ရန်ကုန်မြို့သစ် စီမံကိန်းကို တည်ဆဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပြောကြား

ရန်ကုန်မြို့သစ် စီမံကိန်းကို တည်ဆဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပြောကြား - Property News in Myanmar from iMyanmarHouse.com
29 Aug 2017 11:49 am တွင် တင်ခဲ့သည်
1772 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ် စီမံကိန်းကို တည်ဆဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် စီမံကိန်း အကောင်အထည်ဖော်မည့် မြေများသည် ငွေဖြူများဖြင့် ၀ယ်ယူ ပိုင်ဆိုင်ကြောင်း သက်သေပြပြီးမှ ဆက်လက် လုပ်ဆောင်သင့်ဟု ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်း က ပြောကြားသည်။

“တည်ဆဲ ဥပဒေနဲ့အညီ လုပ်ပါ။ အခွန်ဆောင်ပါ။ ငွေဖြူ ဖြစ်ကြောင်းပြပါ။ ဒီမြေဧက သုံးသောင်းကို ပိုင်ဆိုင်သော သူများသည် သူတို့သည် ဒီမြေများ ကို ငွေဖြူများနဲ့ ၀ယ်ယူပြီး ပိုင်ဆိုင်ခဲ့တာ ဖြစ်ကြောင်း သက်သေပြပြီးမှသာ လျှင် ဒီစီမံကိန်းကို ဆက်လုပ်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို လုပ်ရာေ ရာက်မယ်။ မဟုတ်လို့ရှိရင် အစိုးရကိုယ်တိုင်ကိုက ဒီစီမံကိန်းကို အကောင် အထည်ဖော်မယ့် လူနည်းစုက တည်ဆဲ ဥပဒေကို ချိုးဖောက်ပြီး စတင်ေ ဆာင်ရွက်တာ ဖြစ်တဲ့အတွက်ကြောင့် နောင်မှာ အဲဒီလို လုပ်ရပ်တွေ အများ ကြီးပေါ်လာလိမ့်မယ်။ဒါကို အစိုးရအနေနဲ့ လုံးဝ အားမပေးသင့်ဘူး။ အစိုးရ ကိုယ်တိုင် ဒီစီမံကိန်းမှာ ဥပဒေချိုးဖောက်သူ မဖြစ်အောင် သတိထားရမယ်” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေက ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက် ပြီးတော့ ဖွဲ့စည်းကြတဲ့ ကိစ္စတွေ၊ လုပ်ကိုင်ကြတဲ့ ကိစ္စတွေ၊ ဆောင်ရွက် ပုံတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက သေသေချာချာ သိမနေဘူး ဖြစ်နေတယ်။ အဲ့ဒါကို ကြည့်ခြင်းကိုက အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြောထားတဲ့ စီမံကိန်းတွေ လုပ်ရင် လွှတ်တော်မှာ တင်ပြ ပြီး လုပ်ရမယ် ဆိုတာကို ပျက်ကွက်နေတယ်။ အဲဒီပြဋ္ဌာန်းချက်ကို ချိုးဖောက်ေ နတယ်လို့ ပြောရမှာ ဖြစ်နေတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြား သည်။

