ခြင်းမရှိကြောင်းနှင့် လယ်မြေ ပိုင်ရှင်သတ်မှတ်ရာ အထောက်အထား
အ ဖြစ် လယ်မြေပိုင်ဆိုင်ကြောင်း ပုံစံ(၇)သို့ မဟုတ် ပြေစာ စာရွက်ပြရန်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြို့သစ်စီမံကိန်းကို လာမည့် နွေရာသီတွင် စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး စီမံကိန်းအတွက် အသုံးပြုရ မည့် လယ်မြေများအတွက် မြို့မြေသတ် မှတ်ထားသည့် မြေ ၂၀ ရာခိုင်နှုန်း ပြန် လည်ပေးမည်ဖြစ်ကြောင်း သိရသည်။
Credit: Pyi Myanmar