ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် အေပက်ဇ်ကုမ္ပဏီကဖူးခက်နှင့် ပတ္တယားတို့တွင် ဘတ်ငွေ ၆ ဒသမ ၂၅ ဘီလီယံခန့် သုံးစွဲကာ ဟိုတယ်နှင့် ဈေးဝယ်ပလာဇာများ ဆောက်လုပ်မည်

ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် အေပက်ဇ်ကုမ္ပဏီကဖူးခက်နှင့် ပတ္တယားတို့တွင် ဘတ်ငွေ ၆ ဒသမ ၂၅ ဘီလီယံခန့် သုံးစွဲကာ ဟိုတယ်နှင့် ဈေးဝယ်ပလာဇာများ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
29 Aug 2017 10:57 am တွင် တင်ခဲ့သည်
1295 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းစတော့အိတ်ချိန်း (SET) စာရင်းဝင် အေပက်ဇ်ဖွံ့ဖြိုးရေးကုမ္ပဏီသည် ဖူးခက်နှင့် ပတ္တယားတို့တွင် ဘတ်ငွေ ၆ ဒသမ ၂၅ ဘီလီယံခန့် သုံးစွဲကာ ဟိုတယ်နှင့် ဈေးဝယ်ပလာဇာများ ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဖူးခက်တွင် ဟိုတယ်သုံးလုံးနှင့် ပလာဇာတစ်ခု၊ ပတ္တယားတွင် ဟိုတယ်တစ် လုံး ဆောက်လုပ်သွားမည်ဟု ဆိုသည်။ ထို့အပြင် ဖူးခက်၊ ပတ္တယားနှင့် ဘန်ကောက်တို့တွင် ၂၀၁၇-၁၈ ကာလအတွင်းဘတ်ငွေ ၇ ဒသမ ၃၂ ဘီလီ ယံ သုံးစွဲကာ လူနေအဆောက်အအုံ စီမံကိန်း ၄ ခုအကောင်အထည်ဖော် ရန်လည်း သုံးသပ်လျက် ရှိသည်။

အေပက်ဇ်၏ အမှုဆောင်အရာရှိချုပ် ပွန်ဖန် ဆမ်ပါဝါကုက ပြောကြားရာတွင် “ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက အားကောင်းနေပြီး အိမ်ခြံမြေဈေးကွက်က ယိုင်နေတယ်။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အားကောင်းမှုကြောင့် ဟိုတယ်နဲ့ အပန်းဖြေအိမ်တွေရဲ့ တန်ဖိုးကလည်း မြင့်တက်လာလိမ့်မှာ ဖြစ် ပါတယ်” ဟုဆိုသည်။

လူနေအိမ်ယာစီမံကိန်း ၄ ခု အကောင်အထည်ဖော်ပါက အငှားအစီ အ စဉ် ဖော်ဆောင်ပေးသွားမည်ဟု ဆိုသည်။အေပက်ဇ်သည် ယခုနှစ် မတ်လ ၂၇ ရက်တွင် ထိုင်းစတော့အိတ်ချိန်း၌ ရှယ်ယာများ ပြန်လည်ရောင်းချခွင့် ရခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံရေး စီမံကိန်းများ ပြန်လည် စတင်လာခြင်း လည်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်တွင် စတင်ကာ စတော့အိတ်ချိန်းစာရင်းဝင်ခဲ့သော အေ ပက်ဇ်သည် ၂၀၀၀ ပြည့်နှစ်တွင် ဒေဝါလီတရားရုံး၏ အမိန့်အရ စီးပွားေ ရး ပြန်လည် ထူထောင်မှု အစီအစဉ်သို့ ကျရောက်ခဲ့ရသည်။ ယင်းေ နာက် ပြန်လည် ထူထောင်ရေးအစီအစဉ်ပြီး ဆုံးသွားချိန်တွင် ဒေဝါလီ တရား ရုံးက ကုမ္ပဏီကို ပြန်လည် ထူထောင်ရေးအဆင့်မှ ပယ်ဖျက်ပေးလိုက်ခြင်ြး ဖစ်သည်။

ယင်းနောက်ပိုင်းရှယ်ယာများကိုထုတ်ရောင်းခဲ့သောကြောင့် မူလအရင်းအနှီး ဘတ်ငွေ ၂ ဒသမ ၁၄ ဘီလီယံသာရှိခဲ့ရာမှ ၁၃ ဘီလီယံအထိရောက်ရှိလာခဲ့ သည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများအနက် ယခုနှစ်အတွင်း ဖူးခက် တွင် ဟိုတယ် ၂ လုံးနှင့် ပတ္တယားတွင် ဟိုတယ်တစ်လုံး ဆောက်လုပ်ရန်အ တွက် ဘတ်ငွေ ၅ ဒသမ ၂၅ ဘီလီယံသုံးစွဲသွားမည်ဟု မစ္စတာပွန်ဖန်က
ပြောကြား သည်။

ကျန်သည့် တစ်ဘီလီယံကိုလာမည့်နှစ်တွင် Patong Beachတွင် ဟိုတယ် တစ်လုံးနှင့် ပလာဇာတစ်ခုဆောက်လုပ်ရာတွင် အသုံးပြုသွားမည် ဖြစ်သည်။
အေပက်ဇ်၏ရှယ်ယာတန်ဖိုးမှာ ပြီးခဲ့သောသောကြာနေ့ညနေစာရင်းပိတ်ချိန်မှတ်တမ်းအရရှယ်ယာတစ်စုလျှင် ၀ ဒသမ ၄၁ ဘတ်ဈေးပေါက်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် အေပက်ဇ်ကုမ္ပဏီကဖူးခက်နှင့် ပတ္တယားတို့တွင် ဘတ်ငွေ ၆ ဒသမ ၂၅ ဘီလီယံခန့် သုံးစွဲကာ ဟိုတယ်နှင့် ဈေးဝယ်ပလာဇာများ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service