“လွှတ်တော်ကော၊ အစိုးရကောက သဘောပေါက် လွဲနေတာက မြို့သစ် စီမံကိန်းကို ပြီးခဲ့တဲ့ လွှတ်တော်က အတည်ပြုခဲ့တာပဲလေ။ အဲဒီလို ယေဘု ယျဆန်ဆန် လုပ်နေတာ တွေ့ရတယ်။ပြီးခဲ့တဲ့ အစိုးရက လွှတ်တော်မှာ သဘောတူခဲ့တာ မှန်တယ်။ အကောင်အထည်ဖော်ဖို့ကို ၀န်ကြီးချုပ် ကိုယ် တိုင်ကိုယ်က တွန့်ဆုတ်တဲ့အတွက်ကြောင့် အကောင်အထည် မဖော်ဖြစ် ခဲ့ဘူးဆိုတာကို သဘောပေါက်သင့်တယ်။ ဘာကြောင့် ပြီးခဲ့တဲ့ အစိုးရက သူ့ သက်တမ်း ရှိနေစဉ်မှာ ဒါကို ဘာ့ကြောင့် မလုပ်နိုင်ခဲ့တာလဲ ဆိုတာ ပြန်ပြီးေ တာ့ ဖော်ထုတ်သင့်တယ်”ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို စတင်ပြီး အကောင်အထည် ဖော်ရာတွင် အေ နာက်တောင် မြို့သစ်စီမံကိန်း ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဆိပ်ကြီးခေ နာင်တို၊ ကြည်မြင်တိုင်မှစပြီး မြို့နယ် သုံးမြို့နယ်နဲ့ စပြီးအကောင် အ ထည် ဖော်ရာတွင် ၆၄ ဘီလျံကို ယခုမြို့သစ် စီမံကိန်းတွင် ရန်ကုန် တိုင်းဒေ သကြီး အစိုးဘက်အခြမ်း ရင်းနှီးမြှုပ်နှံရန် ထည့်သွင်းမည်ဖြစ်ကြောင်း သိရ သည်။

“ဒီစီမံကိန်းကို အကောင်အထည် ဖော်မယ်ဆိုရင် ဒီမြေတွေ၊ မြေဧက သုံးေ သာင်းဆိုတဲ့ မြေတွေက တရားဝင်ပစ္စည်း ဖြစ်ရမယ်။ ဥပဒေနဲ့ အညီ အခွန်ေ ဆာင်တာ ဖြစ်ရမယ်။ အဲဒီမြေကို စာရွက်စာတမ်း ပိုင်းကတော့ တရား ၀င်ဖြစ်အောင် လုပ်ထားတာ ရှိတာပေါ့။ အဲ့ဒီ မြေပိုင်ဆိုင်မှုရဲ့ရာခိုင်နှုန်း ၃၀ အခွန်မဆောင်ပဲနဲ့ လူနည်းစုတစ်စုကို လုပ်ပေးလိုက်မယ်ဆိုရင် အစိုးရပါ ဥပဒေချိုးဖောက်သူထဲမှာ ရောပါသွားမှာ ဖြစ်တယ်။အစိုးရကိုယ်တိုင်က ဒီစီမံကိန်းကို အကောင်အထည် ဖော်လို့ရှိရင် ဥပဒေနဲ့ ညီတယ်လို့ ထင် တယ်။ အစိုးရကိုယ်တိုင်က တွေးနေတယ်။ အစိုးရက ဥပဒေအထက်မှာ မရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။

မြို့သစ်စီမံကိန်း အကောင်အထည် ဖော်သည့်အခါတွင် အဓိကအားဖြင့် အများပိုင်ကုမ္ပဏီ တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအောက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ တစ်ဖက်က ပါဝင်တဲ့အဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် စဖွဲ့ခဲ့သည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ၃၀၀၀ ကျော်ရှိသည့် မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ၏ စီးပွားရေးလုပ်ငန်း MCDP (Myanmar Construction Development Public Co.,Ltd) ဖြစ်ကြောင်း၊ MCDP နှင့် ရန်ကုန်တိုင်းေ ဒသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီ Myanmar Metropolitan Public Co.,Ltd ထပ်မံဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် စတင်ဖွဲ့ စည်းခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်း၊ MCDB ကတော့ ၄၉ ရာခိုင်နှုန်း ပါကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ တွင် ရှင်းလင်းဆွေးနွေး ခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရက RE ထဲမှာ ချပေးထားတဲ့ မြို့ပြအိမ် ရာများ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံဖို့အတွက် ၄၆ ဘီလျံကို ထည့်သွင်း ရင်းနှီးမြှုပ်နှံ ထားရှိပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းကို ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုခဲ့ပြီး လုပ်ငန်း တည်ဆောက်မည့်သူ Developer သုံးဦးတို့နဲ့ ၂၀၁၆ ခုနှစ် မတ်လအတွင်း စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော်မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ အကောင်း ဆုံးနဲ့ အဖြစ်သင့်ဆုံး ပုံသဏ္ဍန်ကို ရွေးချယ်ဆောင်ရွက်လျက် ရှိပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service